မှန်ကန်သောဆေးသောက်ချိန်နှင့် အချိန်အပိုင်းအခြားကို သတ်မှတ်ရခြင်းမှာ ဆေးဝါး၏ အ ကျိုးသက်ရောက်မှု အာနိသင်ကို အာမခံရန်အတွက်ဖြစ်ပြီး ဆေးဝါး၏ဘေးထွက်ဆိုးကျိုးများကို လျော့ချရှောင်ရှားရန်အတွက်ဖြစ်ပါသည်။ထို့အပြင် ရောဂါအခြေအနေနှင့် သောက်သုံးမည့် ဆေးဝါး ၏အသေးစိတ်အခြေအနေကို လိုက်၍ ဆေးဝါးသောက် သုံးမည့်အချိန်ကို ချိန်ညှိပေးရမည်ဖြစ် ကြောင်း တရုတ်နိုင်ငံပီကင်းရှယ်ဟယ်ဆေးရုံဆေးဝါးဖော်စပ်မှုဌာနမှ ဆေးဝါး ကျွမ်းကျင်ပညာရှင်၏ ပြောကြားချက်အရ သိရပါသည်။
ဟော်မုန်းဓာတ်ဆေးဝါးများဖြင့် ဥပမာပေးရသော် ကျောက်ကပ်အထက်ဂလင်း၏ စိမ့်ထွက်ရည် ဟော်မုန်း ထွက် ရှိမှု အမြင့်ဆုံးကာလမှာ မနက်ပိုင်း (၇)နာရီမှ (၁၀)နာရီအတွင်းဖြစ်သောကြောင့် ဟော်မုန်းဓာတ်ကုသဆေးဝါးများကို မနက်ခင်းပိုင်းတွင် သောက်သုံးပါက အသင့်တော်ဆုံးဖြစ် ကြောင်း သိရပါသည်။
ကယ်ဆီယမ်ဓာတ်ဖြည့်ဆေးဝါးများကိုမူ မအိပ်ခင်သောက်သုံးသင့်ပါသည်။ အဘယ်ကြောင့် ဆိုသော် လူ့ခန္ဓာကိုယ်အတွင်းရှိ ကယ်ဆီယမ်အဆင့်မှာ ညသန်းခေါင်နှင့်နံနက်ခင်းတွင် အနိမ့်ဆုံး အဆင့်သို့ ရောက်ရှိနေသောကြောင့် ဖြစ်ပါသည်။
ထို့အပြင် ဆေးဝါး၏သဘောသဘာဝကိုလိုက်၍လည်း သောက်သုံးမည့်အချိန်ကို သတ်မှတ် ထားရမည်ဖြစ်ပါသည်။အစာအိမ်အမြှေးကာကွယ်ဆေးမှာ ကာကွယ်မှုအကာဖြစ်ပေါ်စေရန်အတွက် အစာအိမ်လှုပ်ရှားမှုမြှင့်တင်ပေးသော ဆေးအာနိသင်ကို ထုတ်လွှတ်သည်။ ပဋိဇီဝဆေးများမှာ လည်း အစာစားသုံးပြီးနောက် ဆေးဝါးစုပ်ယူမှုကို ထိ ခိုက်စေနိုင်သဖြင့် အစာမစားခင်သောက် သုံးသင့်ကြောင်း သိရပါသည်။
(gzdaily.dayoo.com မှကောက်နုတ်ဖော်ပြသည်။)