Myanmar မှာ ဝက်ဆိုက်
ဆားဝက်ခြံများ လွယ်ကူစွာ ဖယ်ရှားနည်း

  ဆားဝက်ခြံရှိခြင်းသည် အလှအပရေးရာကို ထိခိုက်စေရုံသာမက အသားအရေကျန်းမာရေးအတွက်ပါ များစွာ ထိခိုက်နိုင်သောကြောင့် ဆားဝက်ခြံ မည်ကဲ့သို့ ကာကွယ်ခြင်းနှင့်ဖယ်ရှားခြင်း နည်းလမ်းများကို သိရှိနားလည် ရန် လိုအပ်ပါသည်။

  အချိန်ကာလကြာရှည်စွာ ဆားဝက်ခြံများ မရှင်းလင်းခြင်းကြောင့် ဖြစ်ပေါ်စေသော အန္တရာယ်များမှာ (၁) နှာခေါင်း အလှထိခိုက်ခြင်း (၂) ချွေးပေါက်များပိတ်ဆို့စေခြင်း (၃) ပြင်းထန်ပါက အရေးပြားရောင်ရမ်းမှု၊ ကူးစက်မှုကို ဖြစ်ပွား စေနိုင်ပါသည်။

  ယနေ့သင့်အတွက် ဆားဝက်ခြံဖယ်ရှားနည်းလမ်းများနှင့်မိတ်ဆက်ပေးမည်ဖြစ်ပြီး အစဉ်မမြဲပြုလုပ် ပေးခြင်းဖြင့် သင်၏အသားအရေ ပြန်လည်ဖြူဝင်းနူးညံ့မှုကို ရရှိလာစေနိုင်မည်ဖြစ်ပါသည်။

  မိတ်ကပ်ဖျက်ဆီဖြင့် ဆားဝက်ခြံဖယ်ရှားခြင်း။

  ကိရိယာ ။ ။ မိတ်ကပ်ဖျက်ဆီ/မိတ်ကပ်ဖျက်ခရင်(မ်)၊ ကြက်သီးရေနွေး၊ cotton pad၊ toner ၊ မျက်နှာသစ် ဆေး

  အသုံးပြုနည်း ။ ကြက်သီးရေနွေးဖြင့် နှာခေါင်းကို ဦးစွာဆေးကြောသန့်စင်ခြင်းဖြင့် နှာခေါင်းရှိချွေးပေါက်များ ကို ပွင့်စေနိုင်ပါသည်။ မိတ်ကပ်ဖျက်ဆီအသင့်အတင့်ယူပြီး နှာခေါင်းပေါ်တွင်ပွတ်လိမ်းထားပါ၊ ပြီးနောက် လက်ချောင်း များဖြင့် ငါးမိနစ်ကြာ နှာခေါင်းအား ဖြေးညှင်းနှိပ်နှယ်ပေးပါ၊ မိတ်ကပ်ဖျက်ဆီများ ချွေးပေါက်အတွင်း သို့ ပျော်ဝင် စေရန်ဖြစ်ပါသည်။ မျက်နှာသစ်ဆေးဖြင့် မိတ်ကပ်ဖျက်ဆီအား ဆေးကြောသန့်စင်ပြီးနောက် Cotton Pad ဖြင့် Toner ကိုဆွတ်ပြီး နှာခေါင်းပေါ်တွင် ငါးမိနစ်မျှ အုပ်ထားပေးခြင်းဖြင့် နှာခေါင်းပေါ်ရှိ ချွေးပေါက်များကို ကျဉ်းစေနိုင်ပါသည်။

  ကောင်းကျိုးများ ။ တစ်ပတ်လျှင် နှစ်ကြိမ်ခန့် မိတ်ကပ်ဖျက်ဆီဖြင့် နှာခေါင်းအား သန့်စင်ပေးပါက နှာခေါင်း မျက်နှာ ပြင်ပေါ်ရှိ ဆားဝက်ခြံများကို ထိရောက်စွာ ဖယ်ရှားပေးနိုင်ပြီး ဝက်ခြံများကိုလည်း ထိုနည်းတူ ပြုလုပ်ပေးပါက အကျိုးသက်ရောက်မှုရှိစေနိုင်ပါသည်။

  Hair Dryer ဖြင့် ဆားဝက်ခြံဖယ်ရှားခြင်း။

  ကိရိယာ ။ ။ Hair Dryer ၊ မိတ်ကပ်ဖျက်ဆီ၊ Plastic wrap၊ Toner

  အသုံးပြုနည်း ။ မိတ်ကပ်ဖျက်ဆီကို နှာခေါင်းပေါ်ရှိ ဆားဝက်ခြံပေါ်တွင် ဦးစွာသုတ်လိမ်ပေးပါ၊ ပြီးနောက် Plastic wrap ကိုအသုံးပြု၍ နှာခေါင်းပေါ်တွင် ကပ်ထားပါ၊ Hair Dryer ဖြင့် အနည်းငယ်ဝေးသည့်နေရာမှ စက္ကန့် (၃၀) ကြာ အပူပေးပါ။ ပြီးလျှင် Plastic wrap ကိုဖယ်ရှားပြီး ကြက်သီးရေနွေးဖြင့် နှိပ်နှယ်ကာသန့်စင်ပေးပါ၊ Toner ဖြင့် နှာခေါင်းပေါ်တွင်လိမ်းပေးခြင်းဖြင့် နှာခေါင်းပေါ်ရှိချွေးပေါက်များကို ကျဉ်းစေနိုင်ပါသည်။

  ကောင်းကျိုးများ။ ဤနည်းလမ်းဖြင့် နက်ရှိုင်းသောချွေးပေါက် အပိုင်းရှိ ဆားဝက်ခြံ၊ အဆီများကို လျင်မြန်စွာ သန့်စင် စေနိုင်ပါသည်။ သို့သော် တစ်ပတ်လျှင် တစ်ကြိမ်သာ ပြုလုပ်သင့်ပါသည်။

  မှတ်ချက် ။ ။ ချွေးပေါက်အလွန်ကျယ်သော အသားအရေအတွက် ထိုနည်းလမ်းကို အသုံးမပြုရန် အကြံပြုလိုပါသည်၊ သို့မဟုတ်ပါက ချွေးပေါက်များ ပိုမိုကျယ်ခြင်းကို ဖြစ်စေနိုင်ပါသည်။

  ထမင်းလုံးဖြင့် ဆားဝက်ခြံသန့်စင်ခြင်း။

  ကိရိယာ ။ ။ ပူနွေးသောထမင်း၊ Toner

  အသုံးပြုနည်း ။ ထမင်းအိုးထဲမှ ပူနွေးသောထမင်း အနည်းငယ်ကိုယူပြီး ထမင်းလုံးပုံသဏ္ဍာန်ရအောင်လုံးပေးပါ။ ပြီးလျှင် နှာခေါင်းအလယ်တွင် ကပ်ထားပြီး ဘေးပတ်ပတ်လည်အား စက်ဝိုင်းပုံသဏ္ဍာန်ပြုလုပ်ပေးပါ၊ ထမင်းများ အား လုံးနှာခေါင်းပေါ်တွင် ကပ်သွားပြီးနောက် ရေဖြင့် စင်ကြယ်စွာ ဆေးကြောပြီး Toner လိမ်းပေးပါ။

  ကောင်းကျိုးများ ။ လတ်ဆတ်သောထမင်းလုံးသည် စုပ်ယူအားကောင်းသောအာနိသင်အစွမ်းရှိပြီး ဆားဝက်ခြံနှင့် အိုမင်းသော အသားအရေများကို လွယ်ကူစွာ စုပ်ယူဖယ်ရှားပေးနိုင်သောကြောင့် ပစ္စည်းကောင်း ပြီး ဈေးသက်သာ သော သန့်ရှင်းမှုကို ပေးနိုင်သည့် အလှကုန်ပစ္စည်းပင်ဖြစ်ပါသည်။

  ဆော်ဒါမှုန့်ဖြင့် ဆားဝက်ခြံဖယ်ရှားခြင်း။

  ကိရိယာ ။ ။ ဆော်ဒါမှုန့်၊ cotton pad၊ ရေသန့်၊ မျက်နှာပေါင်းတင်ပန်းကန်၊ ရေမြှုပ်၊ Toner

  အသုံးပြုနည်း ။ ဆော်ဒါမှုန့်နှင့်ရေသန့်အား ၁း၂ ဖြင့် မျက်နှာပေါင်းတင်ပန်းကန်ထဲတွင် ရောနှောထည့်ပါ၊ ပြီး လျှင် Cotton pad အား သုံးမိနစ်ကြာစိမ်ထားပါ။ ပိုလျှံနေသောရောစပ်ရေများကို နှာခေါင်းပေါ်တွင် ဦးစွာလိမ်း ထားပါ၊ ပြီးနောက် cotton pad အားယူပြီး ၁၀ မိနစ်ကြာနှာခေါင်းပေါ်တွင် ကပ်ထားပြီး ရေမြှုပ်ဖြင့်ဖြေးညှင်းစွာ သုတ်လိမ်း ပေးပါ။ ပြီးလျှင် toner ဖြင့် သုတ်လိမ်းလိုက်ပါ။

  ကောင်းကျိုးများ။ ဆော်ဒါမှုန့်သည် ချွေးပေါက်အတွင်းသို့ ဝင်နိုင်စွမ်းရှိပြီး နက်ရှိုင်းသော အပိုင်း၏ ချွေးပေါက်ထဲရှိ ဆားဝက်ခြံများနှင့် မသန့်ရှင်းသောအရာများကို သန့်စင်စေနိုင်ပါသည်။

  (ကျန်းမာရေးနေ့စဉ်သတင်းစာမှ ကောက်နှုတ်ဖော်ပြထားသည်)

新闻推荐