ပူအိုက်သောနွေရာသီတွင် အမြဲတမ်းရေအေးဖြင့် ရေချိုးပါက ဖြစ်ပွားလေ့ရှိတတ်သော ရောဂါဝေဒနာ (၄) မျိုးမှာ-
၁။ ရုတ်တရက် နှလုံးရောဂါဖြစ်ပွားစေနိုင်ခြင်း
သုတေသနပြုလေ့လာတွေ့ရှိချက်များအရ ခန္ဓာကိုယ်အရေပြားအတွင်းရှိ အာရုံခံအင်္ဂါများ သည် လွန်စွာပင် နူးညံ့သွက်လက်ပါသည်။ ဦးနှောက်မှ အေးသည်ဟူသော သတင်းအချက်အ လက်ကို လက်ခံရရှိလိုက်ရသည်နှင့် တစ်ပြိုင်နက် ခန္ဓာကိုယ်သည် ချက်ချင်း အေးချမ်းလာကာ သွေးကြောများ အလိုအလျောက် ကျဉ်းသွားတတ်ပါသည်။ အကယ်၍ ရေအေးဖြင့် ရေချိုးပါက လူ့ခန္ဓာကိုယ်မှ စိတ်လှုပ်ရှားဖိစီးသည့်တုံ့ပြန်မှုများကို ထုတ်လွှတ်ပေးတတ်ပါသည်။ ဥပမာ- နှလုံး ခုန်မြန်လာခြင်း၊ သွေးဖိအားမြင့်တက်လာခြင်း၊ ကြွက်သားများကျုံ့သွားခြင်း၊ အာရုံကြောများ တင်းမာပြီး သွေးလေချောက်ချားလာ ခြင်းစသည်တို့ကို ဖြစ်ပေါ်စေနိုင်ပါသည်။ အေးသောရေများ များသည် နှလုံးရောဂါအခံရှိပါက ကိုယ်လက် လှုပ်ရှားသည့်အခါ ရင်ခေါင်းတွင် စူးအောင့်ခြင်း (Angina Pectoris)၊ နှလုံး သွေးကြောပိတ်ဆို့ခြင်း သို့မဟုတ် ရုတ်တရက်နှလုံးရပ်သေဆုံးခြင်း တို့ကို ဖြစ်ပွားစေတတ်ပါသည်။
၂။ အရေပြားရောဂါဖြစ်ပွားစေနိုင်ခြင်း
နွေရာသီတွင် ချွေးထွက်မှု များပြားလွန်းလေ့ရှိသောသူများသည် အကယ်၍ ချွေးထွက် သည်ကို ဂရုမစိုက် ရေအေးဖြင့် ရေချိုးပါက မျက်နှာပေါ်ရှိ အဆီနှင့် ခန္ဓာကိုယ်မှချွေးများသည် ရေအေးဖြင့် ထိတွေ့ပြီး အခဲအဖြစ်သို့ ပြောင်းလဲသွားကာ ရေမချိုးရသေးသကဲ့သို့ပင် ဖြစ်နေ တတ်သည့်အပြင် ၀က်ခြံနှင့်မိတ်ဖုများ၊အပူဖုများပင် ထွက်ပေါ်စေတတ်ပါသည်။
၃။ အရိုးအဆစ်များနာကျင်ကိုက်ခဲတတ်ခြင်း
တရုတ်နိုင်ငံရှိ မြို့ဒေသအများစုတွင် သုံးစွဲသည့်ရေများသည် မြေအောက် အ၀ီစိရေများ ဖြစ်သောကြောင့် ပူပြင်းလှသောနွေရာသီသို့ ရောက်ရှိပါက ရေအပူချိန် နိမ့်ကျနေလျက်ပင်ဖြစ် သည်။ သို့သော် ထိုရေအေးများကို သုံးစွဲရာမှ ခန္ဓာ ကိုယ်အတွင်းသို့ အအေးဓာတ်များ ဝင်လာ စေနိုင်ကာ ခြေလက်အေးခဲမှုများ ဖြစ်ပေါ်စေနိုင်ပါသည်။ အချိန်ကြာလာပါက အရိုးအဆစ် အမြစ် ကိုက်ခဲခြင်းနှင့် ကိုယ်ခန္ဓာတစ်ခုလုံးအားနည်းခြင်း(မအီမသာဖြစ်ခြင်း)စသည့် ရောဂါလက္ခဏာ များ ကို ဖြစ်ပွားစေနိုင်ပါသည်။
၎။ အမျိုးသမီး မီးယပ်ရောဂါများဖြစ်ပွားစေနိုင်ခြင်း
ရေအေးဖြင့် ရေချိုးခြင်းအားဖြင့် အမျိုးသမီး မီးယပ်ရောဂါအချို့ကို အလွယ်တကူ ဖြစ်ပွား စေနိုင်ပါသည်။ သုတေသနတွေ့ရှိချက်အရ အမျိုးသမီးအရေပြားအတွင်းရှိ အာရုံခံအင်္ဂါမှာ အလွန် ပင်နူးညံ့လှသောကြောင့် ဦးနှောက်မှအေးသည်ဟူသော သတင်း အချက်အလက်ကို လက်ခံ ရရှိလိုက်ရသည်နှင့်တစ်ပြိုင်နက် ခန္ဓာကိုယ်မှာလည်း ချက်ချင်းအေးချမ်းလာပြီး သွေးကြောများမှာ လည်း အလိုအလျောက် ကျဉ်းသွားကာ အမျိုးသမီး မီးယပ်ရောဂါများကို အလွယ်တကူဖြစ်ပွား စေနိုင်ကြောင်း သိရပါသည်။
(တရုတ်စီးပွားရေးကွန်ယက်မှ ကောက်နုတ်ဖော်ပြသည်။)