Myanmar မှာ ဝက်ဆိုက်
Polylactic Acid (PLA) ကို အဖြူရောင်ညစ်ညမ်းမှု' ဖြေရှင်းပေးနိုင်ရန်မျှော်လင့်

  မကြာမီရက်ပိုင်းက တရုတ်နိုင်ငံ၊ ကျဲကျန်းပြည်နယ်၊ ရီဝူမြို့တွင် ကျင်းပပြုလုပ်သည့် 'နိုင်ငံ တကာဇီဝလောင်စာပစ္စည်း အသုံးချနည်းပညာဖွံ့ဖြိုးတိုးတက်ရေး ထိပ်သီးဖိုရမ်'၏ သတင်း အချက် အလက်ဖော်ပြချက်များအရ Polylactic Acid (PLA)ပစ္စည်းကို အမျိုးသမီးလစဉ်သုံးပစ္စည်း ကဏ္ဍ၌ တွင်ကျယ်စွာ အသုံးချပြီး ၊ အသုံးချပစ္စည်းများသည် ပတ်ဝန်းကျင်းအခြေအနေကို ပြောင်းလဲစေ နိုင်မည် ဖြစ်ပြီး 'အဖြူရောင်လေထုညစ်ညမ်းမှု' (White Pollution) များ ဆက်လက်စုပုံနေခြင်း ကို ဖြေရှင်းပေးနိုင်မည်ဟု မျှော်လင့်နေကြောင်း ဖော်ပြထားပါသည်။

  Polylactic Acid (PLA) သည်ဘက်တီးရီးယားပိုးဖြင့်ဆွေးမြေ့ပျက်စီးစေနိုင်သော အရာဝတ္ထု သစ်တစ်မျိုး ဖြစ်ပြီး ရေနံကိုအခြေခံပြုလုပ်ထားသော ပလတ်စတစ်၊ ဓာတုအမျှင် (Chemical Fibre) များကို အစားထိုးနိုင်ကာ အထည်အလိပ်၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပလတ်စတစ်၊ စိုက်ပျိုးရေး လုပ်ငန်းသုံးပလတ်စတစ်၊ ထုပ်ပိုးပစ္စည်းစသည်တို့တွင် တွင်ကျယ်စွာ အသုံးပြုနိုင်ကြောင်း သိရ ပါသည်။ လက်ရှိကာလတွင် ၄င်းဇီဝလောင်စာပစ္စည်းများကို ဆေးကုသမှုဆိုင်ရာ စက်ပစ္စည်း ကိရိယာများ၊ ကလေးငယ်ပန်းကန်ခွက်ယောက်များ၊ စားသောက်ကုန်ထုပ်ပိုးပစ္စည်းများ၊ ဖိုင်ဘာ ပစ္စည်းစသည့်ကဏ္ဍများတွင် အသုံးပြုပြီး ကနဦးဈေးကွက် လက်ခံမှု ရရှိထားပြီးဖြစ်ကြောင်း သိရ ပါသည်။

  Polylactic Acid (PLA)သည် မည်သည့်ဆေးပစ္စည်းမျှဖြည့်စွက်ခြင်းမရှိပါက ဘက်တီးရီယား ပိုးမွှားများကို ခုခံနိုင်သော သဘာဝရှိပါသည်။ အမျိုးသမီးလစဉ်သုံးပစ္စည်းများ၌ အသုံးပြုရာတွင် အဓိကအားဖြင့် Polylactic Acid ဖိုင်ပါမျှင်များပါသည့် အပေါ်ယံအလွှာသည် ရက်ထည်များ အသုံး ပြုထားခြင်း မဟုတ်၊ အောက်ခံအလွှာတွင်လည်း ၄င်းအတိုင်း အသုံးပြုထားခြင်းဖြစ်ပါသည်။ ကျွမ်း ကျင်ပညာရှင်များက လစဉ်သုံးပစ္စည်းများ စွန့်ပစ်ခြင်းသည်လည်း ခက်ခဲသည့် အစိုင်အခဲ တစ်ခု ပင်ဖြစ်ပါကြောင်း ၊ Polylactic Acid (PLA) လစဉ်သုံး ပစ္စည်းများသည် ၄င်းအခက်အခဲ များကို ဖြေရှင်းပေးနိုင်မည်ဖြစ်ပြီး ပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့် လူမှုဘ၀အတွက် အကျိုးပြုနိုင်မည် ဖြစ် ကြောင်း သိရပါသည်။

  (gmw.cnမှ ကောက်နုတ်ဖော်ပြသည်။)

新闻推荐