အင်္ဂလန်နိုင်ငံသတင်းမီဒီယာများ၏ဖော်ပြချက်အရ အမေရိကန်နိုင်ငံ သိပ္ပံပညာရှင်များသည် မစင်စသည့် ညစ်ညမ်းဝတ္ထုများ မှ ဇီဝလောင်စာရေနံအဖြစ်ပြောင်းလဲနိုင်သော နည်းစနစ်ကို တွေ့ရှိခဲ့ပြီး ရေငွေ့ဖြင့်အရည်ဖြစ်စေသောဖြစ်စဉ်ကို အသုံးပြု၍ ရေနံကဲ့သို့သောအစိုင်အခဲကို ထုတ်လုပ်နိုင်ကြောင်း တွေ့ရှိခဲ့သည်။ ဤသည်မှာ နောင်အနာဂတ်တွင် လောင်စာများကို မစင်မှ ထုတ်လုပ်နိုင်မည်ဟု ဆိုလိုနေသလိုဖြစ်နေပြီလား။ထိုနည်းပညာသစ်သည် နှစ်စဉ်ထုတ်လုပ်သော (၃၄) ဘီလီယံဂါလံ (၁၂၉ သန်းကုဗ မီတာခန့်) ရှိ ညစ်ညမ်းရေများကို သန်း (၃၀) ပုံး ရေနံ အဖြစ်ပြောင်းလဲပေးနိုင်မည်ဖြစ်ပြီး လေထုညစ် ညမ်းမှု၊ စွမ်းအင်နှင့် အကြွင်းအကျန် လုံးဝမရှိသော ရေဆိုးလုပ်ဆောင်ခြင်းကို အကောင်အထည်ဖော်နိုင်ကာ ဇီဝ လောင်စာရေနံ၊ အခြား လောင်ကျွမ်း အရာဝတ္ထုနှင့် ဓာတုထုတ်ကုန်ပစ္စည်းအဖြစ် ပြုလုပ်နိုင်မည်ဖြစ်ပါသည်။ ငယ်စဉ်အခါက ရင်းနှီး ခဲ့သော ဇီဝဓာတ်ငွေ့စနစ်နှင့်နှိုင်းယှဉ်ပါက ယခုလိုစွမ်းအင်ပြောင်းလဲနိုင်မှုသည် ပို၍ပင် ရယ်စရာ ဖြစ်နေလေသည်။ ထိုနည်းပညာသည် လက်ရှိအချိန်တွင် Utah ပြည်နယ်
Genifuel Corporation ၏ခွင့်ပြုချက်ကိုရရှိထား ပြီး ထိုကုမ္ပဏီနှင့် ဗန်ကူးဗားဒေသသည် သရုပ်ပြစက်ရုံတစ်ရုံကို ပူးပေါင်း တည်ထောင်မည်ဖြစ်ကာ ကုန်ကျငွေမှာ အမေရိကန်ဒေါ်လာ (၈) သန်းမှ (၉) သန်းရှိမည်ဟု ခန့်မှန်းထားကြောင်း သိရပါသည်။
(tech.ifeng.comမှ ကောက်နှုတ်ဖော်ပြသည်)