ဗြိတိန်နိုင်ငံ Edinburgh တက္ကသိုလ်သည် သုတေသနပြုချက်တစ်ရပ်ကို မကြာမီရက်ပိုင်းက ထုတ်ပြန်ခဲ့ရာ ဒြပ်ပေါင်းတစ်မျိုးသည် အကျိုးသက်ရောက်မှုမြင့်မားခြင်း၊ ပတ်ဝန်းကျင်ထိခိုက်မှု မရှိခြင်းများဖြင့် စွန့်ပစ်အီလက်ထရောနစ် Circuit Board မှ ရွှေသတ္တုကျိုထုတ်နိုင်ကြောင်း၊ နောင်အနာဂတ်တွင် စွန့်ပစ်အီလက်ထရောနစ်ပစ္စည်းကိရိယာများမှ ရွှေသတ္တုနှင့် အခြားအဖိုးတန် သတ္တုများကို ထုတ်ယူနိုင်သော နည်းလမ်းသစ်ကို တွေ့ရှိနိုင်လိမ့်မည်ဟု မျှော်လင့်ထားကြောင်း သိရပါသည်။
လက်ရှိ စွန့်ပစ်အီလက်ထရောနစ်ပစ္စည်းကိရိယာများကို ဓာတုနည်းပညာအသုံးပြု၍ Circuit Board အတွင်း ပါဝင်နေသော ရွှေသတ္တုများကို ခွဲထုတ်နိုင်ကြောင်း၊ သို့သော်စွမ်းဆောင်ရည် အနည်းငယ် သာရှိပြီး လုပ်ငန်းဖြစ်စဉ်တွင် ဆိုက်ရာနိုက်စသည့် အဆိပ်ရှိဓာတုပစ္စည်းများကို အသုံးပြုရ သော ကြောင့် ကျန်းမာရေးထိခိုက်နိုင်ြပီး ပတ်ဝန်းကျင်ညစ်ညမ်းမှုများကိုလည်း ဖြစ်ပေါ် စေနိုင်ကြောင်း သိရပါသည်။
Edinburgh တက္ကသိုလ်မှ သုတေသီတို့သည် ဒြပ်ပေါင်းတစ်မျိုးကို ရှာဖွေတွေ့ရှိခဲ့ပြီး ဆက်စပ်ပစ္စည်းအဖြစ်အသုံးပြုနိုင်ကာ ကျိုချက် ဖြစ်စဉ်တစ်ခုလုံးကို ပြောင်းလဲစေနိုင်ကြောင်း ဂျာမနီနိုင်ငံ၏ 'အသုံးပြုဓာတုပစ္စည်း' မဂ္ဂဇင်းအစီရင်ခံစာတွင် ဖော်ပြပြောကြားခဲ့ပါသည်။ သုတေသီတို့သည်၎င်းဒြပ်ပေါင်း၏အသေးစိတ်အမည်ကို မဖော်ပြခဲ့သော်လည်း ၄င်းနည်းပညာ ကို အသုံးပြု၍ ကမ္ဘာတစ်ဝန်းရှိ စွန့်ပစ်အီလက်ထရောနစ်ပစ္စည်းကိရိယာများမှ နှစ်စဉ် ရွှေတန်ချိန် (၃၀၀) ကျိုချက်နိုင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါသည်။
(သိပ္ပံနှင့်နည်းပညာနေ့စဉ်တင်းစာမှ ကောက်နှုတ်ဖော်ပြသည်)