
အီတလီနိုင်ငံ Pisa တက္ကသိုလ်မှ သုတေသီများ၏ လေ့လာတွေ့ရှိချက်အရ မွှေးကြိုင်သည့် အပင်အမျိုးအစားဖြစ်သော Rosemary (Scientific name:Rosmarinus)သည် ကင်ဆာရောဂါ ကာကွယ်နိုင်စွမ်းရှိပြီး ကင်ဆာရောဂါကုသသည့် Adjuvant အဖြစ်အသုံးပြုနိုင်ကြောင်း သိရှိရ သည်။ ထိုတွေ့ရှိချက်ကို ၂၀၁၆ခုနစ် မေလ တွင် နိုင်ငံ တကာဂျာနယ်တစ်ခုဖြစ်သည့် “ ဇီဝဓာတု ဗေဒနှင့် ဆဲလ်ဇီဝဗေဒ” တွင်ဖော်ပြခဲ့ကြောင်း သိရပါသည်။

Rosemaryသည် မြေထဲပင်လယ်ဒေသအစားအစာများတွင် အသုံးပြုလေ့ရှိသော ဟင်းခတ် အပင်တစ်မျိုးဖြစ်သည်။ Rosemary တွင် ပါဝင်သော Compound အစိတ်အပိုင်း Carnosol သည် ပရိုတိန်းဓာတ် P53 ကို ပြန်လည်ရှင်သန်စေနိုင်သည်။ ပရိုတိန်းဓာတ် P53 သည် အလွန် အရေးကြီးသော ကင်ဆာအကျိတ်များကို နှိမ်နှင်းနိုင်သည် ပရိုတိန်းဓာတ်ဖြစ်ပြီး လူ့ခန္ဓာ ကိုယ် အတွင်းရှိ ကင်ဆာဆဲလ် ၅၀%၏ ပျံ့နှံ့မှုကို ထိန်းသိမ်းထား နိုင်ကြောင်း Pisa တက္ကသိုလ် သုတေသီ တစ်ဦးမှ တွေ့ရှိခဲ့ပါသည်။
ထိုလေ့လာတွေ့ရှိချက်သည် Rosemary အတွင်းရှိ Carnosol သည် Glioblastoma အကျိတ်ဆဲလ်ကလပ်စည်းထဲမှ ကင်ဆာဆဲလ်ဖြစ်ပွားမှုကို ထိန်းသိမ်းထားနိုင်ကြောင်း ပထမဆုံး အကြိမ်အဖြစ် အတည်ပြုနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို ကင်ဆာ ဆဲလ်သည် ဦးနှောက် အကျိတ်ကင်ဆာအထဲတွင် တိုက်ခိုက်မှု အပြင်းထန်ဆုံး၊ သေဆုံးမှုနှုန်းအမြင့်မားဆုံးဖြစ်သည့် အကျိတ်ဆဲလ်တစ်မျိုးဖြစ်ကြောင်း သိရပါသည်။ အဆိုပါတွေ့ရှိချက်သည် ကျန်းမာရေးနှင့် ဆေးဝါး ထုတ်လုပ်မှုပိုင်း၏ မော်လီကျူးလေ့လာမှုအတွက် အရေးပါသော ကြီးမားသောအကျိုးသက်ရောက် မှုများဖြင့် အမှန်တကယ်အကျိုးပြုနိုင်တော့မည်ဖြစ်ကြောင်း သိရပါသည်။
(1nongjing.com စီးပွားရေးသတင်းမှ ကောက်နှုတ်ဖော်ပြသည်)
德宏网(dohong.gov.cn)
联系电话:0692-2111018