(၁) ဝမ်းချုပ်သက်သာစေနိုင်ခြင်း။
ကန်စွန်းရွက်တွင် ပိုတက်စီယမ်ဓာတ်နှင့် ကလိုရင်းဓာတ် များစွာပါဝင်သောကြောင့် လူသား တို့၏ ခန္ဓာကိုယ်အတွင်းရှိ ရေဓာတ်ကိုထိန်းညှိပေးနိုင်ခြင်း၊ အူအတွင်း ရေဓာတ်ပြည့်ဝစေခြင်း၊ အူအတွင်းအစာများစုပုံနေမှုလျော့နည်းစေခြင်းများကြောင့် ဝမ်းချုပ်ရောဂါဖြစ်ခြင်းကို သက်သာစေ ပါသည်။
(၂) အပူကျစေခြင်း။
ကန်စွန်းရွက်သည် အအေးစာဖြစ်သောကြောင့် အပူဓာတ်များသောသူများ အစဉ်အမြဲ ကန် စွန်းရွက်စား သုံးပေးခြင်းဖြင့် အပူဓာတ်လျော့နည်းစေနိုင်ပါသည်။ ထို့ပြင် ကန်စွန်းရွက်သည် ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အတောက်များကို ပြင်ပရောက်အောင်ဖယ်ရှားပေးနိုင်ပြီး အမဲရောင်ဒြပ် လျော့နည်းစေခြင်းကြောင့် မျက်နှာအသားအရေ ဖြူဝင်းနူးညံ့စေပါသည်။ ကန်စွန်းရွက်ကို နေ့စဉ် ကြော်ချက်စားသုံးခြင်းဖြင့် အပူလျော့ကျစေနိုင်သည့် အကျိုးအာနိသင် ရရှိစေပါသည်။
(၃) သွေးတွင်းအဆီလျော့ကျစေခြင်း။
ကန်စွန်းရွက်သည် အပူကျသောကြောင့် အစဉ်အမြဲစားသုံးပေးပါက အ၀လွန်ခြင်းမှ ကာ ကွယ်ပေးနိုင်ပြီး အဆီများစုပ်ယူခြင်းကိုလည်း ဟန့်တားပေးနိုင်ခြင်းကြောင့် ဝိတ်လျော့စေနိုင်သော အကျိုးကိုလည်း ရရှိစေပါသည်။ ထို့ပြင် ကန်စွန်းရွက်တွင် Nicotinic acid နှင့် vitamin C ဓာတ်ပေါကြွယ်ဝသော အာဟာရဓာတ်များပါရှိခြင်းကြောင့် သွေးတွင်း ကိုလက်စထရောပါဝင်မှုကို လျော့နည်းစေခြင်း၊ အစဉ်အမြဲစားသုံးပါက သွေးတွင်း အဆီများလျော့ကျစေနိုင်သော အကျိုး အာနိသင်များ ပါရှိပါသည်။
(၄) သွေးတိုးကျစေခြင်း။
ကန်စွန်းရွက်သည် သွေးတိုးကျစေနိုင်ပါသည်။ သွေးတိုးရောဂါရှိသော ဝေဒနာရှင်များ ကန်စွန်း ရွက် နေ့စဉ်စားသုံးပေးရန် အကြံပြုပါသည်။ ထို့ပြင် ကန်စွန်းရွက်သည် နှလုံးသွေးကြော အား ကောင်းစေရန် အထောက်အကူပြုသောကြောင့် နှလုံးသွေးကြောကျဉ်းရောဂါရှိသော ဝေဒနာရှင် များ စားသုံးရန် အကြံပြုပါသည်။
(၅) သွေးတွင်းသကြားဓာတ်လျော့နည်းစေခြင်း။
ကန်စွန်းရွက်သည် ခရမ်းရောင်ရှိအရွက်ဖြစ်ပြီး ခရမ်းရောင်ရှိအရွက်များတွင် အင်ဆူလင် ဓာတ်များပြားစွာပါဝင်ခြင်း၊ အင်ဆူလင်ဓာတ်သည် သွေးတွင်းသကြားဓာတ်လျော့ကျစေနိုင်သော အစွမ်းရှိသောကြောင့် သွေးတွင်း သကြားဓာတ် အလွန်များသော ဝေဒနာရှင်များ အစဉ်အမြဲ ကန်စွန်းရွက်စားသုံးပေးပါက သွေးတွင်းသကြားဓာတ်ကို လျော့နည်းစေနိုင်ပါသည်။ထို့ပြင် ကန်စွန်း ရွက်သည် သွေးတွင်းသကြားဓာတ် အလွန်မြင့်မားသော ဝေဒနာရှင်များအတွက် ရောဂါ ကုသ နိုင်သော ဟင်းရွက်အစာအဖြစ် သတ်မှတ်ခြင်းခံထားရပါသည်။