Myanmar မှာ ဝက်ဆိုက်
အာလူးသည် တရုတ်နိုင်ငံ၏ အဓိကစားသောက်ကုန်ဖြစ်လာ

  မကြာမီရက်ပိုင်းက တရုတ်နိုင်ငံစိုက်ပျိုးရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော "အာလူးစိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ရေးလမ်းညွှန်"တွင် ၂၀၂၀ခုနှစ်တွင် တရုတ်နိုင်ငံ၏ အာလူးစိုက်ပျိုးရေးလယ်ယာမြေဧကမှာ (၁၀)သန်းအထက်ရှိမည့်အပြင် အဓိကစားသောက်ကုန်အဖြစ် အချောကိုင်နိုင်သည့် အမျိုးအစားသည် စုစုပေါင်း စိုက်ပျိုးမှု၏ (၃၀%)ရှိပြီး အဓိကအစားအစာ စားသုံးမှုမှာ အာလူးပမာဏ၏ (၃၀%)ဖြစ်ကြောင်း သိရသည်။ တရုတ်နိုင်ငံ စိုက်ပျိုးရေးနည်းပညာဌာန ဌာနမှူးက "အာလူးကို အဓိကအစားအစာအဖြစ် မြှင့်တင်ခြင်းဆိုသည်မှာ အာလူးကို တိုက်ရိုက်စားသုံးစေခြင်းမဟုတ်ကြောင်း"ရှင်းလင်းပြောပြခဲ့သည်။ အာလူးကို အဓိကစားသောက်ကုန်အဖြစ် မြှင့်တင် လိုက်ခြင်းသည် အာလူးကိုအခြေခံကာ တရုတ်ပြည်သူပြည်သားများစားသုံးလေ့ရှိသော မန်ထို၊ ခေါက်ဆွဲ၊ ဆန်မှုန့် စသည်ဖြင့် ပြောင်းလဲထုတ်လုပ်ကာ အာလူးကို တွဲဘက်အစားအစာမှ အဓိကအစားအစာအဖြစ်သို့ ပြောင်းလဲ စားသုံးခြင်း၊ ကုန်ကြမ်းမှ ကုန်ချော အဖြစ် ပြောင်းလဲထုတ်လုပ်ခြင်း၊ ရိုးရိုးစားနပ်ရိက္ခာမှ အာဟာရပြည့်ဝသော အစားအစာအဖြစ် ပြောင်းလဲထုတ်လုပ်ခြင်းကို ဆိုလိုကြောင်း သိရသည်။

  လူနေမှုနှင့်စားသုံးမှုအဆင့်အတန်းများ တဖြည်းဖြည်းမြှင့်တက်လာသည်နှင့်အမျှ ကျန်းမာပြီး အာဟာရပြည့်ဝ သော အစားအစာများကို ရွေးချယ်စားသုံးလာကြရာ စိုက်ပျိုးရေးဈေးကွက်ဖွဲ့စည်းပုံနှင့်နှိုင်းယှဉ်ကြည့်သော် ရိုးရှင်း လှသည်။ထို့ကြောင့် အာလူးကိုအဓိကစားသောက်ကုန်အဖြစ် ပြောင်းလဲ မြှင့်တင်လိုက်ခြင်းအားဖြင့် လယ်ယာလုပ်ငန်း လိုအပ်ချက်နှင့်ဝယ်လိုအားများကိုလည်း ထိရောက်စွာတွန်းအားပေး မြှင့်တင်ဆောင်ရွက်ပေးနိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

  ထို့ပြင် အာလူးကို အဓိကအစားအစာအဖြစ်မြှင့်တင်ပေးလိုက်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင်အရင်းအမြစ်အတွက် ဖိအားလျော့နည်းစေနိုင်မည့်အပြင် လယ်ယာလုပ်ငန်းဆက်လက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်နိုင် မည်ဖြစ်သည်။ အာလူးမှာ အအေးဒဏ်၊ မိုးခေါင်ရေရှားဒဏ်၊ မြေသြဇာညံ့ဖျင်းခြင်းဒဏ်များကို ခံနိုင်ရည်ရှိသောကြောင့် စိုက်ပျိုးရာတွင်လည်း လွယ်ကူကြီးထွားကြောင်း သိရသည်။

  (တရုတ်ပြည်သူ့နေ့စဉ်သတင်းစာမှ ကောက်နုတ် ဖော်ပြသည်။)

新闻推荐