Myanmar မှာ ဝက်ဆိုက်
ယူနန်ပြည်နယ်အထူးထုတ်ကုန် "၀ိန်ချူးကော်ဖီ"

ယူနန်ပြည်နယ်တွင် တမူထူးခြားသောကော်ဖီတစ်မျိုးရှိသည်။ ၎င်းကော်ဖီမှာ အမျိုးသမီး များ၏ ပါးစပ်ဖြင့် ကော်ဖီစေ့ကို အခွံခွာကာ လှော်ထားခြင်းဖြစ်ပြီး အရသာတမူထူးခြားသော ကြောင့် ဒေသခံများမှ "၀ိန်ချူးကော်ဖီ" ဟုခေါ်ဆိုကြကြောင်း သိရသည်။ ၄င်းကော်ဖီစေ့သည် ရင့်မှည့်ချိန်တွင် ချယ်ရီသီးကဲ့သို့ နီးမြန်း လျက်ရှိပြီး ယူနန်ပြည်နယ်ရှိဒေသအများစုရှိ အမျိုးသား၊ အမျိုးသမီးများသည် ခူးဆွတ်လာသော ကော်ဖီများကို မိမိတို့၏ပါးစပ်ဖြင့် အခွံခွာလေ့ရှိပြီး အခွံ ခွာထားသော ကော်ဖီစေ့များကို နေပူလှန်းကာ ကျောက်ဆုံဖြင့် ထောင်း၍ ဆန်ခါချကာ ရွေး ချယ်ထားသော ကော်ဖီစေ့များကို လှော်လိုက်ပြီးနောက် ကျောက်ဆုံဖြင့် အမှုန့်ကြိတ်လိုက်ပါက ဧည့်သည်များကို ဧည့်ခံရန် အကောင်းဆုံးသော ကော်ဖီဖြစ်လာပါသည်။

ယူနန်ပြည်နယ် တက်ဟုန်းပြည်နယ်ခွဲမန်စီမြို့သည် ယူနန်ပြည်နယ်၏ ကော်ဖီအဓိက စိုက်ပျိုး ထုတ်လုပ်သည့်ဒေသဖြစ် သည့်အပြင် ယူနန်ပြည်နယ်၏ ကော်ဖီစိုက်ပျိုးမှု အစောဆုံး ဒေသ တစ်ခု လည်းဖြစ်ပါသည်။ တက်ဟုန်းပြည်နယ်ခွဲသည် တရုတ်နိုင်ငံ၏အကြီးဆုံးသော ကော်ဖီမျိုးစေ့ဗီဇ ရင်းမြစ်စခန်းဖြစ်သည့် တရုတ်စိုက်ပျိုးရေးဝန်ကြီးဌာန ရွှေလီမြို့ ကော် ဖီစေ့ အရည်အသွေးအရင်း အမြစ်ပျိုးခင်း တည်ရှိပြီး စိုက်ပျိုးရေးဝန်ကြီးဌာနမှ ပထမဦးဆုံးခွင့်ပြုခဲ့ သော အပူပိုင်းဒေသ စိုက်ပျိုးသီးနှံအရည်အသွေးအရင်းအမြစ်ပျိုးခင်း(၉)ခုအနက်မှ တစ်ခုအပါအ၀င်ဖြစ် ကြောင်း သိရပါသည်။ တက်ဟုန်းပြည်နယ်ခွဲ ကော်ဖီစိုက်ပျိုးမှုတွင် ကော်ဖီအာရေးဘီးကား (Coffee Arabica) ကို အဓိကစိုက်ပျိုးကြပြီး ကော်ဖီအထွက်နှုန်းမှာ လည်း (၃၆၃.၅)ကီလိုဂရမ်ဖြင့် တရုတ်တစ်နိုင်ငံလုံး၏ ထွက်နှုန်းအမြင့်ဆုံးစံချိန်တင်ထားသော ဒေသလည်းဖြစ်ကြောင်း သိရပါ သည်။ (တရုတ်နိုင်ငံ ၏ပျှမ်းမျှကော်ဖီထွက်နှုန်းမှာ တစ်ဧကလျှင် ၈၀-၁၀၀ ကီလိုဂရမ်ဖြစ်ကြောင်း သိရပါသည်။)

  ယူနန်ကော်ဖီကို ပင်လယ်ပြင်ထက်အမြင့် (၁၀၀၀-၂၀၀၀)မီတာရှိ အပူပိုင်း ချိုင့်ဝှမ်း ဒေသများတွင် အများဆုံးစိုက်ပျိုးကြပြီး သဘာဝပတ်ဝန်းကျင်အခြေအနေ အားသာမှုကြောင့် ကော်ဖီအာရေးဘီးကား စိုက်ပျိုးရှင်သန်ရန် အလွန်သင့်တော်ကာ တရုတ်နိုင်ငံတွင် အရည်အသွေး မြင့် ကော်ဖီစိုက်ပျိုးရန် အသင့်လျော်ဆုံးဒေသဖြစ်ကြောင်း သိရပါသည်။

  (People.com.cnမှကောက်နုတ်ဖော်ပြသည်။)

新闻推荐