Myanmar မှာ ဝက်ဆိုက်
ပညာမဆည်းပူးနိုင်ခဲ့သော်ငြား ကမ္ဘာအနှံ့တွင် စီးပွားရေုး လုပ်ငန်းများ လုပ်ဆောင်နိုင်ခဲ့သူ

  ကျွန်မကိုယ်တိုင်ပင် လောင်ကန်းမားအမှတ်တံဆိပ်ကို နိုင်ငံပေါင်းမည်မျှခန့်တွင် ရောင်းချနေ သည်ကို မခန့်မှန်းနိုင်ပေ။ သို့သော် ကျွန်မပြောပြနိုင်သည်မှာ တစ်ကမ္ဘာလုံးတွင် တရုတ်လူမျိုးရှိ သည့်နေရာတိုင်း၌ လောင်ကန်းမားရှိပါသည်။

  လောင်ကန်းမားကို စတင်ထုတ်လုပ်ခဲ့သော ထောင်ဟွာပိသည် ကွေ့ကျိုးပြည်နယ် မေထန် ခရိုင်၏ ဝေးလံသော တောင်ပေါ်ရှိရွာတစ်ရွာမှဖြစ်ပြီး ငယ်စဉ်က ဆင်းရဲနွမ်းပါးသောကြောင့် အတန်း ပညာပင် မသင်ကြားယူနိုင်ခဲ့ပေ။သူသည် မိမိ၏နာမည် "ထောင်ဟွာပိ" ဟူသော စကားလုံး (၃) လုံးကိုသာ နားလည်သိရှိထားကြောင်း သိရပါသည်။

  ထောင်ဟွာပိသည် အသက်(၂၀)အရွယ်တွင် ဘူမိဗေဒဆိုင်ရာစစ်ဆေးလေ့လာသူနှင့် အိမ် ထောင်ကျခဲ့ပြီး နှစ်အနည်း ငယ်အကြာတွင် ခင်ပွန်းဖြစ်သူမှာ ရောဂါဝေဒနာဖြင့် ကွယ်လွန် သွား ပြီးနောက် ထောင်ဟွာပိနှင့် ကလေး(၂)ယောက် ကျစ်ရစ်ခဲ့ပါသည်။ စားဝတ်နေရေးအတွက် ထောင်ဟွာပိသည် တောင်ပိုင်းဒေသရှိ ကွမ်တုံးပြည်နယ်သို့ သွားရောက် အလုပ်လုပ်ကိုင်ခဲ့ရသည်။ ထောင်ဟွာပိသည် အလုပ်တွင် ပြင်ပအစားအစာများကို ၀ယ်ယူစားသုံးရန်မတတ်နိုင်သော ကြောင့် မိမိအိမ်မှ ငရုတ်သီးများကိုယူဆောင်လာကာ ငရုတ်သီးအနှစ်အဖြစ်ပြုလုပ်ပြီး ထမင်းဖြင့် သုတ်စား ခဲ့ရသည်။ ထိုငရုတ်သီးအနှစ်များကို အရာသာအမျိုးမျိုးဖြစ်စေရန် အဆက်မပြတ် ပြုပြင် ပြောင်းလဲ လုပ်ဆောင်ခဲ့ရာမှ အရသာဆန်းပြားကောင်းမွန်သော ငရုတ်သီးအနှစ်ကို ထုတ်လုပ်နိုင်ခဲ့သည်။ ထိုဖော်စပ်နည်းကို "လောင်ကန်းမား" ထုတ်ကုန်မှ ယခုလက်ရှိအချိန်အထိ ဆက်လက်အသုံးပြု လျက်ရှိကြောင်း သိရပါသည်။

  ယခုလက်ရှိတွင် ကုန်စည်ထောက်ပံ့မှုကိုအာမခံနိုင်ရန်အတွက် လောင်ကန်းမားသည် "လုပ် ငန်း+အခြေခံစခန်း+တောင်သူလယ်သမား"ဟူသော လယ်ယာထုတ်လုပ်ရေး လုပ်ငန်း ကွင်းဆက် တစ်ခုကိုထူထောင်ခဲ့ပြီး ကုန်ကြမ်းအများစုမှာ လောင်ကန်းမားထုတ်ကုန်၏ ကိုယ်ပိုင် ထုတ်လုပ်မှု အခြေစိုက်စခန်းမှဖြစ်ကြောင်း သိရပါသည်။ ထောင်ဟွာပိ၏ပြောကြားချက် တွင် အဓိက ပြောကြား လေ့ရှိသည်မှာ ကိန်းကဏန်းနှစ်အုပ်စုကိုသာဖြစ်ပါသည်။ ပထမမှာနိုင်ငံတော်ကို ပေးဆောင်ခဲ့ သော အခွန်ငွေပမာဏဖြစ်ပြီး ဒုတိယမှာ ကူညီထောက်ပံ့ပေးခဲ့သော တောင်သူလယ်သမား အရေ အတွက်ပင် ဖြစ်ပါသည်။ ၂၀၁၄ ခုနှစ်တွင် လောင်ကန်းမားငရုတ်အနှစ်ထုတ်ကုန်မှ (၃)နှစ်အတွင်း အခွန်ငွေ တရုတ်ယွမ်ငွေ (၁.၈) ဘီလီယံပေးဆောင်နိုင်ပြီး တောင်သူလယ်သမား စုစုပေါင်း (၈)သန်းကို စီးပွားဖြစ်ထွန်းစေခဲ့ကြောင်း ထောင်ဟွာပိက ပြောကြားခဲ့ပါသည်။

  ထောင်ဟွာပိ၏ ရိုးရှင်းသော စီးပွားရေးဆိုင်ရာတွေးခေါ်မှုမှာ "ကျွန်မသည် အစိုးရကို တစ်ပြားမှ အကြွေးတင်ခြင်း မရှိပါ။ ၀န်ထမ်းလုပ်သားများအပေါ်လည်း တစ်ပြားမှ အကြွေးတင်ခြင်း မရှိပါ။ အကြွေးတစ်ပြားရှိနေလျှင်ပင် အိပ်မပျော် နိုင်ပါ။ ထို့ကြောင့် စီးပွားရေး ကိုယ်စားလှယ်များနှင့် ကုန် စည်ပေးသွင်းသူများအကြားတွင်လည်း အချင်းချင်း အကြွေး တင်ခြင်းမရှိပါ။ ကျွန်မသည် မည် သည့် လူတစ်ဦးတစ်ယောက်အပေါ်သို့ အကြွေးတင်ခြင်းမရှိသကဲသို့ အခြားသူများကိုလည်း အ ကြွေး မတင်စေချင်ပါ။"

  ကာလကြာမြင့်သည့်အချိန်အတွင်းမှာပင် လောင်ကန်းမားငရုတ်အနှစ်လုပ်ငန်းမှာ ဈေးကွက်၏ အားပေးတွန်းပို့မှုကိုခံနေရပြီး ထိုကဲ့သို့ ဖြစ် စေခြင်း၏ အဓိကအကြောင်းရင်းမှာ ထုတ်ကုန် ပင်ဖြစ်ပါသည်။ "ကောင်းမွန်သောထုတ်ကုန်သည် ဈေးကွက်ကို ဦးဆောင် ရယူနိုင်မည်ဖြစ်ပြီး ကုန်အမှတ်တံဆိပ်ကို ထုတ်ကုန်၏ကာကွယ်မှုခံတပ်အဖြစ်ထားရှိနိုင်ပါက ဈေးကွက်ယှဉ်ပြိုင်မှုတွင် အောင်မြင်မှုရရှိစေနိုင်မည်ဖြစ်ပါသည်။"

  လောင်ကန်းမားငရုတ်အနှစ်လုပ်ငန်းသည် ကြော်ငြာခြင်း၊ ဈေးကွက်ဖြန့်ဝေမြှင့်တင်ခြင်း လုံးဝ မရှိပါ။ ထုတ်ပိုးမှုကို လည်း အသစ်လဲလှယ်ခြင်းမရှိသည့်အပြင် အရသာနှင့် အရည်အသွေး မှာလည်း ပြောင်းလဲခြင်းမရှိပါ။ ဤကဲ့သို့နှစ်ပေါင်း များစွာ တစ်မူထူးခြားသော လုပ်ငန်း လုပ်ဆောင် မှုများဖြင့် ထူထောင်ထားသော ကုန်အမှတ်တံဆိပ်တံတိုင်းကြီးသည် လောင်ကန်းမားငရုတ်အနှစ် လုပ်ငန်း အောင်မြင်ခြင်း၏ အခြေခံအကြောင်းအရင်းပင်ဖြစ်ကြောင်း သိရပါသည်။

  ထောင်ဟွာပိ၏စီးပွားရေးသဘောတရားမှာ အလွန်ပင်ရိုးရှင်းလှပါသည်။ ငရုတ်သီးအနှစ်ကို ယခင်ကမည်ကဲ့သို့ ထုတ်လုပ်ခဲ့ပါက နောက်ပိုင်းတွင်လည်း ထိုကဲ့သို့ဆက်လက်ထုတ်လုပ်သွားမည် ပင်ဖြစ်ပါသည်။

新闻推荐