Myanmar မှာ ဝက်ဆိုက်
ဆေးမသောက်ပဲ ခေါင်းကိုက်ခြင်းကို သက်သာစေနိုင်မည့် နည်းလမ်းငါးသွယ်

  ခေါင်းကိုက်ခြင်းကို ဆေးသောက်ခြင်းအပြင် အခြားနည်းလမ်းများဖြင့်လည်း သက်သာပျောက် ကင်းစေနိုင်ပါသည်။ အမေရိကန်နိုင်ငံ ဆေးဝါးဂျာနယ် ဧပြီလ ၁ ရက်နေ့ထုတ်သတင်းစာစောင် တွင် ဆေးမသောက်ပဲ ခေါင်းကိုက်ခြင်းကို သက်သာစေနိုင်မည့် အိမ်တွင်းကုထုံး နည်းလမ်း ငါးသွယ်ကို ဖော်ပြထားပါသည်။

  ပရုတ်ဆီ။ ပရုတ်သည် ဆေးကုသရာတွင် အကျိုးသက်ရောက်မှုရှိပြီး ရှေးယခင်ကတည်းက ခေါင်းကိုက်ရောဂါကို ကုသပေးနိုင်သော သဘာဝဆေးဝါးအဖြစ် မှတ်ယူထားကြပါသည်။ ပရုတ် ဆီသည် သွေးကြောများကို ဖြေလျော့ပေးနိုင်စွမ်းရှိခြင်း၊ အေးမြစေနိုင်သောခံစားချက်ကို ပေး နိုင်ခြင်းဖြင့် ဝေဒနာရှင်များအတွက် ထုံကျင်ကိုက်ခဲခြင်းကို သက်သာစေနိုင်ကြောင်း ကျွမ်းကျင် ပညာရှင်များမှ မှတ်ယူထားပါသည်။ ထို့အပြင် ဦးခေါင်းပိုင်းနှင့်လည်ပင်းပိုင်းရှိ တင်းမာနေသော ကြွက်သားများကို ဖြေလျော့ပေးနိုင်သော အကျိုးအာနိသင်ပါရှိကြောင်း သိရပါသည်။

  ငရုတ်သီး။ နယူးယောက်တက္ကသိုလ် ဆေးဘက်ဆိုင်ရာစင်တာမှသုတေသနပြုလေ့လာ တွေ့ရှိ ချက်အရ ငရုတ်ဒြပ်အနည်းငယ်ကို နှာခေါင်းပေါက်အတွင်းသို့ ထည့်ပေးခြင်းဖြင့် ခေါင်းကိုက် ရောဂါကို သက်သာစေနိုင်ပါသည်။ အိမ်တွင် ငရုတ်သီးကို နှာခေါင်းပေါက်အတွင်းသို့ ထိုးထည့်ပေး ထားပါကလည်း ထိုကဲ့သို့သော အကျိုးသက်ရောက်မှုကို ရရှိစေနိုင်မည်ဖြစ်ပါသည်။

  လက်ဖက်ရည်ကြမ်း သို့မဟုတ် ကော်ဖီသောက်သုံးခြင်း။ ကဖိန်းဓာတ်သည် အကိုက်အခဲ များ ကို သက်သာစေနိုင်သော အာနိသင်ရှိပါသည်။ သုတေသနပြုလေ့လာချက်အရ ကဖိန်းဓာတ် သည် ခေါင်းကိုက်ရောဂါကို သက်သာစေနိုင်သော စွမ်းရည်သည် အကိုက်အခဲ ပျောက်ဆေး သောက်ခြင်း ထက် ပိုမိုလျင်မြန်စွာ သက်သာစေနိုင်ကြောင်း သိရပါသည်။

  နှိပ်နယ်ပေးခြင်း။ ။ ဦးခေါင်းပိုင်းကို နှိပ်နယ်ပေးခြင်းဖြင့် ဦးရေပြားတင်းမာမှုနှင့် စိတ်ဖိစီးမှုများ ကို သက်သာစေနိုင်ပါသည်။ အာရုံကြောအများအပြားရှိသည့်နေရာများကို နှိပ်နယ်ပေးခြင်းဖြင့် သွေးလည်ပတ်မှု အားကောင်းမွန်စေနိုင်ပြီး ထုံကျင်ကိုက်ခဲခြင်းကို လျော့ပါးသက်သာစေနိုင် ပါ သည်။

  ကိုယ်လက်ဆန့်လေ့ကျင့်ခန်းပြုလုပ်ခြင်း။ လည်ပင်းနှင့်ပခုံးကြွက်သားများကို ဆန့်တန်းပေး ခြင်းဖြင့် ကြွက်သားတင်းမာမှု ကိုသက်သာစေနိုင်ပြီး ခေါင်းကိုက်ခြင်းကို လျော့ပါးသက်သာစေ နိုင်ပါသည်။ ဦးခေါင်းမော့ခြင်းနှင့် ပခုံးတွန့်ခြင်းလှုပ်ရှားမှုများကို တတ်နိုင်သမျှ လုပ်ဆောင်ပေးပါက ပျောက်ကင်းသက်သာစေပါသည်။

  အကယ်၍ အထက်ပါနည်းလမ်းများ ပြုလုပ်ခြင်းဖြင့်လည်း ခေါင်းကိုက်ရောဂါ မသက်သာပါက ဆရာဝန်ထံသို့ သွားရောက်ပြသသင့်ပြီး ပြင်းထန်သော ရောဂါဝေဒနာများဖြစ်နိုင်ချေ ရှိနိုင်ပါသည်။

  (People သတင်းကွန်ယက်မှ ကောက်နှုတ်ဖော်ပြသည်)

新闻推荐