ဆောင်းဦးရာသီသည် ရာသီဥတုအပြောင်းအလဲမြန်ဆန်ကာ မည်သည့်အချိန်က ၀င်ရောက် လိုက်ခြင်းကိုပင် မသိလိုက်ပဲ နေထိုင်မကောင်းခြင်းဖြစ်မှသာလျှင် ဥတုရာသီပြောင်းလဲသွားကြောင်း သတိထားမိတတ်ကြသည်။ ဆောင်းဦးရာသီတွင် စားသုံးသင့်သည့်အစားအစာများနှင့် လုပ် ဆောင် သင့်သည့် ကုထုံးများ၊ အလေ့အကျင့်များကို ဖော်ပြပေးလိုက်သည်။
ရာသီပေါ်အစားအစာများ
ဆောင်းဦးရာသီတွင် ရာသီဥတုခြောက်သွေ့ကာ စိတ်တိုလွယ်သောကြောင့် အပူနည်းပြီး ကိုယ်တွင်းအေးမြစေသည့် အစားအစာများကို စားသုံးသင့်ပါသည်။ ဥပမာ- ကြာစွယ်၊ သစ်တော် သီး၊ ကြံ၊ မှိုဖြူ၊ ဂန္ဓာမာပန်းစသည်တို့ဖြစ်ပါသည်။
၁။ အသားအရေစိုပြည်လိုပါက ကြာစွယ်များများစားသုံးပေးသင့်သည်။
ကြာစွယ်ကို အစိမ်းစားနိုင်သကဲ့သို့ ချက်ပြုတ်၍လည်း စားသုံးနိုင်ပါသည်။ ကြာစွယ်သည် အသားအရေ စိုပြည်စေပြီး ရေဓာတ်ပေါများကာ ရေငတ်ပြေ၊ အာခြောက်ပြေစေနိုင်သည့်အပြင် အဆုတ်အား ကောင်းစေနိုင်ကာ သရက်ရွက်နှင့်အစာအိမ်အတွက်လည်း ကောင်းမွန်စေကြောင်း သိရပါသည်။
၂။ ကိုယ်တွင်းအင်္ဂါကောင်းမွန်လိုပါက ပျားရည်ကို ရွေးချယ်သင့်ပါသည်။
ပျားရည်သည် ကိုယ်တွင်းအင်္ဂါ ကောင်းမွန်စေခြင်း၊ အဆုတ်အားကောင်းစေခြင်း၊ ၀မ်းမှန် စေခြင်း၊ ဆေးဝါးအဆိပ်ပြေစေခြင်းနှင့် သရက်ရွက်ကောင်းမွန်စေခြင်း စသည့် ကောင်းကျိုးများ ပါရှိပါသည်။
၃။ သွေးအားကောင်းးစေလိုသော် စပျစ်သီးစားသုံးပေးသင့်သည်။
ဆောင်းဦးရာသီတွင် အချဉ်ဓာတ်များများစားသုံးပေးရမည်ဖြစ်သည်။ စပျစ်သီးမှာ သွေးအား ကောင်းစေပြီး ရေငတ်ပြေ၊ အာခြောက်ပြေစေကာ ခန္ဓာကိုယ်အတွင်းရှိ အညစ်အကြေးများ၊ အပူဓာတ်များကို ဖြေလျှော့ပေးနိုင်ပါသည်။
ကျန်းမာရေးနှင့်ညီညွှတ်သော ကုထုံးနည်းလမ်းများ
၁။ ခါးဆန့်၍ ဆောင်းဦးရာသီ၏ မောပန်းနွမ်းနယ်မှုကို ဖြေပျောက်ခြင်း
လက်ဆန့်ခါးဆန့်ခြင်းမှာ ရင်ဘတ်မှ နှလုံး၊ အဆုပ်စသည့်ကိုယ်တွင်းအင်္ဂါများအပေါ် ဖိမိခြင်း ကြောင့် ဖြစ်ပြီး ခါးဆန့်လိုက်ခြင်း အားဖြင့် အောက်ဆီဂျင်ကို ခန္ဓာကိုယ်အတွင်းရှိအင်္ဂါအရပ်ရပ်သို့ ပို့ဆောင်နိုင်ကာ ကြွက်သားများကိုလည်း ဖြေလျော့ပေါ့ပါးစေနိုင်ပြီး ပြန်လည် လန်းဆန်း စေနိုင် မည်ဖြစ်ပါသည်။
၂။ အသက်ရှုထုတ်သွင်းခြင်းဖြင့် အဆုတ်ကျန်းမာစေနိုင်ခြင်း
မျက်လုံးမှိတ် စိတ်လျှော့ပြီး ငြိမ်သက်စွာထိုင်နေကာ အသက်ပြင်းပြင်းရှုပေးရမည်ဖြစ်သည်။ အသက်ရှုစဉ်တွင် လျှာ ဖြင့် အထက်အာခေါင်ကို ထောက်ထားပြီး နှာခေါင်းဖြင့် လေကို ရှုသွင်း ရမည်ဖြစ်ပါသည်။ ထို့နောက် လေကိုဖြည်းညင်းစွာ ရှုထုတ်ရမည်ဖြစ်ပြီး ရှုထုတ်စဉ်တွင် စိတ်ထဲ၌ "စီး" ဟူသောစာလုံးကို ရွက်ဆိုနေကြမည်ဖြစ်ကာ (၃၆) ကြိမ်ခန့်ပြုလုပ်ပါ က အဆုတ်ကို ကျန်းမာ ကောင်းမွန်စေနိုင်မည်ဖြစ်ကြောင်း သိရပါသည်။
၃။ အဆုတ်အားကောင်းလိုပါက လက်ဖျံရိုးအာရုံကြောကို နှိပ်ပေးသင့်သည်။
လက်ဖျံရိုး အာရုံကြောကိုနှိပ်ပေးခြင်းအားဖြင့် အဆုတ်အားကောင်းစေပြီး ချောင်းဆိုးခြင်း နှင့်ချွဲကျပ်ခြင်းများကို သက်သာစေနိုင်ကာ အကြောများ ပြေလျော့စေနိုင်မည်ဖြစ်ပါသည်။