အစာအိမ်လမ်းကြောင်း၊ အူလမ်းကြောင်းစစ်ဆေးမှုပြုလုပ်ခဲ့သူတိုင်း မည်မျှနာကျင်ကြောင်း ကို သိရှိနားလည်ကြမည်ဖြစ်ပါသည်။ သို့သော် သိပ္ပံနှင့်နည်းပညာများ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုး တက် လာသည်နှင့်အမျှ ယခုအခါ နည်းပညာသစ်များကို ပိုမိုအသုံးပြုလာကြပါသည်။ ဤ ဆေး တောင့် စက်ရုပ်မှာ နာကျင်မှုဝေဒနာကို သက်သာစေနိုင်မည့် အကောင်းဆုံးသော နည်းလမ်းတစ်ခု ဖြစ်ပါသည်။
ဆေးတောင့်စက်ရုပ်မှာအလွန်သေးငယ်သော်လည်း အတွင်းပိုင်းတွင် စက်ကိရိယာပေါင်း (၃၀၀)ကျော်ခန့် ထည့် သွင်းထားပြီး နည်းပညာသီးခြားပိုင်ဆိုင်ခွင့်ရရှိထားသော နည်းပညာ ပေါင်း (၁၀၀)ကျော်ခန့် ပါဝင်ကြောင်း နည်းပညာစမ်း သပ်လေ့လာမှုစီမံကိန်းတွင်ပါဝင်သော ဒေါက်တာ ရွှင်သန့်သန့်၏ပြောကြားချက်အရ သိရပါသည်။ ဆေးတောင့်စက်ရုပ်မှာ အစာအိမ်စစ်ဆေးမှုကို ထိန်းချုပ်နိုင်သည့်အခြေအနေကို ဖန်တီးပေးနိုင်ခဲ့ပါသည်။ လူနာသည် သာမန်ဆေး တောင့် အရွယ် အစား ခန့်ရှိသော စက်ရုပ်ကို မျိုချလိုက်ခြင်းအားဖြင့် အစာအိမ်အတွင်းရှိ ဖုံးကွယ်နေသော ရောဂါဖြစ်ပွားမှုနေရာကို ဘက်ပေါင်းစုံမှဖော်ပြကြည့်မြင်နိုင်မည်ဖြစ်ကြောင်း သိရပါသည်။
တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် အလွန်ရှားပါးသော ဆေးတောင့်စက်ရုပ်အောင်မြင်စွာ တီထွင်ထုတ်လုပ်နိုင်ပြီး လက်တွေ့အသုံးပြုနိုင်ခဲ့သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ တရုတ်နိုင်ငံမှ တီထွင်ထုတ်လုပ်ထားသော ကိုယ်တွင်းအင်္ဂါ ကြည့်ရှုစစ်ဆေးနိုင်သည့် ဆေးတောင့် စက်ရုပ် ထုတ်ကုန်၏ ကုန်ကျစရိတ်မှာ တရုတ်ယွမ်ငွေ(၃၀၀၀-၅၀၀၀)ခန့်ရှိပြီး လူနာအများစုမှ စတင် လက်ခံ လာကြကြောင်း သိရပါသည်။ ယခုလက်ရှိတွင် တရုတ်နိုင်ငံမှတီထွင်ထုတ်လုပ်ထားသော ကိုယ်တွင်းအင်္ဂါ ကြည့်ရှုစစ်ဆေးနိုင်သည့်ဆေးတောင့်စက်ရုပ်နည်းပညာကို တရုတ်ပြည်တွင်းရှိ ထိပ်တန်းဆေးရုံ (၁၀၀)ကျော်နှင့် လက်တွေ့စမ်းသပ်မှုစင်တာ(၂၀၀)ကျော်တွင် အသုံးပြုလျက်ရှိ ကြောင်း သိရပါသည်။
(toutiao.comမှ ကောက်နုတ်ဖော်ပြသည်။)