Myanmar မှာ ဝက်ဆိုက်
ကမ္ဘာလုံး ဆိုင်ရာ Supercomputer အဆင့်(၅၀၀)၀င်စာရင်းတွင် တရုတ်နိုင်ငံမှ ဆက်တိုက် ပထမရရှိ

ကမ္ဘာလုံးဆိုင်ရာ Supercomputer အဆင့်(၅၀၀)၀င် အမည်စာရင်းသစ်ကို ထုတ်ပြန်ခဲ့ရာ တရုတ်နိုင်ငံ "စိန်ဝေး ထိုက်ဟူကျီးကွမ်း" မှာ Floating Point အရှိန်နှုန်း တစ်စက္ကန့်လျှင် 9.3 trillion per second ဖြင့် ပထမနေရာရရှိခဲ့ပြီး ယခင်အကြိမ် ပထမရရှိခဲ့သော တရုတ်နိုင်ငံ "ထျန်းဟယ် အမှတ်(၂)" မှာ ယခုအကြိမ်တွင် ဒုတိယနေရာရရှိခဲ့ကြောင်း သိရပါသည်။ တရုတ်နိုင်ငံသည် (၄)နှစ်ဆက်တိုက် Supercomputer စာရင်းတွင် ပထမရရှိခဲ့ကြောင်း သိရပါသည်။ ယခင်က Super computer အဆင့်(၅၀၀)၀င်အမည်စာရင်းထဲတွင် အမေရိကန်နိုင်ငံ၏ Supercomputer စာရင်းဝင်အရေအတွက်မှာ ကာလကြာရှည်စွာ ဦးဆောင်ထားလျက်ရှိပါသည်။ ယခုနှစ် တရုတ် နိုင်ငံစာရင်းဝင်မှုနှုန်းထားမှာ ၃၃.၃% ခန့်ရှိပြီး အေ ရိကန်နိုင်ငံ၏ စာရင်းဝင်မှုနှုန်းထားမှာ ၃၃.၉% ရှိကြောင်း သိရပါသည်။ ခြုံငုံသုံးသပ်ကြည့်သော် ယခုနှစ် Supercomputer၏ Floating Point Speed မှာ ယခင်နှစ်ထက် ၆၀% ခန့်တိုးမြှင့်လာပြီး နောက်တစ်ဆင့်တွင် Super computer မှာ တွက်ချက်နိုင်စွမ်းကို Hundred Billion Times Per Second အထိ တိုးချဲ့ လုပ်ဆောင် သွားမည်ဖြစ်ပြီး အကြီးစားကိန်းဂဏိန်းအချက်အလက်၊ ကွန်ပျူတာဖြင့် ထိန်းချုပ်သော လုပ်ငန်း ကဏ္ဍများအတွက်ပြောင်းလဲတိုးတက်မှုအသစ်များ ဖြစ်ပေါ်လာစေနိုင်မည်ဖြစ်ကြောင်းသိရပါသည်။

  (mil.news.sina.com.cn မှ ကောက်နုတ်ဖော်ပြသည်။

新闻推荐