၂၀၂၀ခုနှစ် တိုကျိုအိုလံပစ်အားကစားပြိုင်ပွဲတွင် စမတ်ဖုန်းများနှင့်အခြား အီလက်ထရောနစ် ပစ္စည်းများ၏ စွန့်ပစ်ပစ္စည်များကို အသုံးပြု၍ အိုလံပစ်ပြိုင်ပွဲဆုတံဆိပ်အဖြစ် ပြုလုပ်မည့် ရွှေတံဆိပ်၊ ငွေတံဆိပ်နှင့်ကြေးတံဆိပ်များတွင် လိုအပ်သောသတ္တုများအဖြစ် အသုံးပြုထုတ်လုပ်သွားမည် ဖြစ် ကြောင်း ၂၀၂၀ခုနှစ်တိုကျိုနွေရာသီအိုလံပစ်ပွဲဦးဆောင်ကျင်းပမည့် အဖွဲ့မှ ပြောကြားခဲ့ကြောင်း သိရပါသည်။ အိုလံပစ်ကျင်းပရေးကော်မတီအဖွဲ့အစည်းများ၊ အစိုးရ အရာရှိများ၊ အဆင့်မြင့် စီမံခန့်ခွဲသူများတို့သည် ဇွန်လတွင် အစည်းအဝေးပွဲတစ်ခု ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေတွင် အဆိုပါစီမံကိန်းနှင့်ပတ်သက်၍ ပထမဆုံးအကြိမ် ဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။ ၎င်းတို့က ဤစီမံကိန်းကို အသုံးချ၍ ကမ္ဘာအရပ်ရပ်ရှိ ပြည်သူပြည်သားများအား "အီလက်ထရောနစ် စွန့်ပစ်ပစ္စည်း"များအကြောင်း နားလည်သိရှိလာစေရန် အထောက်အကူဖြစ်စေလိမ့်မည်ဟု မျှော် လင့်ထားကြောင်း သိရပါသည်။ ထို့အတူ ဂျပန်နိုင်ငံမှ ပိုမိုပြည့်စုံကောင်းမွန်သောစနစ်ကို အကောင် အထည်ဖော်ဆောင်သွားရန်လိုအပ်ပြီး အီလက်ထရောနစ်စွန့်ပစ်ပစ္စည်းများကို စုဆောင်း အသုံးပြု သွားမည်ဖြစ်ကြောင်း သိရပါသည်။
ဂျပန်နိုင်ငံ Nikkei သတင်းဌာန၏ ထုတ်ပြန်ချက်အရ ဂျပန်နိုင်ငံမှစွန့်ပစ်လိုက်သော အီလက်ထရောနစ်စွန့်ပစ်ပစ္စည်းအတွင်း ရွှေ ပါဝင်မှုနှင့်ငွေပါဝင်မှု ၁၆% နှင့် ၂၂% အသီးသီးရှိပြီး ဤသည်မှာ အိုလံပစ်ဆုတံဆိပ်များ ထုတ်လုပ်ရန် လုံလောက်ကြောင်း သိရပါသည်။ ၂၀၁၂ခုနှစ် အိုလံပစ်ပြိုင်ပွဲတွင် အားကစားသမားများကို ချီးမြှင့်လိုက်သော ဆုတံဆိပ်များတွင် ရွှေ (၉.၆)ကီလို ဂရမ်၊ ငွေ(၁၂၁၀)ကီလိုဂရမ်၊ ကြေး(၇၀၀)ကီလိုဂရမ်ခန့် အသုံးချခဲ့ကြောင်း သိရပါသည်။ ဂျပန်နိုင်ငံ Nikkei သတင်းဌာန၏ ကိန်းကဏန်းဖော်ပြချက်များအရ ၂၀၁၄ ခုနှစ်တွင် ဂျပန်နိုင်ငံမှ အီလက် ထရောနစ်စွန့်ပစ်ပစ္စည်းများ ပြန်လည်သိမ်း ဆည်းရာမှ ရွှေ(၁၄၃)ကီလိုဂရမ်၊ ငွေ(၁၅၆၆)ကီလိုဂရမ်၊ ကြေး(၁၁၁၂)တန်ခန့် ပြန်လည်ရရှိခဲ့ကြောင်း သိရပါသည်။
ဂျပန်နိုင်ငံသည် နှစ်စဉ် အီလက်ထရောနစ်စွန့်ပစ်ပစ္စည်းတန်ချိန်(၆.၅)သိန်းခန့်ထုတ်လုပ်နိုင်ပြီး ပြန်လည်သိမ်းဆည်းလိုက်သော အီလက်ထရောနစ်စွန့်ပစ်ပစ္စည်းတန်ချိန်မှာ (၁)သိန်းခန့်ရှိပါသည်။ ဂျပန်နိုင်ငံအစိုးရမှ အီလက်ထရောနစ်စွန့်ပစ်ပစ္စည်းများဖြင့် အိုလံပစ်ဆုတံ ဆိပ်ကို ထုတ်လုပ်ခြင်း အားဖြင့် အီလက်ထရောနစ် စွန့်ပစ်ပစ္စည်းများကို ပြန်လည်အသုံးပြုရန် အားပေးမြှင့်တင်သွား နိုင်မည်ဖြစ်ကြောင်း သိရပါသည်။