ကြိုးမဲ့ထုတ်လွှင့်မှုတိုင်းတွင် လျှပ်စစ်သံလိုက် ဓာတ်ရောင်ခြည်ဖြာထွက်မှုများရှိပြီး ကြိုးမဲ့ အင်တာနက်လိုင်းမှာလည်း ဖြာထွက်မှုရှိကြောင်း သိရပါသည်။ သို့သော် ကြိုးမဲ့ router ၏ လုပ် ဆောင်နိုင်စွမ်းမှာ စွမ်းအားအလွန်သေးငယ်လှသောကြောင့် လျှပ်စစ်သံလိုက် ဓာတ်ရောင်ခြည်ဖြာ ထွက်မှုမှာလည်း လွန်စွာအားနည်းလှကြောင်း သိရပါသည်။ အချို့သော ကြိုးမဲ့ router များ၏ လျှပ်စစ်သံလိုက်ဓာတ်ရောင်ခြည်ဖြာထွက်မှုပမာဏမှာ ဖုန်းတစ်လုံးထုတ်လွှတ်မှုပမာဏ၏ (၁/၂၀၀) ဖြစ် သောကြောင့် ကြိုးမဲ့အင်တာနက်ကွန်ယက်ကို အသုံးပြုခြင်းမှာ လူ့ခန္ဓာကိုယ်နှင့် ကျန်းမာရေး အတွက် ထိခိုက်မှုမရှိကြောင်း သိရပါသည်။ သို့သော်အချို့သော ကြိုးမဲ့ router တွင်မူ လျှပ်စစ် သံလိုက်ဓာတ်ရောင်ခြည်ဖြာထွက်မှုရှိသောကြောင့် ကျန်းမာရေးအတွက် ထိုခိုက်မှုရှိနိုင် ပါသည်။ ယခုလက်ရှိတွင် အသုံးများသော IEEE 802 llb ကြိုးမဲ့ကိရိယာ၏ (၂)လက်မအကွာ အဝေးတွင် ဖြစ်ပေါ်စေသော လျှပ်စစ်သံလိုက်ဖြာထွက်မှုမှာ (၁)စတုရန်းမီတာလျှင် ပျှမ်းမျှအားဖြင့် (၂) မိုက်ခရို ၀ပ်ရှိပြီး IEEE802.llg ထုတ်ကုန်မှာမူ လျှပ်စစ်သံလိုက်ဖြာထွက်မှုနည်းပါးပါသည်။ FCC မှ သတ်မှတ်ထားသော ဘေးကင်းလုံခြုံသည့် လျှပ်စစ်သံလိုက်ဖြာထွက်မှုကန့်သတ်ချက်မှာ (၁)စတုရန်းမီတာလျှင် (၁၀၀၀) မိုက်ခရိုဝပ်ဖြစ် သောကြောင့် အခန်းတစ်ခန်းထဲတွင် Wifi ကြိုးမဲ့ အင်တာနက် ကွန်ယက်ကိရိယာများစွာ တပ်ဆင်ထားသော်လည်း လူ့ခန္ဓာကိုယ်အတွက် သက် ရောက် မှုရှိမည် မဟုတ် ကြောင်း သိရပါသည်။
သို့သော် သတိထားသင့်သည်မှာ ကြိုးမဲ့routerအချို့ သို့မဟုတ် APတို့မှာ လွှမ်းမိုးမှု အတိုင်းအ တာကို မြှင့်တင်ရန်အတွက် ဖြာထွက်နိုင်မှုနှုန်းအားကို တိုးမြှင့်ထားကြပြီး အချို့သော ရုံးခန်း တွင်လည်း ကြိုးမဲ့အင်တာနက်လိုင်းဆွဲအား မြှင့် တင်သည့် စက်ကိရိယာကိုပါ တပ်ဆင် အသုံးပြုကြ သောကြောင့် လျှပ်စစ်သံလိုက်ဖြာထွက်မှုပမာဏမှာလည်း (၅၀၀၀)မဂ္ဂါဝပ်မှ (၁၀၀၀၀) မဂ္ဂါဝပ်သို့ မြှင့်တက်သွားသောကြောင့် လျှပ်စစ်သံလိုက်ထုတ်လွှင့်သည့် ပင်ရင်းကိရိယာအနီးတွင်ရှိ သော သုံးစွဲသူများသည် ကျန်းမာရေးအတွက် စိုးရိမ်ဖွယ်ရှိကြောင်း သိရပါသည်။
(toutiao.comမှကောက်နုတ်ဖော်ပြသည်။)