Myanmar မှာ ဝက်ဆိုက်
တရုတ်တိုင်းရင်းဆေး ထုံရိန်ထမ်မှ ကုသပေးခဲ့သည့် ပြည်ပလူနာဦးရေ သန်း(၃၀)ခန့်ရှိ

  နှစ်ပေါင်း(၃၄၇)နှစ်သမိုင်းသက်တမ်းရှိသော တရုတ်ရိုးရာရှေးဟောင်းအမှတ်တံဆိပ်တစ်ခု ဖြစ် သည့် တရုတ်တိုင်းရင်းဆေးတိုက် ထုံရိန်ထမ်သည် ပြည်ပနိုင်ငံပေါင်း (၂၅)နိုင်ငံနှင့် ဒေသများ တွင် လက်လီအရောင်းဆိုင်များ၊ တရုတ်ရိုးရာတိုင်းရင်းဆေးခန်းများ၊ ကျန်းမာရေးစင်တာများ စုစုပေါင်း (၁၁၅)ခု ဖွင့်လှစ်ထားရှိကြောင်း သိရပါသည်။ ထုံရိန်ထမ်ဆေးတိုက်မှ ကုသပေးခဲ့သော ပြည်ပ လူနာရှင်ဦးရေ သန်း(၃၀)ခန့်ရှိခဲ့သောကြောင့် သန်းပေါင်းများစွာသော ပြည်ပနိုင်ငံသားများ သည် တရုတ်နိုင်ငံ၏ ထုံရိန်ထမ်ဆေးတိုက်ကို သိရှိခဲ့ကြပြီး တရုတ်ရိုးရာ တိုင်းရင်းဆေးအကြောင်း ကို လည်း ပိုမိုသိရှိနားလည်လာခဲ့ကြောင်း သိရှိရပါသည်။

  ထုံရိန်ထမ်ဆေးတိုက်မှ ဆေးဝါးများကို ၂၀၀၆ခုနှစ်တွင် ဟောင်ကောင် တာဖူ စက်မှုဇုန်တွင် ပထမဆုံးသော ပြည်ပထုတ်လုပ်မှု သုတေသနဖွံ့ဖြိုးတိုးတက်ရေး အခြေစိုက်စခန်းအဖြစ် တည် ထောင်နိုင်ခဲ့ပါသည်။ စက်ရုံဧရိယာ (၁၁၇၀၀)စတုရန်းမီတာကျယ်ဝန်းပြီး ဟောင်ကောင် တရုတ် ဆေးဝါးလောကတွင် အကြီးဆုံး၊ အခြေအနေအကောင်းမွန်ဆုံး၊ အဆင့်အမြင့်ဆုံးသော ထုတ်လုပ် ရေး အခြေစိုက်စခန်း ဖြစ်ကြောင်း သိရပါသည်။ ဆေးဝါးသုံးစွဲဖူးသူတို့ ရင်းနှီးကျွမ်းဝင်ပြီးဖြစ်သော အမ်းကုန်းညိုဟွမ်ဝမ်၊ Ganoderma sporeစသည့် ဆေးဝါးများမှာ ထုံရန်ထမ်ဆေးတိုက် မှ ထုတ်လုပ်ကာ ကမ္ဘာတစ်ဝန်း ဒေသအသီးသီးသို့ ဖြန့်ချီနေကြောင်း သိရှိရပါသည်။

  ထုံရန်ထမ်ဆေးတိုက် ပင်လယ်ရပ်ခြားတွင် ဖွံ့ဖြိုးတိုးတက်ရသည့်ရည်မှန်းချက်မှာ "တရုတ် လူမျိုးရှိသောနေရာတွင် ထုံရန်ထမ်ရှိရမည်" ဟူသော ရည်ရွက်ချက်ကြောင့် ဖြစ်ပြီး ၂၀၁၃ခုနှစ် တွင် ပီကင်းထုံရန်ထမ်တရုတ်တိုင်းရင်းဆေးကုမ္ပဏီလီမိတက်မှဟောင်ကောင်တွင် ဈေးကွက်ထိုးဖောက် အောင်မြင်စွာ ရောင်းချနိုင်ခဲ့ပြီးနောက် ထုံရန်ထမ်သည် အနောက်တိုင်းဆေးဝါးဈေးကွက်သို့ စတင် ၀င်ရောက်ခဲ့ကြောင်း သိရပါသည်။

  ပြည်ပသို့ တိုးချဲ့လုပ်ဆောင်နေပြီဖြစ်သော နှစ်ပေါင်း(၃၄၇)နှစ်ရှိ တရုတ်တိုင်းရင်းဆေးအမှတ် တံဆိပ် ထုံရိန်ထမ်သည် ပြည်ပဈေးကွက်၏ "စွန့်ဦးတီထွင်လုပ်ဆောင်သူ" ဖြစ်ပြီး ထုံရန်ထမ် မှ အရည်အသွေးနှင့် စစ်မှန်ခြင်းဟူသည့် အရည်အချင်းများဖြင့် တရုတ်တိုင်းရင်းဆေးယဉ်ကျေးမှုကို ကမ္ဘာတစ်ဝန်းသို့ ဖြန့်ဝေနိုင်ခဲ့သည့်အပြင် တရုတ်တိုင်းရင်းဆေးဝန်ဆောင်မှုလုပ်ငန်း၏ ဖွံ့ဖြိုး တိုးတက်မှုကိုလည်း ပိုမိုမြှင့်တင်ပေးနိုင်ခဲ့ကြောင်း သိရပါသည်။

  (တရုတ်သတင်းကွန်ယက်မှ ကောက်နုတ်ဖော်ပြသည်။)

新闻推荐