Myanmar မှာ ဝက်ဆိုက်
သက်သတ်လွတ်စားသုံးသူများ ဂရုပြုသင့်သည့်အချက်များ

  သက်သတ်လွတ်စားခြင်းဆိုသည်မှာ အသား၊ အိမ်မွေးတိရစ္ဆာန်၊ ပင်လယ်စာစသည့် တိရစ္ဆာန်အသားများနှင့်အ ခြား ထုတ်ကုန်များကို စားသုံးခြင်းမပြုခြင်းဖြစ်ပါသည်။ လူအများစုသည် အသားမစားပဲ သက်သတ်လွတ်စားသုံးခြင်း သည် အလွန်ကျန်းမာသော လူနေမှုဘ၀ပုံစံဖြစ်သည်ဟု ထင်မြင်နေကြပါသည်။ သို့သော်အမှန်တကယ်မှာ ဤသို့ မဟုတ်ပေ။ သက်သတ်လွတ်စားသုံးသူများအတွက် သာမာန်အားဖြင့် အာဟာရချို့တဲ့သောအန္တရာယ်ကို အမြဲတစေ တွေ့ကြုံခံစားနေရပါသည်။ဗီတာမင်B12ချို့တဲ့မှုကြောင့်ပင်ပန်းနွမ်းနယ်ခြင်း၊လျှာရောင်ရမ်းနာခြင်း၊Hyperhomocystinemia ရောဂါများ ဖြစ်ပေါ်လာစေနိုင်ကြောင်း၊ ပရိုတိန်းဓာတ်ချို့တဲ့မှုကြောင့် ရေဖျဉ်းနာဖြစ်ခြင်း၊ ဆံပင်ကျွတ်ခြင်း၊ ကြွက် သား အားနည်းခြင်းစသည့် ရောဂါလက္ခဏာများ ဖြစ်ပေါ်လာစေကြောင်း N-3 များပြားမပြည့်ဝအဆီဓာတ် (Polyunsaturated Fatty Acids) ချို့တဲ့ခြင်း၊ နှလုံးသွေးကြောဆိုင်ရာ ရောဂါပြဿနာများဖြစ်ပေါ်လာခြင်း၊ သံဓာတ်၊ ဇင့်ဓာတ်၊ ဆယ်လီနီ ယမ်ဓာတ်စသည့် သတ္တုဓာတ်ချို့တဲ့ခြင်း၊ အသားရေမှေးမှိန်ခြောက်သွေ့ခြင်း၊ သွေးအားနည်းခြင်း၊ ခုခံအားညံ့ကာ အလွန်တကူဖျားနာခြင်းစသည့် ရောဂါပြဿနာများနှင့် ရင်ဆိုင်ရလျက်ရှိကြောင်း သိရပါသည်။

  တိရစ္ဆာန်အသားများအတွင်း၌ ဗီတာမင် B12၊ ပရိုတိန်းဓာတ်၊ သံဓာတ်၊ ဇင့်ဓာတ်၊ N-3 မပြည့်ဝအဆီအက်စစ် ဓာတ်စသည့် အာဟာရဓာတ်များပြည့်ဝသောကြောင့် အာဟာရပါဝင်မှုနှင့် စုပ်ယူနှုန်းအပိုင်းများတွင် ဟင်းသီးဟင်းရွက် များမှာ အသားဓာတ်ကဲ့သို့အပြည့်အ၀ပေးဆောင်နိုင်ခြင်းမရှိပေ။ ထို့ကြောင့် သက်သတ်လွတ်စားသုံးသူများအတွက် အာဟာရဓာတ်မျှတမှုသည် လွန်စွာပင် အရေးကြီးကြောင်း သိရပါသည်။

  သက်သတ်လွတ်စားသုံးသူများမှာ အာဟာရဓာတ်မျှတစေရန် မည်သို့စားသုံးရမည်နည်း။

  (၁)ကောက်ပဲသီးနှံများကို အဓိကစားသုံးပေးရမည်။ အစားအစာမျိုးစုံစားသုံးပေးရမည်။ သက်သတ်လွတ် စားသုံးသူ များမှာ တစ်နေ့လျှင် ကောက်ပဲသီးနှံ(၂၅၀-၄၀၀)ဂရမ်ခန့် စားသုံးပေးရန် လိုအပ်ပြီး ကောက်ပဲသီးနှံတစ်မျိုးတည်းကို အနည်းဆုံး(၁၂၀-၂၀၀) ဂရမ်ခန့် စားသုံးပေးရမည်ဖြစ်ကြောင်း သိရပါသည်။

  ၂။ နေ့စဉ်ပဲထုတ်ကုန်များကို စားသုံးပေးရမည်။ ပဲထုတ်ကုန်များထဲတွင် အရည်အသွေးမြင့်ပရိုတိန်းဓာတ်၊ မပြည့်ဝအဆီ အက်စစ်ဓာတ်၊ ဗီတာမင် B အုပ်စုစသည်တို့ပါဝင်သောကြောင့် သက်သတ်လွတ်စားသုံးသူများအတွက် အလွန်အရေးပါ သောအစားအစာတစ်မျိုးဖြစ်ပါသည်။ တစ်နေ့လျှင် အခွံမာသီး(၃)လုံးခန့်၊ (၅-၁၀)ဂရမ် ပင်လယ်ရေညှိနှင့်မှိုများစားသုံး ပေးရမည်ဖြစ်ပါသည်။ နေ့စဉ်ဟင်းရွက်နှင့်သီးနှံများ အပြည့်အ၀စားသုံးပေးရန် လိုအပ်ပါသည်။

  ၃။ သင့်လျော်သောစားသုံးဆီကိုရွေးချယ်ပေးရမည်

  စားသုံးဆီကို n-3များပြားမပြည့်ဝအဆီအက်စစ်ဓာတ်ပြည့်ဝသော စားသုံးဆီကိုရွေးချယ်စားသုံးပေးရန် အကြံပြု အပ်ပါသည်။ ဥပမာ- ရွက်ညိုရှမ်းနှမ်းဆီ၊ နှမ်းကြတ်ဆီ၊ ဟင်းရွက်ဆီ၊ ပဲဆီစသည်တို့ဖြစ်ပါသည်။

  (Dehong Popular Science မှ ကောက်နုတ်ဖော်ပြသည်။)

新闻推荐