Myanmar မှာ ဝက်ဆိုက်
ညရက်ခြားဟင်းကျန်များ စားသုံးနိုင်ပါသလား

  စားသောက်ကုန်သိပ္ပံရှုထောင့်မှကြည့်လျှင် ဟင်းများကိုနေ့ညခြားခြင်း၊ မခြားခြင်းက ပြဿနာ မဟုတ်ဘဲ ချက်ပြီးသား ဟင်းများသိမ်းထားသည့်ဖြစ်စဉ်အတွင်း မည်သို့ ပြောင်းလဲဖြစ်ပွားခဲ့ခြင်း သည်သာ အဓိကလက်တွေ့ပြဿနာ ဖြစ်ပါသည်။ လူအများစုမှာ ဟင်းသီးဟင်းရွက်အတွင်းရှိ နိုက်ထရိတ်သည် နိုက်ထရိုက်အဖြစ်ပြောင်းလဲသွားမည်ကို စိုးရိမ်ကြပြီး ထိုပြောင်းလဲမှုဖြစ်စဉ်ကို ဟင်းသီးဟင်းရွက်အတွင်းရှိ ပြန်လည်ဖြည့်ဆည်းပေးသောအင်ဇိုင်း(Reductase) မှ ပြန်လည် လုပ်ဆောင်ပေးနိုင်သော်လည်း ဟင်းသီးဟင်းရွက်များကိုအပူပေးချက်ပြုတ်သည့်ဖြစ်စဉ်အတွင်း ထိုအင်ဇိုင်းများမှာ လှုပ်ရှားထကြွမှုဆုံးရှုံးသွားသောကြောင့် ထိုနည်းလမ်းမှာလည်း သက်ရောက်မှု မရှိတော့ပေ။ ချက်ပြုတ်ပြီးသော ဟင်းသီးဟင်းရွက်များမှာ ရောဂါပိုးမွှားရှင်သန်ကြီးထွားလာစေ ရန်အတွက် ပိုမိုဖြစ်စေပြီး သင့်လျော်သောအခြေအနေအောက်တွင် ရောဂါပိုးမွှားများမှာလည်း ပမာဏများပြားစွာ ပေါက်ရောက်ရှင်သန်လာနိုင်ကာ ထိုရှင်သန်ကြီးထွားမှု ဖြစ်စဉ် အတွင်း နိုက် ထရိတ်များမှာလည်း နိုင်ထရိုက်အဖြစ်သို့ပြောင်းလဲသွားနိုင်ကြောင်း သိရပါသည်။

  နိုက်ထရိုက်ဓာတ်များအစာအိမ်အတွင်းသို့ဝင်ရောက်ပြီးနောက် သတ်မှတ်ထားသော အခြေအ နေ အောက်တွင် Nitroso ဓာတ်ပေါင်း(NC)တစ်မျိုးဖြစ်ပေါ်လာတတ်သည်။ ဤသည်မှာ အစာအိမ် ကင်ဆာဖြစ်စေခြင်း၏ အကြောင်းရင်းတစ်ခုပင်ဖြစ်ပါသည်။ အထူးသဖြင့် ရာသီဥတု ပူပြင်းချိန်တွင် ညခြားထားသောထမင်းဟင်းလျာများမှာ ရောဂါပိုးမွှားကူးစက် ပြန့်ပွားမှုပိုမိုလျင်မြန်ပြီး ပမာဏ များပြားစွာ မျိုးပွားစေနိုင်သောကြောင့် အစာအိမ်ရောင်ခြင်း၊ အူရောင်ခြင်း၊ အစာအဆိပ် သင့်ခြင်းစသည်တို့ကိုဖြစ်ပေါ်လာစေတတ်ပါသည်။ အကယ်၍ ဟင်းလျာအများအပြားချက်ထားပြီး နောက်နေ့တွင် ပြန်နွေးစားရန် စီစဉ်ထားပါက ဖြစ်နိုင်လျှင် ရိုးတံရှိဟင်းသီးဟင်းရွက်များကို မချက်ပြုတ်သင့်ဘဲ အသီးများကိုသာ ချက်ပြုတ်ထားသင့်ပါသည်။ထို့ကြောင့် ညရက်ခြားထားသော "ဟင်းကျန်" များမှာ စားသုံးရန် မသင့်လျော်ပေ။

  (တရုတ်လယ်ယာထုတ်ကုန်ကွန်ယက်မှကောက်နုတ်ဖော်ပြသည်။)

新闻推荐