Myanmar မှာ ဝက်ဆိုက်
တရုတ်နိုင်ငံပါမောက္ခတစ်ဦးမှ 'ဆာလောင်မွတ်သိပ်စေခြင်း'ဖြင့် ကင်ဆာဆဲလ်များ သေဆုံးစေနိုင်မှုကို တွေ့ရှိခဲ့

  'ကင်ဆာဆဲလ်များသည် အစားအစာစားသောက်မှသာ ရှင်သန်နိုင်သောကြောင့် အစားအစာ များမရှိလျှင် ကင်ဆာဆဲလ်များသေဆုံးနိုင်သည်'ကို ကျဲကျန်းတက္ကသိုလ် ကင်ဆာသုတေသသနပြု စင်တာမှ ပါမောက္ခ Hu Xun ကပြောကြားခဲ့ကြောင်း သိရပါသည်။ ဤသည်မှာ ရိုးရှင်း သော နိယာမဟုထင်ရသော်လည်း Hu Xun နှင့်သုတေသန ပြုအဖွဲ့သည် 'ဆာလောင်မွတ် သိပ်စေ ခြင်း'ဖြင့် ကင်ဆာဆဲလ်များကို သေဆုံးစေနိုင်သော ကုထုံးနည်းသစ်ကို တွေ့ရှိခဲ့ပြီး နိုင်ငံ တကာ ဇီဝနှင့်ဆေးဝါးပစ္စည်းကဏ္ဍမဂ္ဂဇင်း elife တွင်ထုတ်ပြန်ခဲ့ကာ နိုင်ငံတကာထင်ပေါ်ကျော်ကြားသော ကင်ဆာသုတေသနပညာရှင်များ၏ အားပေးထောက်ခံမှုကိုရရှိခဲ့ကြောင်း သိရပါသည်။

  သုတေသနပြုသူများသည် Alkali ဥပမာ-Sodium Bicarbonate(မုန့်ဖုတ်ဆော်ဒါ)ကို အသုံး ပြု၍ ကင်ဆာ အတွင်းရှိ Hydrogen Ion ကိုဖယ်ရှားခြင်းဖြင့် Lactic Acidနှင့်Hydrogen Ion တို့၏စုပေါင်းညှိနှိုင်းဆောင်ရွက် မှုအကျိုးရလဒ်ကိုပျက်စီးစေနိုင်ပြီး ထိုသို့ပြုလုပ်မှသာ ဂလူးကို့စ် ဓာတ်ဆာလောင်ခြင်းသို့မဟုတ်ကင်ဆာဆဲလ် လိုအပ်ခြင်းများအား လျင်မြန်စွာ နှင့် ထိထိရောက် ရောက် သတ်ဖြတ်နိုင်မည်ဖြစ်ကြောင်း သိရပါသည်။

  ဝမ်းသာရမည်မှာ သုတေသနပြုသူများ၏ ဆေးကုသလေ့လာမှုရလဒ်အရ cTACE ကုထုံး ကို အသုံးပြုကုသသော ဝေဒနာရှင် (၃၇) ဦးတွင် (၁၈) ဦးသာထိရောက်မှုရှိပြီး အထက် ဖော်ပြ ပါကုသနည်း TILA-TACE ကုထုံးဖြင့် ကုသသော ဝေဒနာရှင် (၄၀) ဦးတွင် (၄၀) ဦးလုံး ကို ထိရောက်စွာ ကုသနိုင်ကြောင်းကို တွေ့ရှိခဲ့ရပါသည်။

  'လက်ရှိပဏာမစာရင်းအင်းများအရ ဝေဒနာရှင်များ၏အသက်ရှင်နေထိုင်နိုင်မှုကာလသည် (၃) နှစ်ခွဲ ကျော်ခဲ့ပြီဖြစ်ပြီး နမူနာများကိုဆက်တိုက်လေ့လာမှုပြုလုပ်သွားမည်ဖြစ်ကာ အကယ်၍ အမှန် တကယ် အကျိုး သက်ရောက်မှုရှိပါက အသည်းကင်ဆာဝေဒနာရှင်များအတွက် ကောင်းမွန်သော အခွင့်အရေးတစ်ခုဖြစ်ပါသည်။' ဟုပညာရှင်နှစ်ဦးမှ ပြောကြားခဲ့ကြောင်း သိရပါသည်။

  (www.ccwb.com.cn မှကောက်နှုတ်ဖော်ပြသည်)

新闻推荐