Myanmar မှာ ဝက်ဆိုက်
ပင်လယ်စာကြိုက်နှစ်သက်သူများ “ပုစွန်ထုပ်အဆိပ်သင့်ရောဂါ” ဖြစ်နိုင်သောကြောင့် ဂရုပြုစားသုံးသင့်
  လမ်းဘေးပင်လယ်စာအရောင်းဆိုင်ငယ်လေးမှ ပုစွန်ထုပ်သည် မြို့နေပြည်သူ(၉)ဦးကို ဒုက္ခ များ စေခဲ့သည်။ လင်မယား(၂)ဦးသည် ပုစွန်ထုပ် ၂ကီလိုခန့်စားသုံးပြီးနောက် လမ်းမလျှောက်နိုင် သောကြောင့် စစ်ဆေးကြည့်ခဲ့ရာ အစင်းပါကြွက်သားပျော်ပျက်ခြင်း rhabdomyolysis ရောဂါ လက္ခဏာ ဖြစ်ကြောင်း ကောက်ချက်ချနိုင်ခဲ့သည်။ ယခုနှစ် နွေရာသီတွင် နန်ကျင်းမြို့၌ ပုစွန် ထုပ်စားသုံးသဖြင့် အစင်းပါကြွက်သားပျော်ပျက်ခြင်း rhabdomyolysis ရောဂါ ဆက်တိုက် ဖြစ်ပွားခဲ့ကြောင်း သိရပါ သည်။
  ( အစင်းပါကြွက်သားပျော်ပျက်ခြင်း rhabdomyolysis ရောဂါဆိုသည်မှာ အစင်းပါကြွက်သား ဆဲလ်မြှေး၊ အမြှေးလမ်းကြောင်းနှင့် ၄င်းမှစွမ်းအင်ထုတ်ပေးသော အမျိုးစုံသောမျိုးရိုးဗီဇတို့ကို အနှောင့် အယှက်ပေးခြင်း (သို့) ရောဂါဖြစ်စေ၍ အစင်းပါကြွက်သားပျက်စီးခြင်းတို့ ဖြစ်ပေါ်ကာ ဆဲလ်အမြှေးပါး လုံးဝပြောင်းလဲ၍ ဆဲလ်များအတွင်း ယိုစိမ့်မှုဖြစ်ပေါ်စေသည်။ အများအားဖြင့် ကျောက်ကပ်လုပ် ဆောင်မှု ယုတ်လျော့ခြင်းရောဂါပြင်းနှင့် ဇီဝဖြစ်စဉ် ဖရိုဖရဲဖြစ်ခြင်းတို့ကို နောက်ဆက်တွဲရောဂါအဖြစ် တွေ့ရှိရသည်။ )
  ပုစွန်ထုပ်အဆိပ်သင့်ရောဂါ၏ နာမည်အတိအကျမှာ Haff disease ဖြစ်သည်။ ၁၉၂၄ခုနှစ်တွင် ပိုလို၏ ကမ်းရိုးတမ်းတစ်လျောက်တွင် ပထမဦးဆုံး ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိခဲ့သည်။ လူနာ များမှာ ရေထွက်အစားအစာများ စားသုံးပြီးနောက် ၂၄နာရီအတွင်း အကြောင်းရင်းတိကျစွာ မသိရ ဘဲ အစင်းပါကြွက်သားပျော်ပျက်ခြင်း rhabdomyolysis ရောဂါလက္ခဏာ ဖြစ်ပေါ်ခဲ့သည်။
  နောက်ပိုင်းတွင် မြေထဲပင်လယ်ဒေသ၊ ပိုလို၏ ပင်လယ်ကမ်းနားဒေသ၊ အမေရိကန်၊ ဘရာဇီး နှင့် တရုတ်နိုင်ငံများတွင် ရောဂါဖြစ်ပွားမှုဖြစ်စဉ်များကို ဆက်တိုက်တွေ့ရှိခဲ့ရသည်။ နှစ်ပေါင်း (၉၀)ကျော်ကြာမြင့်ခဲ့ပြီးဖြစ်သော်လည်း ပုစွန်ထုပ်အဆိပ်သင့်ရောဂါ ဖြစ်ပွားရခြင်းအကြောင်းရင်းကို ရှာဖွေတွေ့ရှိခြင်း မရှိသေးပါ။ ယခုအခါတွင် အမည်နာမမသိသေးသော အဆိပ်တစ်မျိုးနှင့် ဆက်စပ်မှုရှိ မည်ဖြစ်ကြောင်း သံသယဖြစ်ဖွယ် တွေ့ရှိရသည်။
  ၂၀၁၀ခုနှစ် ဇွန်လမှ သြဂုတ်လအတွင်း နန်ကျင်းမြို့တွင် စုစုပေါင်း ၁၄ကြိမ်၊ ရောဂါဖြစ်စဉ် ၂၃ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ၂၀၁၀ခုနှစ် စက်တင်ဘာလ ၆ရက်နေ့တွင် တရုတ်နိုင်ငံ ပြင်းထန် သောရောဂါများ တားဆီးကာကွယ်ထိန်းချုပ်ရေး ဗဟိုဌာနနှင့် နန်ကျင်းမြို့ အစားအစာကာကွယ် ရေး ကော်မတီတို့ ပူးပေါင်း၍ သတင်းပြန်ကြားရေး အစည်းအဝေးပွဲ ကျင်းပခဲ့ရာ အဆိုပါ အစည်း အဝေး တွင် နန်ကျင်းပုစွန်ထုပ်နှင့် အစင်းပါကြွက်သားပျော်ပျက်ခြင်း ရောဂါခံစားနေရသော ဝေဒနာ ရှင်များသည် ပတ်သက်မှုရှိကြောင်း၊ ထိုရောဂါကို Haff disease ဟုခေါ်ကြောင်း၊ ပုစွန်ထုပ်စား သုံးခြင်းနှင့် ဆက်စပ် မှုရှိကြောင်း၊ သို့သော် တိကျသော ရောဂါအရင်းအမြစ်ကို ရှာဖွေတွေ့ရှိခြင်း မရှိသေးကြောင်း ကျွမ်းကျင်ပညာရှင်များမှ ပြောကြားခဲ့ကြောင်း သိရသည်။
  Haff disease ၏ရောဂါဖြစ်ပွားနှုန်းသည် လွန်စွာလျင်မြန်လှသည်။ ရောဂါငုပ်လျှိုးနေချိန်မှာ အတိုဆုံး (၅)နာရီ၊ အရှည်ဆုံး (၁၃)နာရီဖြစ်ပြီး သာမန်အားဖြင့် (၂၄)နာရီမကျော်လွန်ကြောင်း ပညာရှင် များမှ လေ့လာတွေ့ရှိထားသည်။ ကျွန်ုပ်တို့ကို သတိပေးနေသည်မှာ အကယ်၍ ပုစွန်ထုပ် စားပြီး (သို့) အခြားပင်လယ်စာများစားပြီးသည့်နေ့တွင် တစ်ကိုယ်လုံးညောင်းညာ ကိုက်ခဲကာ အားအင်ချိနဲ့သော ဖြစ်စဉ်များကြုံတွေ့ခဲ့ပါက အချိန်မှီ ကုသမှုခံယူရမည် ဖြစ်ကြောင်း အကြံပြု တင်ပြအပ်ပါသည်။
  (တရုတ်ရေလုပ်ငန်းကွန်ယက်မှ ကောက်နုတ်ဖော်ပြသည်။)
新闻推荐