Myanmar မှာ ဝက်ဆိုက်
ယူနန်ချိန်ကုန့်တွင် ပဲပြားပြတိုက် တည်ထောင်သွားမည်

  ယူနန်ပြည်နယ်ကူမင်းမြို့ ချိန်ကုန့်ချီးပုချန် ပဲပြားပြတိုက်စီမံကိန်းကို တရားဝင်စတင်ခဲ့ပြီး ၄င်းစီမံကိန်းသည် ပဲပြားပြုလုပ်သည့် မိရိုးဖလာ လက်မှုလုပ်ငန်းကို လက်တွေ့ခံစားနိုင်ရန်၊ ပဲပြား နှင့်သက်ဆိုင်သော အစားအသောက်ယဉ်ကျေးမှုကို အမွေဆက်ခံနိုင်ရန်၊ ပဲပြား အချောကိုင် ကုန် ထုတ်ပစ္စည်း စီးရီးလိုက် တီထွင်ပြုလုပ်ခြင်းကို လေ့လာနိုင်ရန် ပြတိုက်အဖြစ် စုစည်း ဖန်တီးထား ကြောင်း သိရပါသည်။ ပဲပြားလုပ်ငန်းကို တိုးတက်အောင် ဆောင်ရွက်ပြီး ဒေသတွင်း မြေယာမဲ့ ပြည်သူများအား လုပ်ငန်းထူထောင်နိုင်ရန် ဖော်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ၄င်းနေ့ မှာပင် ကူမင်းမြို့ ပဲပြားယဉ်ကျေးမှုကော်မတီကိုလည်း တရားဝင် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

  ချိန်ကုန့်ချီးပုချန်ရပ်ကွက်တွင် ပဲပြားပြုလုပ်လာသည်မှာ သမိုင်းကြောင်း အလွန်ကြာရှည်ပြီး ယနေ့အထိတိုင် နှစ်ပေါင်းရာချီရှိပြီးဖြစ်သည်။ ၄င်းဒေသထွက် ပဲပြားပုပ်၏အမည်ဂုဏ်သတင်းမှာ ကျော်ကြားပြီး ဧကရာဇ်ဘုရင်ခမ်းရှီးကပင် ချီးကျူးခဲ့ကြောင်း သိရသည်။ ၄င်းရပ်ကွက်ရှိ ၉၀% ရွာသားများမှာ ပဲပြားများ ပြုလုပ်ကြသည်။ ချောမွတ်ချိုမြသော ရှေးရေတွင်းမှ ရေ၊ ဒေသထွက် ကောင်းမွန်သော ပဲပုပ်များဖြင့် ပဲပြားကောင်း ထွက်ရှိလာရန် အခြေခံအကြောင်းအချက်များကို ပေးနိုင်ခဲ့သည်။ ရွာသားများ၏ ပြုလုပ်သောပဲပြားနည်း နှင့် လက်မှုလက်ရာတို့မှာ အနုစိတ်ပြီး ပဲပြား၏ အရည်အသွေးကို အာမခံမှု ပေးနိုင်ခဲ့ကြောင်း သိရသည်။

  ဈေးကွက်စီးပွားရေး၏ တွန်းအားပေးမှုအောက်တွင် မိရိုးဖလာ လက်မှုပညာများမှာ ပုံစံပြောင်း ရန် ရှာဖွေလျက်ရှိသည်။ ချီးပုချန်၏ပဲပြားလုပ်ငန်းမှာ ပြောင်းလဲမှုများကြားတွင် တိုးတက်မှုကို ကြိုး ပမ်းရှာဖွေလျက်ရှိနေရာ နှစ်ပေါင်းရာကျော်ရှိသော ပဲပြားယဉ်ကျေးမှုမှာ ဆက်လက် အမွေ ဆက်ခံ နေမည်ဖြစ်မည်။ ထို့ကြောင့် ပဲပြားယဉ်ကျေးမှုပြတိုက် ပေါ်ပေါက်လာရခြင်းဖြစ်ကြောင်း သိရသည်။

  ပဲပြားပြတိုက်သည် မိရိုးဖလာအရှိဆုံး၊ မူလလက်ရာအရှိဆုံးသော ချီးပုချန် လက်လုပ်ပဲပြား ကို မြည်းကြည့်လို့ရရုံတင်မက ပြတိုက်တွင် မိရိုးဖလာ ပဲပြားပြုလုပ်သော လက်မှုပညာ ခေါင်းစဉ် ဖြင့် လက်တွေ့ခံစားနိုင်သော အပန်းဖြေယဉ်ကျေးမှုများကို ဖော်ဆောင်ထားရှိပြီး လေ့လာလည် ပတ်သူ ခရီးသွားများကို ပဲပြားပြုလုပ်ရာတွင် ကိုယ်တိုင်ပါဝင်စေခြင်းဖြင့် ပျော်ရွှင်မှုနှင့် ပင်ပန်းမှု ကို ခံစားနိုင်စေမည်ဖြစ်သည်။ “နှစ်ရာချီ ဆက်ခံလာသော လက်မှုပညာများအား မမေ့ လျော့သင့် ပေ။ နှစ်ရာချီရှိသော ပဲပြားကျေးရွာသည်လည်း ခေတ်နောက်ကောက်မကျန်သင့်ပေ။” ယခု ပြတိုက် မှာ ရွာသားများ စုစည်း သိမ်းဆည်းရန် ပြုလုပ်ထားသော ပဲပြားပြုလုပ်ရာတွင် အသုံး ပြုသည့် ကိရိယာများကို စုဆောင်းထားပြီး ပဲပြားပြုလုပ်ပုံများကို စီစဉ်နေသည်ဟု ချီးပုချန် သက်ဆိုင်ရာ တာဝန်ခံ၏ ပြောကြားချက်အရ သိရသည်။

  (City Times သတင်းစာစောင်မှ ကောက်နုတ်ဖော်ပြသည်။)

新闻推荐