Shaka Tea သည် ကမ္ဘာပေါ်တွင် တစ်ခုတည်းသော Green Tea နှင့် Pu Er Tea စံချိန် စံညွှန်းနှစ်ဆဖြင့် ဖော်စပ်ထားသော မူပိုင်ခွင့်မှတ်ပုံတင်ထားသည့် လက်ဖက်ခြောက်တစ်မျိုး ဖြစ်ပါ သည်။ Shaka Tea ကို ယွင်ရွှေရှန်လုပ်ငန်းမှ ၁၀နှစ် တာ သုတေသနပြု ထုတ်လုပ် ထားခြင်းဖြစ်ပြီး ယူနန်ပြည်နယ်၏ သဘာဝပေါက် လက်ဖက်ခါးပင် အရွက်အားကုန်ကြမ်းအဖြစ် အသုံးပြုထားကာ Green Tea နှင့် Pu Er Tea တို့ကို ကုန်ချောထုတ် လက်မှုနည်းပညာဖြင့် အခြေခံပြုလုပ်ထား ခြင်းဖြစ်ကြောင်း သိရသည်။ မိရိုးဖလာနည်းအတိုင်း Green Tea ကို ထုတ်လုပ်ပါက ကြာရှည်စွာ ထိန်းသိမ်းမထားနိုင်မှုကို ယခု Shaka Tea က ချိုးဖောက်နိုင်ခဲ့သည်။ Green Tea တွင် သဘာဝ အာဟာရဓာတ်ပါဝင်နှုန်း မြင့်မားခြင်း၊ အရသာကောင်းမွန်ခြင်း၊ ရနံ့မွှေးပျံ့ခြင်းစသည့် ထူးခြားချက် များနှင့်ပြည့်စုံကာ Pu Er Tea တွင် ကြာရှည်စွာထိန်း သိမ်းထားနိုင်သော တစ်ခုတည်း သော ထူးခြားချက်နှင့် ကျန်းမာရေး ထူးခြားချက်များ ပါရှိသည်။ Shaka Tea သည် ကမ္ဘာတစ်ဝန်းမှ စားသုံးသူမိဘပြည်သူများအား Green Tea ၏ရနံ့မွှေးပျံ့ကောင်းမွန်မှုကို သောက်သုံး နိုင်မည်ဖြစ် ကာ Pu Er Tea ၏အနံ့အရသာကောင်းမွန်သော ကာလရှည်ကြာစွာ ထိန်းသိမ်းထားနိုင်မှု ရရှိသော ရနံ့ပိုမိုမွှေးပျံ့သည့် Green Tea ကို သောက်သုံးနိုင်ပြီဖြစ်ကြောင်း သိရပါသည်။
Shaka Tea ၏ ထုတ်ကုန်အရည်အသွေး အညွှန်းကိန်းသည် ဥရောပသမဂ္ဂ စံချိန်စံညွှန်းနှင့် ကိုက်ညီသောကြောင့် Shaka Tea သည် တရုတ်နိုင်ငံ၏ တစ်ခုတည်းသော ဥရောပသမဂ္ဂ အီးယူ၏ စံချိန်စံညွှန်းကို ကျော်လွန်သော Green Tea ၊ Pu Er Tea ဖြစ်လာခဲ့ပါသည်။ ၂၀၁၆ ခုနှစ် ယူနန်လက်ဖက်ပြပွဲတွင် Shaka Tea ကို တစ်ရက်သာပြသနိုင်ခဲ့ပြီး ပြည်တွင်း ပြည်ပ ကုန်သည် များမှ အလုအယက်ဝယ်ယူကြကာ ကုန်အမှာစာသဘောတူညီချက်စာချုပ်သည် ၂၀၁၇ ခုနှစ်အ ထိရောက်ရှိနေပြီဖြစ်ကြောင်း သိရပါသည်။
(ယူနန်စီးပွားရေးနေ့စဉ်သတင်းမှ ကောက်နှုတ်ဖော်ပြသည်)