အမေရိကန်နိုင်ငံဒုတိယအကြီးဆုံးဆက်သွယ်ရေးကုမ္ပဏီ AT&T သည် ဓာတ်ကြိုးများကို အသုံးပြု၍ အင်တာနက် အချက်ပြလှိုင်းများကို ထုတ်လွှင့်ပို့ဆောင်ပေးနိုင်သော နည်းလမ်းအသစ် တစ်ခုကို အောင်မြင်စွာ တီထွင်နိုင်ခဲ့ကြောင်း သိရပါသည်။ ဤနည်းပညာကို "AirGig" ဟု အမည်ပေးခဲ့ပြီး အထူးထုတ်လုပ်ထားသော ကောင်းကင်ကြိုးများကို ဓာတ် တိုင်ထိပ်တွင် တပ်ဆင် ထားခြင်းအားဖြင့် ကောင်းကင်ကြိုးများမှ ထုတ်လွှတ်လိုက်သော ကြိုးမဲ့အချက်ပြလှိုင်းများမှာ ဓာတ် ကြိုးကိုရစ်ပတ်၍ ပြင်ပသို့ထုတ်လွှတ်ပေးသွားမည်ဖြစ်ပါသည်။ ဤသို့အားဖြင့် အင်တာနက် အချက် ပြလှိုင်းများကို ဈေးနှုန်းချိုသာစွာဖြင့် အခြားဝေးလံသောနေရာဒေသများသို့ ထုတ်လွှတ်ပို့ဆောင် ပေး နိုင်မည်ဖြစ်ပြီး အခြားသော လျှပ်စစ်နန်းကြိုးများတပ်ဆင်ရန်မလိုတော့ကြောင်း သိရပါသည်။ ယခုလက်ရှိတွင် တစ်ကမ္ဘာလုံး၌ လူဦးရေ (၃.၉) ဘီလီယံ ခန့် အင်တာနက်ကွန်ယက်ဆက်သွယ်မှု မရရှိသေးကြောင်း ယခုတီထွင်ခဲ့သောနည်းပညာသစ်၏ စီးပွား ရေးအလားအလာမှာ ကြီးမား ကြောင်း သိရပါသည်။ ယခင်က IBM နှင့် Googleစသည့်ကုမ္ပဏီများသည်လည်း ဓာတ်ကြိုး မှတစ်ဆင့် အင်တာနက်ထုတ်လွှတ်ပို့ဆောင်ရန် ကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှုမရရှိခဲ့ဘဲ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ခဲ့သော ကြိုးမဲ့အင်တာနက်နည်းပညာ၏ အစားထိုးခြင်းကိုခံခဲ့ရကြောင်း သိရပါသည်။ AirGig ၏ အများ နှင့် မတူသော ထူးခြားချက်မှာ အင်တာနက်ကွန်ယက်ကို ဓာတ် ကြိုးမှတစ်ဆင့်ထုတ်လွှတ်ခြင်းမဟုတ်ဘဲ ဓာတ်ကြိုးကို ရစ်ပတ်၍ ထုတ်လွှတ်ခြင်းပင်ဖြစ်ပါသည်။ ယခုလက်ရှိတွင် AirGig မှာ စမ်းသပ်မှုအဆင့်သာရှိနေပြီး လာမည့်နှစ်တွင် လက်တွေ့စမ်းသပ် မှု များပြုလုပ်သွားရန် စီစဉ်ထားကြောင်း သိရပါသည်။ စီးပွားရေးပုံစံအဖြစ်လုပ်ကိုင်လိုပါက အနည်း ဆုံး(၃)နှစ်မှ (၅) နှစ် အထိ စောင့်ဆိုင်းသွားရန်လိုအပ်ကြောင်း သိရပါသည်။