မီးတုတ်ပွဲတော်ကို တချို့သောတိုင်းရင်းသားများသည် ရှင်းဟွေပွဲတော်ဟုလည်းခေါ်ဆိုကြပြီး ယူနန်ပြည်နယ်လူနည်းစုတိုင်းရင်းသားများဖြစ်သည့် ယီတိုင်းရင်းသား၊ ပိုင်တိုင်းရင်းသားတို့၏ အ ရေးပါသော ရိုးရာပွဲတော်တစ်ခု ဖြစ်ပါသည်။ ပွဲတော်ကာလသည် ပုံမှန်အားဖြင့် တရုတ်သက္ကရာဇ် ၆လ (၂၅) ရက်နေ့ဖြစ်ပါသည်။ စီလင်ဒေသရှိ ယီတိုင်းရင်းသား ဆာနီမျိုးနွယ်များသည် မီးတုတ် ပွဲတော်ကို အများပြည်သူနှင့် မကောင်းဆိုးဝါးများ တိုက်ခိုက်အနိုင်ရရှိသော အောင်မြင်မှု ပွဲတော်အ ဖြစ် မှတ်ယူကြပြီး ဝူတင့်ဒေသရှိ ယီတိုင်းရင်းသားများမှာမူ မီးတုတ်ပွဲတော်ကို ကျင်းပ ရခြင်း သည် ထွက်ရှိ လာမည့်ကောက်နှံများသည် မီးတုတ်ကဲ့သို့ တုတ်ခိုင်စေရန် ရည်ရွယ်၍ပြုလုပ်ခြင်းဟု မှတ်ယူကြ ပါသည်။နောင်လာနောင်သားတိုင်းရင်းသားများသည် အိမ်တွင်း၊ လယ်ကွင်းများ အတွင်း ရှိ မကောင်း ဆိုးဝါးများကို မီးနှင့်ပူဇော်ပသခြင်းဖြင့် လူသားများနှင့်တိရစ္ဆာန်များကို ဘေးကင်း လုံခြုံစေပါသည်ဟု မှတ်ယူကြပါသည်။ ၆လ ၂၇ ရက် ညပိုင်းသည် ယီတိုင်းရင်းသားများ၏ တစ်နှစ် လျှင် တစ်ကြိမ်ကျင်းပသော မီးတုတ်ပွဲတော်ဖြစ်ပြီး ကြိတ်ကြိတ်တိုးစည်ကားလျက်ရှိကာ သောင်း ပေါင်း များစွာသော ပြည်သူများသည် မီးပူဇော်ပသပွဲကျင်းပရာ ယီဟိုင်ဥယျာဉ်သို့ လာရောက်ကာ ယီတိုင်းရင်းသား ရိုးရာဓလေ့များနှင့် ဆွဲဆောင်ဖွယ်ရာ မီးယဉ်ကျေးမှုဖြစ်သည့် မီးနတ် ပူဇော်ပသပွဲ အခမ်းအနားသို့ တက်ရောက်လေ့ရှိကြပါသည်။
အခမ်းအနားတွင် မီးနတ်ပင့်ဖိတ်ခြင်း၊ မီးနတ်ပူဇော်ဂါထာရွတ်ဖတ်ခြင်း၊ မီးဖြင့်ပူဇော်ပသခြင်း ဟူ၍ သုံးပိုင်းခွဲခြားထားပြီး ယိတိုင်းရင်းသားများ၏ သားသမီးများသည် စင်ပေါ်တွင် မီးပွဲတော် သီချင်းများ သီဆိုခြင်း၊ ပျော်ရွှင်စွာ ကခုန်ခြင်းများကို ပြုလုပ်လေ့ရှိကြပါသည်။ ပျော်ရွင်ဖွယ်ကောင်း သော မီးပူဇော်ပသအကများဖြင့် ဖျော်ဖြေပြီးနောက် ကြည်ညိုလေးစားဖွယ်ကောင်းသော ယိ တိုင်းရင်းသားပုရောဟိတ်ဆရာသည် ယဇ်ပလ္လင်ပေါ်သို့တက်ရောက်ကာ၊ ယိတိုင်းရင်းသားလူငယ် လေးများသည် ခရာရှည်ကို တီးမှုတ်ပြီး ပုရောဟိတ်ဆရာသည် မီးပုံကို ပတ်ကာ စတင်၍ ဂါထာ ရွတ်ဆိုခြင်း၊ ဆုတောင်းခြင်းများပြုလုပ်ပြီး နောက်ဆုံးတွင် မိရိုးဖလာ သစ်သား အပူပေးခြင်း နည်းဖြင့် မီးရယူကာ ၂၀၁၆ ခုနှစ် ယိတိုင်းရင်းသားလူမျိုးတို့၏ မီးတုတ်ပွဲတော် မီးနတ်ကို တောက် လောင်စေခဲ့ပြီး ဘေးပတ်ဝန်းကျင်ရှိ ၃ မီတာမြင့်သော မီးပုံသည်လည်း တစ်ပြိုင်နက် ဟုန်းဟုန်း တောက်လောင်ခဲ့ကာ နီရဲတောက်ပနေသောမီးညွှန့်များသည် ကောင်းကင်တစ်ပြင်လုံးကို အနီ ရောင်သန်းစေခဲ့ပါသည်။
မီးတောက်၏ယိမ်းနွဲ့မှုနှင့်အတူ ပြည်သူအများနှင့်ခရီးသွားဧည့်သည်များသည် ဟုန်းဟုန်း တောက်နေသောမီးပုံဘေးတွင် သုံးကြိုးတပ်တယောသံနှင့်အတူ လက်တွဲကာ ပခုံးချင်းယှက်လျက် လူပေါင်းရာချီကျော် စက်ဝိုင်းကြီးအဖြစ် ဝန်းရံပြီး ယီတိုင်းရင်းသားတို့၏ ဘယ်ခြေအကကို ပျော်ရွှင် စွာ ကခုန်ခြင်းပြီး လွတ်လပ်ပျော်ရွင်ခြင်းများဖြင့် မီးတုတ်ပွဲတော်တွင် ပါဝင်ဆင်နွှဲကခုန် လျက် ရှိကြပါသည်။
(www.kuming.cn မှကောက်နှုတ်ဖော်ပြသည်)