
ပျားကောင်များ လယ်ယာသုံးပိုးသတ်ဆေးအဆိပ်မမိစေရန်အတွက် မည်သို့ကာကွယ်ရ မည်နည်း။ အောက်ပါနည်းလမ်းများကို အသုံးပြုနိုင်ပါသည်။
၁။ ပျားကောင်များ ဆောင်းကူးချိန်အတွက် ကြိုတင်ပြင်ဆင်ရာတွင် အစာကျွေးမှုပိုင်းကိုသာ အထူးဂရုစိုက်စီမံထားရန်သာမက၊ ဘေးပတ်ဝန်းကျင်အနီးအနားရှိ လယ်ယာသုံးပိုးသတ်ဆေး ပက် ဖျန်း နိုင်သည့်နေရာများကို တောင်သူလယ်သမားများ နှင့် ဦးစွာညှိနိုင်းဆွေးနွေးပြီး၊ ဆေးမပက် ဖျန်းခင် ကြိုတင်အကြောင်းကြားပေးရန် မေတ္တာရပ်ခံရမည်ဖြစ်သည်။

၂။ ပျားများ အဆိပ်မိသည့်လက္ခဏာများပြလာပါက အလျင်အမြန် နည်းလမ်းရှာပြီး ပျားအုပ်စု လိုက် သေကျေဆုံးရှုံးမှုကို လျော့ချရမည်။ အသုံးပြုနိုင်သောနည်းလမ်းအသေးစိတ်မှာ-
(၁)ရေပက်ဖျန်းပြီး သရက်ရွက်ကိုဆေးကြောပေးရမည်။ အဆိပ်ရှိသောအစာများကို ရှင်းလင်း ပစ်ရမည်။
(၂) အဆိပ်ဓါတ်များကျဲသွားစေရန် ၁ : ၁ သကြားရည် (သို့မဟုတ်) ၁ : ၄ ၀တ်ရည်ကို တိုက် ကျွေးရမည်။
(၃) အဆိပ်ဖြေဆေးရည်ကို တိုက်ကျွေးရမည်။ Organophosphorus အမျိုးအစားပိုးသတ် ဆေး အဆိပ်မိခဲ့ပါက ၀.၀၅%-၀.၁% Atropine sulfate (သို့မဟုတ်)၀.၁% -၀.၂% Pralidoxime အရည်ဖြင့် သရက်ရွက်ကို ဆေးကြောပေးရမည်။
(၄) စောစီးစွာနေရာရွေ့ပြောင်းပါ။ ပျားအုပ်စုအား ဆေးဖျန်းထားသောဧရိယာ နှင့် ၅ကီလို မီတာ အကွာရှိသောနေရာသို့ ပြောင်းရွှေ့ပြီး အချိန်မှီ အုပ်စုပုံစံ ပြန်လည်ကောင်းမွန်အောင် လုပ် ဆောင်ရမည်ဖြစ်ပါသည်။
德宏网(dohong.gov.cn)
联系电话:0692-2111018