Myanmar မှာ ဝက်ဆိုက်
တရုတ်အာကာသယာဉ်"ချန်အော်အမှတ်(၃) " နောက်ဆုံးသုတေသနရလဒ်များက လကမ္ဘာပေါ်တွင် ရေမရှိကြောင်း သက်သေပြ

  တရုတ်ရိုးရာ ဒဏ္ဍာရီလနတ်သမီးအမည်ဖြင့် လွှတ်တင်ခဲ့သော ချန်အော်အမှတ်(၃) နေစွမ်း အင်သုံး လမျက်နှာပြင် စူးစမ်းလေ့လာရေး အာကာသယာဉ်သည် ၂၀၁၃ခုနှစ်၊ ဒီဇင်ဘာလက လမျက်နှာပြင်ပေါ်သို့ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ပြီးနောက် လကမ္ဘာပေါ်တွင် ရောက်ရှိသည်မှာ (၂)နှစ်ခွဲအချိန်ကာလရှိပြီဖြစ်ပြီး ကမ္ဘာပေါ်တွင် လမျက်နှာပြင်၌ အလုပ်လုပ်ချိန်အကြာဆုံးသော အာ ကာသယာဉ်တစ်စင်းအဖြစ် စံချိန်တင်နိုင်ခဲ့ကြောင်း သိရပါသည်။ ယခုမျက်မှောက်ကာလအထိ ချန်အော်အမှတ်(၃)အာကာသယာဉ်မှ ပေးပို့သောကိန်းဂဏန်းအချက်အလက်များသည် ကြီးမား သော သိပ္ပံရေးရာသုတေသန ရလဒ်များဖြစ်ပြီး ၄င်းတို့အနက်အများစုမှာ ကမ္ဘာပေါ်တွင် ပထမဆုံး အကြိမ် တွေ့ရှိချက်များဖြစ်ကာ နိုင်ငံတကာ အာကာသအေဂျင်စီများ၏ အသိအမှတ်ပြုခြင်းများ ရရှိခဲ့ကြောင်း သိရပါသည်။

  ချန်အော်အမှတ်(၃)အာကာသယာဉ်တွင် သိပ္ပံသုတေသနနည်းပညာဆိုင်ရာ ကိရိယာပေါင်း (၈)ခုရှိပြီး လုပ်ဆောင်ချက်အရ (၃)မျိုး ခွဲခြားနိုင်ကြောင်း သိရပါသည်။ ပထမတစ်မျိုးမှာ လမျက် နှာပြင်လေ့လာခြင်းဖြစ်ပြီး အဓိကပါဝင်သောကိရိယာများမှာ မြင်ကွင်းကျယ်ကင်မရာ၊ မြေမျက်နှာ အသွင်အပြင်ရိုက်ကင်မရာ၊ လမျက်နှာပြင်စမ်းသပ်သည့်ရေဒါစသည်တို့ပါဝင်ပါသည်။ ဒုတိယ တစ် မျိုး မှာ အာကာသ(စကြာဝဠာ)ကိုစောင့်ကြည့်စစ်ဆေးခြင်းဖြစ်ပြီး အဓိကအားဖြင့် လမျက်နှာပြင်ကို အခြေခံသည့် အဝေးကြည့်မှန်ပြောင်းမှ တာဝန်ယူဆောင်ရွက်ပေးသည်။ နောက်တစ်မျိုးမှာ ကမ္ဘာ မြေပတ်လည်ရှိ ပလာ(စ)မာ(Plasma)အလွှာကို လေ့လာခြင်းဖြစ်ပြီး ခရမ်းလွန်ကင်မရာဖြင့် လေ့ လာခြင်းဖြစ်သည်။ အသုံးပြုသော သိပ္ပံနည်းပညာဆိုင်ရာကိရိယာများမှာ ပထမဆုံးအကြိမ်အ သုံးပြုခြင်းဖြစ်ကြောင်း သိရပါသည်။

လကမ္ဘာ လှည့်ပတ်ကာလမှာ နှေးကွေးသောကြောင့် တစ်ခုတည်းသော အာကာသ နက္ခတ္တ ပြောင်းလဲသွားသောအခြေအနေကို ကြည့်ရှုလေ့လာရန်အတွက် ပိုမိုအဆင်ပြေစေပါသည်။ သိပ္ပံ ပညာရှင်များမှ လအခြေပြုအဝေးကြည့်မှန်ပြောင်းကို အသုံးပြုကာ လကမ္ဘာ၏ အာတိတ် အထက် ပိုင်းဒေသရှိ အာကာသ နက္ခတ်ကို သိပ္ပံနည်းကျစမ်းသပ်မှုတစ်ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရပါသည်။

  ကာလပတ်တစ်လျှောက်လုံး လူသားတို့သည် လကမ္ဘာပေါ်တွင် ရေရှိမရှိကို စူးစမ်းလေ့လာ ခဲ့ကြပါသည်။ ဤကိစ္စနှင့်ပတ်သက်၍ လအခြေပြု အဝေးကြည့်မှန်ပြောင်းမှ ပေးအပ် လိုက်သော ရလဒ်အဖြေသည် လပေါ်တွင် ရေမရှိပါ။

  တရုတ်နိုင်ငံသိပ္ပံနည်းပညာကျောင်းမှ နိုင်ငံတော်နက္ခတ်ဗေဒဆိုင်ရာသုတေသီက "ကျွန်တော် တို့သည် လမျက်နှာပြင်ပေါ်ရှိ ရေ ဓာတ်ပါဝင်မှုပမာဏကို စမ်းသပ်လိုက်ရာ ရလဒ်မှာ သမိုင်း တစ်လျှောက်တွင် အနည်းဆုံးပမာဏဖြစ်နေပြီး ယခုစမ်းသပ်မှုရလဒ်မှာ ယခင် ခန့်မှန်းထားသော ပမာဏနှင့်ကိုက်ညီကြောင်း"ပြောကြားခဲ့ပါသည်။ ဤသည်မှာ ပထမဆုံးအကြိမ် လကမ္ဘာပေါ်တွင် ရေမရှိကြောင်း သက်သေပြနိုင်ခဲ့ခြင်းပင် ဖြစ်ပါသည်။

  (CCTVသတင်းဌာနမှ ကောက်နုတ်ဖော်ပြသည်။)

新闻推荐