Light Sensitive Foods အစားအစာများဟု ပြောလိုက်သည်နှင့် လူအများ စိုးရိမ်ကြပြီး မျက်နှာအသွင်ပြောင်းသွားတတ်ကြသည်။ တစ်နည်းဆိုရလျှင် အချက်နှစ်ချက်နှင့် ပြည့်မှသာလျှင် အရေပြားကို မည်းစေသည်။ပထမအချက်သည် အနည်းဆုံး တစ်ခါစားလျှင် ၀.၅ ဂရမ်ခန့်ရှိသော Light Sensitive Foods များကို စားသုံးခြင်း၊ ဒုတိယအချက်သည် မြင့်မားသော အပူချိန်နှင့် နေရောင်ခြည်ကို ပြင်ပတွင် ထိတွေ့ခြင်းပင်ဖြစ်သည်။ Light Sensitive Foods အစားအစာများ သည် သတ်မှတ်ထားသော အခြေအနေရောက်ရှိမှသာ အရေပြားကို မည်းစေသော်လည်း အချို့ သော အစားအစာများသည် နေလောင်ဒဏ်ကို ကာကွယ်ပေးနိုင်သော အာနိသင်များ ပါရှိပါသည်။
နွေရာသီတွင် နေလောင်ဒဏ်ကာကွယ်မှုများ ပေးနိုင်ရန်အတွက် နေလောင်ဒဏ်ကာကွယ် ပေးနိုင်သော အစားအသောက်များကို အောက်တွင် အကြံပြု ဖော်ပြအပ်ပါသည်။
၁။ မုန်လာဥနီ
ဗီတာမင်အေနှင့်Antioxidants ဓာတ်များသည် နေရောင်ဒဏ်ကြောင့် အရေပြားပျက်စီးမှုကို ကာကွယ်ပေးနိုင်ပါသည်။
၂။ ခရမ်းချဉ်သီး
ရင့်မှည့်နေသော ခရမ်းချဉ်သီးတွင် Lycopene ဓာတ်ပြည့်ဝစွာပါဝင်ပြီး အရေပြားပုံမှန်ပြောင်း လဲမှုကို ထိရောက်စွာတားဆီးပေးနိုင်ကာ ခရမ်းလွန်ရောင်ခြည်ကြောင့်ဖြစ်သော အရေပြားပျက်စီးမှု ကို လျော့ချပေးနိုင်ပါသည်။
၃။ သံပုရာသီး
သံပုရာသီးသည် အသားအရေလှပပြီး အသားဖြူစေသော ဓာတ်ပါဝင်သည်။ အလှအပဆိုင် ရာ ကိုယ်စားပြုသော သံပုရာသီးကို ရေနွေးဖြင့် စိမ်သောက်ပေးပါက အသားအရေ ပျက်စီး မှုကို ကာကွယ်ပေးနိုင်ပါသည်။
၎။ ဆူးပန်း (တရုတ်လို ကုတ်ကြီး)
ဆူးပန်းသည် ခရမ်းလွန်ရောင်ခြည်ကြောင့် ဖြစ်ပေါ်သော Oxidation ကိုကာကွယ်တားဆီး ပေးနိုင်စွမ်းရှိပြီး နေလောင်ဒဏ်ကြောင့်ဖြစ်သော အရေပြားရောင်ရမ်းခြင်းနှင့် ဖောရောင်ခြင်းများ ကို သက်သာစေပါသည်။
၅။ ချယ်ရီသီး
ချယ်ရီသီးသည် ဗီတာမင်စီဓာတ်ပြည့်ဝစွာပါရှိကာ အသားအရေဖြူဝင်းလှပစေနိုင်ပြီး အမည်း ရောင် ဒြပ်ဖြစ်စေနိုင်စွမ်းကို ထိရောက်စွာ ခုခံနိုင်စွမ်းရှိပါသည်။
၆။လက်ဖက်စိမ်း
လက်ဖက်စိမ်းတွင် Polyphenol ဟူသည့် Antioxidants ဒြပ်များ ပြည့်ဝစွာပါဝင်သော ကြောင့် နွေရာသီတွင်နေလောင်ဒဏ်ကို ကာကွယ်ပေးနိုင်စွမ်းရှိပါသည်။
ကျန်းမာရေး အထောက်အကူပြုအဆီများသည်လည်း နေလောင်ဒဏ် ကာကွယ်ပေးနိုင် သည့် အရေးပါသည့်အခန်းကဏ္ဍတစ်ခုဖြစ်ပါသည်။ ဥပမာ- ကျန်းမာသော အဆီများပါရှိသည့် ဆော်လမွန်ငါး၊တူနာငါး၊သစ်ကြားသီးနှင့်နှမ်းကြတ်စေ့များစားသုံးပေးခြင်းဖြင့်လည်း နေလောင်ဒဏ် ကို ကာကွယ်ပေးနိုင်ပါသည်။
(တရုတ်စီးပွားရေးသတင်းမှ ကောက်နုတ်ဖော်ပြသည်။)