Myanmar မှာ ဝက်ဆိုက်
စပါးနှင့်ဘဲ အတူတကွ စိုက်ပျိုးမွေးမြူခြင်း နည်းပညာ

  ဂေဟစနစ်စိုက်ပျိုးရေးလုပ်ငန်းသည် ခေတ်သစ်လယ်ယာစိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု၏ အရေးပါသော လမ်းညွှန်ချက်တစ်ခု ဖြစ်ပါသည်။ စပါးနှင့်ဘဲ အတူတကွ စိုက်ပျိုးမွေးမြူခြင်း ဂေဟ စနစ်စိုက်ပျိုးရေးလုပ်ငန်းနည်းပညာကို ခြုံငုံအကျဉ်းချုပ်ပြောမည်ဆိုလျှင် ၄င်းနည်းပညာ သည် ဘဲများအတွက် ရေစပါးလယ်ကွင်းများသည် လုံလောက်သောရေပမာဏ၊ သင့်လျော်သည့် အစား အစာနှင့် လှုပ်ရှားသွားလာ နားနေနိုင်သည့် နေရာများအဖြစ် ထောက်ပံ့မှုကို ပေးနိုင်ပါသည်။ ဘဲများ သည်လည်း လယ်ကွင်းထဲရှိ အဖျက်ပိုးမွှားများနှင့် မြက်ရိုင်းပင်များကို စားသောက်ခြင်းဖြင့် စပါးပင် တို့ကို ရှင်သန်နိုင်ရန် ပံ့ပိုးကူညီပေးသည်။ ထို့အပြင် ရေစပါးစိုက်ကွင်းများ၏ ရေအတွင်း၌ အောက်ဆီဂျင် ပါဝင်မှုကို ပိုမိုများပြားစေပြီး အပင်အာဟာရဓါတ်ကို ပေးစွမ်းသဖြင့် စပါးပင်တို့ ရှင်သန်ကြီးထွားရန် နှိုးဆွပေးနိုင်ကြောင်း သိရသည်။

  ရေစပါးစိုက်ကွင်း၏ လေးဘက်လေးလံကို အဝါရောင် ပိုက်ကွန်ဖြင့် ဝန်းရံထားကာ ဘဲ ကလေးများအတွက် လှုပ်ရှားသွားလာ နားနေနိုင်သည့် နယ်ပယ်နေရာအဖြစ် ပြုလုပ်ပေးထား ခြင်း ကြောင့် ဓါတုဓါတ်မြေသြဇာ၊ လယ်ယာသုံးပိုးသတ်ဆေးများ ထည့်သွင်းအသုံးပြုထားသည့် ရေစပါး စိုက်ကွင်းများထဲသို့ဘဲများဝင်ရောက်သွားခြင်းကိုကာကွယ်တားဆီးထားနိုင်မည်ဖြစ်သည်။ အကယ် ၍ မိုးသည်းထန်စွာ ရွာသွန်းပါက ဘဲများကို ဘဲခြံအတွင်းသို့ ပြန်လည်မောင်းသွင်းထားရမည် ဖြစ်ကြောင်း သိရသည်။

  ဘဲများသည် အစားအစုံစားသည့် ရေနေ ငှက်သတ္တဝါဖြစ်ပြီး ပထမဆုံးအနေဖြင့် စိုက်ကွင်း ရှိ အင်းဆက် ပိုးကောင်များစားသုံးခြင်းကို ကြိုက်နှစ်သက်ပြီး အင်းဆက်ပိုးကောင်များ စားကုန် ပြီးသည့်နောက်တွင် ရေစပါးစိုက်ကွင်းအတွင်းရှိ မြက်ပင်များကို စားသုံးလိမ့်မည် ဖြစ်သည်။ စပါး ပင်များ စပါးနှံတက်ချိန်၊ နို့ရည်တည်ချိန်သို့ ဝင်ရောက်လာသည့်အချိန်တွင် ဘဲများသည် စပါးစေ့ အနုများ စားသုံးရသည်ကို ကြိုက်နှစ်သက်ကြသောကြောင့် ဘဲများကို ပြန်လည်သိမ်းယူပြီး စပါး အထွက်နှုန်း မလျော့ကျအောင် သေချာထိန်းသိမ်းထားရမည် ဖြစ်သည်။ ဘဲများသည် ရေစပါး စိုက်ကွင်းများထဲမှ အင်းဆက် ပိုးမွှားများနှင့် မြက်ပင်များကို စားသုံးသည် ဖြစ်သော်လည်း ဘဲ အကောင်ရေ များလေကောင်းလေမဟုတ်ပေ။ စမ်းသပ်တွက်ချက်မှုများအရ ရေစပါးစိုက်ကွင်း ၁ မို လျှင် မွေးမြူရန် သင့်လျော်သည့် ဘဲအကောင်ရေမှာ (၁၀) ကောင်မှ (၁၅) ကောင်ခန့်သာ ဖြစ် ကြောင်း သိရသည်။

  ထို့အပြင် ဘဲများသည် ရေစပါးစိုက်ကွင်းအတွင်း၌ နေထိုင်ရှင်သန်ခြင်းမှ ထွက်ရှိလာသော ဘဲချီးများသည် စပါးပင်များအတွက် အပင်အာဟာရအဖြစ် အသုံးဝင်နိုင်သေးသည်။ သို့သော် ၄င်းဘဲချီးများနှင့်ပင် စပါးကွင်းအတွက် မြေသြဇာ လုံလောက်မရှိနိုင်ပါ။ ထို့ကြောင့် အစောပိုင်း ကာလ စိုက်ပျိုးမှုတွင် အော်ဂဲနစ်မြေသြဇာကို ထပ်မံဖြည့်တင်းပေးရမည် ဖြစ်ကြောင်း သိရသည်။

  အော်ဂဲနစ်မြေသြဇာကို အသုံးပြုစိုက်ပျိုးသောကြောင့် ရေစပါး၏ ၁ မို အထွက်နှုန်းမှာ ဓါတုဓါတ်မြေသြဇာအသုံးပြု၍ စိုက်ပျိုးသော စပါးအထွက်နှုန်းကို မမှီနိုင်ပေ။ သို့သော်ငြား ၁ မို၏ ရရှိသည့် အကျိုးအမြတ်မှာလည်း မနည်းလှချေ။ ဤကဲ့သို့သော စိုက်ပျိုးမှုဖြင့် စိုက်ပျိုးရရှိလာ သည့် ဆန်စပါးများကို စားသုံးရာတွင် စားကောင်း၍ ကျန်းမာရေးအတွက် လုံခြုံစိတ်ချရသည်။ ထို့ကြောင့် ဤကဲ့သို့ စိုက်ပျိုးနည်းလမ်းဖြင့် ရရှိသော ဆန်များ၏ ရောင်းဈေးမှာ အခြားသာမန် ဆန် များထက် ဈေးအဆပေါင်းများစွာ မြင့်မားကြောင်း သိရသည်။ ထို့အတူ ဘဲများကို ရေစပါး စိုက်ကွင်းထဲတွင် လွှတ်မောင်းထားသဖြင့် ဘဲများသည် နေ့စဉ်နေ့တိုင်း စပါးကွင်းထဲ၌ ပြေး သွား ပြေးလာလှုပ်ရှားနိုငရ်သောကြောင့် ဘဲများ၏ အသားမှာ ကျစ်လစ်၍ အားရှိသည့်အပြင် အရသာ ကောင်းမွန်သောကြောင့် မြင့်မားသော ရောင်းဈေးကောင်းများဖြင့် ဝင်ငွေတစ်ခုအဖြစ် ရရှိနိုင် မည်ဖြစ်ကြောင်း သိရှိရပါသည်။

  (1nongjing.com စီးပွားရေးသတင်းမှ ကောက်နှုတ်ဖော်ပြသည်)

新闻推荐