Myanmar မှာ ဝက်ဆိုက်
အိန္ဒိယနွားကျင်ငယ် 'ကျန်းမာရေးအကျိုးကျေးဇူးများ' ရရှိနိုင်သောကြောင့် လူကြိုက်များသော ကုန်ပစ္စည်းဖြစ်လာ

  အိန္ဒိယအစိုးရသည် ၂၀၁၄ ခုနှစ်၌ ဒေသနွားမျိုးထိန်းသိမ်းခြင်း အစီအစဉ်ကိုထုတ်ဖော်ခဲ့ပြီး ထိုနွားများ၏ကျင်ငယ်သည် လူကြိုက်များသောကုန်ပစ္စည်း ဖြစ်လာစေခဲ့ကြောင်း သိရပါသည်။ အိန္ဒိယအစိုးရသည် အမဲသားစားသုံးမှု ပိတ်ပင်တားဆီးခြင်းဥပဒေကို ထုတ်ပြန်ခဲ့ခြင်းနှင့် အိမ်နီး ချင်းနိုင်ငံဖြစ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားမဝင် နွားများရောင်းချခြင်းကို ပြင်းပြင်းထန်ထန် အရေးယူခြင်းများကိုလည်း ပြုလုပ်ခဲ့ကြောင်း သိရပါသည်။

  ထို့အပြင် အိန္ဒိယအစိုးရသည် ရူပီ (၅.၈) ဘီလီယံ အကုန်အကျခံကာ နွားခြံများ တည် ဆောက်ပေးကာ အသက်ကြီးသွားသော၊ နွားနို့မထုတ်လုပ်နိုင်သော သို့မဟုတ် ဖျားနာနေ သော နွားများ၏ ခိုလှုံနိုင်သောနေရာဖြစ်ကာ သားသတ်ရုံသို့ မပို့လွှတ်ခံရစေရန် တည်ဆောက်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်။ ထိုနွားခြံများ၏ ကုန်ကျစရိတ်များသည် နွား၏စွန့်ထုတ်ပစ္စည်းများ ရောင်း ချခြင်းမှရရှိသောဝင်ငွေဖြင့် လည်ပတ်နေခြင်းဖြစ်ကြောင်း သိရပါသည်။

  အိန္ဒိယတိုင်းရင်းဆေးနည်းပညာ(Ayurveda)တွင် နွားကျင်ငယ်သည် ထူးခြားသောကုသ နိုင်စွမ်းများရှိပြီး ကျန်းမာရေးအတွက် အထောက်အကူပြုသော အကျိုးသက်ရောက်မှုများရှိကြောင်း ဖော်ပြထားသည်။

  အိန္ဒိယသိပ္ပံပညာရှင်များသည် ပြီးခဲ့သည့်လက အိန္ဒိယဒေသနို့စားနွားမျိုး 'Gyrနွား' ၏ ကျင်ငယ်ရည်သည် တန်ဖိုး ကြီးမားလှကြောင်းကို တွေ့ရှိခဲ့ပါသည်။ 'Gyrနွား' ၏ ကျင်ငယ်ရည် ထဲတွင် ဒြပ်ပေါင်းအမျိုး (၅၁၀၀)ကို တွေ့ရှိခဲ့ပြီး ၄င်းတို့ထဲတွင် (၃၈၈)မျိုးသည် ကြီးမားသော ဆေးဖက်ဝင်တန်ဖိုးများ ပါရှိ၍ ရောဂါမျိုးစုံကို ကုသပေးနိုင်စွမ်းရှိကြောင်း သိရပါသည်။

  နွားကျင်ငယ်ရည်ကို ပထမဦးစွာ ပေါင်းခံစက်ဖြင့် ပေါင်းခံပြီး အညစ်အကြေးများကို ဖယ် ရှားရပါသည်။ ပေါင်းခံပြီးသော ကျင်ငယ်ရည်အား အမှုန့် သို့မဟုတ် ပျစ်ခဲသော အရည် အဖြစ် ပြုလုပ်ပြီးနောက် တိုင်းရင်းဆေး နှင့် ဆေးဖက်ဝင်ဆေးဝါးထုတ်လုပ်သူများထံ ရောင်းချကြကြောင်း သိရပါသည်။ ပေါင်းခံပြီးသော ကျင်ငယ်ရည် ရောင်းဈေး သည် တစ်လီတာလျှင် ၈၀ ရူပီမှ ၁၀၀ ရူပီအထိရှိကြောင်း သိရပါသည်။

  (Global Network မှ ကောက်နုတ်ဖော်ပြသည်)

新闻推荐