Myanmar မှာ ဝက်ဆိုက်
ငှက်ပျောအူက “ရေသန့် ” အဖြစ်ပြောင်းလဲပေးနိုင်

  ယခုရက်ပိုင်းတွင် တရုတ်နိုင်ငံအပူပိုင်းဒေသ စိုက်ပျိုးရေးသိပံ္ပနည်းပညာကောလိပ် ဟိုင်းခေါ စမ်းသပ်စခန်းသည် ငှက်ပျောပင်၏ စွန့်ပစ်ပစ္စည်းများကို အရင်းအမြစ်အဖြစ် ပြန်လည်သုံးစွဲနိုင် သည့်မှ သုတေသနသစ်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။ ငှက်ပျောအူကို အသုံးပြုကာ ငှက်ပျော ဖိုက်ဘာမျှင် ဇီဝစုပ်ယူဆေးကို တီထွင်ထုတ်လုပ်နိုင်ခဲ့ပြီး ရေထဲရှိ လွန်ကဲသော သတ္တုများနှင့် ဆီ အညစ်အကြေးများကို ထူးကဲထိရောက်စွာ စုပ်ယူနိုင်ကြောင်း တွေ့ရှိခဲ့သည်။ ထို့အပြင် သုတေသန ပြုရာတွင် ငှက်ပျောပွင့်မှ အိုမင်းရင့်ရော်မှုကို လျော့ချပေးနိုင်သော ကျန်းမာရေးအစာ သို့မဟုတ် ဆေးဝါးများကို တီထွင်ထုတ်လုပ်နိုင်သည်ကို တွေ့ရှိခဲ့ကြောင်း သိရှိရသည်။

  မျက်မှောက်ကာလတွင် ငှက်ပျောသီးများ ရိတ်သိမ်းပြီးနောက် ငှက်ပျောအူ ၊ အထီးပွင့် စသည့် စွန့်ပစ်ပစ္စည်းများစွာ ဖြစ်ပေါ်လျက်ရှိသည်။ ဟိုင်းခေါစမ်းသပ်စခန်း ဒုတိယသုတေသနသီတစ်ဦးက တရုတ်နိုင်ငံရှိ စိုက်ပျိုးထုတ်လုပ်ရေးဇုန်ဒေသများတွင် အများအားဖြင့် ထိုစွန့်ပစ်ပစ္စည်းများကို တိုက်ရိုက်စွန့်ပစ်ကြသောကြောင့် ငှက်ပျောခြံပတ်ဝန်းကျင် ညစ်ညမ်းမှုများဖြစ်ပေါ်စေခဲ့ကာ ပိုးမွှား များနှင့်ရောဂါများ လွယ်ကူပေါက်ဖွားရှင်သန်စေခဲ့ကြောင်း ပြောကြားခဲ့သည်။

  ဆက်လက်ပြီး သုတေသနသီက “ကျွန်တော်တို့အဖွဲ့ဟာ အစောပိုင်းကာလမှာ ငှက်ပျောအဖို ပွင့်ထဲကနေ ရရှိသောလုပ်ဆောင်ချက်ဒြပ်ရှင်များကို ပရိုတင်းမြင့်မားတဲ့ အစားအသောက် (အာဟာ ရချောင်း) ထဲသို့ ထည့်ဝင်ခဲ့ရာတွင် တွေ့ရှိခဲ့သည်မှာ ငှက်ပျောပွင့်ပိုလီဖီနောသည် စိတ်ဖိစီးမှု ကို လျော့ကျစေသော အစားအသောက် အလယ်ပိုင်းနှင့် နှောင်းပိုင်းကာလ ကလပ်ကိုဆိုင်လေးရှင်း နောက်ဆုံး ထုတ်ကုန် (AGEs) ကို ထိရောက်စွာ ဖြစ်ပေါ်စေခဲ့သည်။ AGEs သည် လွန်ကဲသော သကြားဓာတ်နှင့် ပရိုတင်း ဓာတ်တို့ ပေါင်းစပ်ထားသော ထုတ်ကုန်ဖြစ်ပြီး လူကိုယ်ခန္ဓာအတွင်းရှိ အိုမင်းရင့်ရော်မှုနှင့် နာတာရှည် ရောဂါဖြစ်ပွားမှုကို လျင်မြန်စွာ တိုးပွားစေသည်။ ” သုတေသန ရလဒ်သည် နောက်ပိုင်း ငှက်ပျောပွင့်အရင်းအမြစ်သည် တန်ဖိုးမြင့်ထုတ်ကုန်ပစ္စည်းများ တီထွင် ထုတ်လုပ် အသုံးပြုမှု၏ အခြေခံအုတ်မြစ်ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ ဥပမာအားဖြင့် ငှက်ပျောပွင့် အား အိုမင်းရင့်ရော်မှုကို ကာကွယ်သော ကျန်းမာရေး စားသောက်ကုန် သို့မဟုတ် ဆေးဝါများ စသည်တို့ကို တီထွင်ထုတ်လုပ်နိုင်ကြောင်း သိရသည်။

  (တရုတ်လယ်ယာစိုက်ပျိုးရေးသတင်းမှ ကောက်နုတ်ဖော်ပြသည်။)

新闻推荐