Myanmar မှာ ဝက်ဆိုက်
နေ့စဉ်ကော်ဖီတစ်ခွက်သောက်သုံးပါက အမြင်အာရုံကျဆင်းမှုကို ကာကွယ်ပေးနိုင်

  သုတေသနသစ်တွေ့ရှိချက်များတွင် Cornellတက္ကသိုလ်စားသောက်ကုန်သိပ္ပံဆိုင်ရာ ပါမောက္ခလီနှင့် လုပ်ဖော်ကိုင်ဖက်များသည် အစမ်းသပ်ခံကြွက်တစ်ချို့၏ မျက်လုံးများကို နိုက်ထရစ် အောက်ဆိုဒ်ဓာတ်ငွေ့များဖြင့် ထိတွေ့စေခဲ့ပြီး ထိုဓာတ်ငွေ့မှာ အောက်ဆီဂျင် ဖိအားနှင့် Free Radical များကို ဖြစ်ပေါ်စေနိုင်သည့်အပြင် မျက်စိအမြင်အာရုံခံလွှာကိုပါ ပျက်စီးစေနိုင်ပါသည်။ သုတေသနရလဒ်များကိုနှိုင်းယှဉ်ရာမှ တွေ့ရှိချက်အရ Antioxidant Chlorogenic Acid (CLA)ဖြင့် ကြိုတင်စမ်းသပ်ကာကွယ်ထားခြင်းမရှိသော အစမ်းသပ်ခံကြွက်နှင့်နှိုင်းယှဉ်ပါက CLA နည်းပညာ ဖြင့် ကြိုတင်စမ်းသပ်ကာကွယ်ထားသောအစမ်းသပ်ခံကြွက်များမှာ နိုက်ထရစ်အောက်ဆိုဒ် ဓာတ် ငွေ့ဖြင့် ထိတွေ့သော်လည်း မျက်စိအမြင်အာရုံလွှာ ပြောင်းလဲခြင်းမရှိကြောင်း တွေ့ရှိရပါသည်။ ပါမောက္ခလီ၏ ဖော်ပြချက်အရ ကော်ဖီထဲတွင် Chlorogenic Acid ၉%ပါဝင်ပြီး ဤကဲ့သို့သော Phenolic Natural Antioxidants ဓာတ်မှာ မျက်စိအမြင်အာရုံခံလွှာပျက်စီးမှုအတွက် ကြိုတင် ကာကွယ်ရာတွင် ထိရောက်မှုရှိကြောင်း ဖော်ပြထားပါသည်။ မျက်စိအမြင်အာရုံခံလွှာမှာ လူ့ခန္ဓာ ကိုယ်အတွင်းရှိ ဇီဝရုပ်ဖြစ် ပျက်ပြောင်းလဲရာတွင် အတက်ကြွဆုံးသောတစ်သျှူးဖြစ်ပြီး မျက်စိ အနောက်ဘက်ရှိ အလင်းမိလွယ်နှင့်အာရုံကြော ဆဲလ်များဖြင့် ဖွဲ့စည်းထားသော တစ်သျှူး ဖြစ်ကြောင်း သိရပါသည်။ အောက်ဆီဂျင်ဓာတ်ငွေ့မလုံလောက်မှုနှင့် ခန္ဓာကိုယ်အတွင်းရှိ Free Radicalဖြစ်ပေါ်လာမှုများသည် မျက်စိအမြင်အာရုံခံလွှာကို ယိုယွင်းပျက်စီးစေနိုင်သော အကြောင်း ရင်းများဖြစ်ကြောင်း သိရပါသည်။

  တိရစ္ဆာန်များကို စမ်းသပ်ရာတွင် အသုံးပြုသော Antioxidant Chlorogenic Acid ပမာဏမှာ သာမန်လူတစ်ဦး၏ တစ်နေ့ ကော်ဖီ(၁)ခွက်သောက်သုံးသော ပမာဏနှင့်ညီမျှပြီး ဤသည်ကို ကြည့်ချင်းအားဖြင့် ကော်ဖီနေ့စဉ်သောက်သုံးခြင်းသည် မျက်စိအမြင်အာရုံခံလွှာထိခိုက်မှုအန္တရာယ် ကို ထိရောက်စွာ လျော့နည်းစေနိုင်မည်ဖြစ်ကြောင်း တွေ့ရှိရပါသည်။ ထို့ပြင် ကော်ဖီသောက်သုံး ခြင်းအားဖြင့် အကြောင်းအရာအမျိုးမျိုးကြောင့် ဖြစ်ပေါ်လာသော အမြင်အာရုံကျဆင်းခြင်း နှင့် မျက်စိကွယ်ခြင်းအန္တရာယ်များကိုလည်း ကာကွယ်ပေးနိုင်ကြောင်း သိရပါသည်။

新闻推荐