Myanmar မှာ ဝက်ဆိုက်
လိမ္မော်သီးအစားများပါက "Carotenemia" ရောဂါဖြစ်ပွားနိုင်

  လိမ္မော်သီးအများအပြားစားသုံးပါက "အ၀ါရောင်လူသား" ဖြစ်လာနိုင်မည်လော။ လိမ္မောသီးကို အလွန့်အကျွံ့ အများအပြားစားသုံးပါက "Carotenemia" ရောဂါဖြစ်ပွားနိုင်ကြောင်း တွေ့ရှိခဲ့ပြီး ထိုရောဂါမှာ ကလေးများတွင် အဖြစ် များကြောင်း သိရပါသည်။

  Carotenemia၏ရောဂါဖြစ်ပွားပါက အသားဝါရောဂါနှင့် မတူဘဲ အသားအရေ အရောင်သည် တောက်ပသော လိမ္မော်ရောင်ဘက်သို့ ပြောင်းသွားတတ်ကြောင်း သိရပါသည်။ ဤသည်မှာ ချွေးဂလင်း ထွက်ရှိမှု များပြားသော နေရာ တွင် ပိုမိုသိသာကြောင်း သိရပါသည်။ (ဥပမာ-လက်ဖ၀ါး၊ ခြေဖ၀ါးနှင့် နှုတ်ခမ်းချိုင့်) ချွဲမြှေးနေရာတါင် ဖြစ်ကာ မျက်ဖြူလွှာ မပါဝင်ခြင်းကြောင့် မျက်ဖြူမှာ အ၀ါရောင် သို့ပြောင်းသွားမည်မဟုတ်ပါ။ အသားဝါရောဂါလက္ခာမှာမူ အသားအရေအပြားအ၀ါပုပ်ရောင်ဖြစ်လာပြီး ချွဲမြှေးနှင့် မျက်ဖြူလွှာများကိုပါ သက်ရောက်မှုရှိပြီး မျက်ဖြူမှာလည်း ၀ါလာကြောင်း သိရပါသည်။ အစားအသောက်မှာ ကလေး များ Carotenemia ရောဂါဖြစ်ပွားခြင်း၏ အဓိက အကြောင်းအရင်းဖြစ်သော်လည်း အချို့သောရောဂါများမှာလည်း Carotenemiaရောဂါကို ဖြစ်ပွားစေနိုင်ပါသည်။ ဥပမာ- ကျောက်ကပ်ရောဂါ၊ ဆီးချိုရောဂါ၊ စိတ်ရောဂါမှုဆိုင်ရာ ခံတွင်းပျက်ရောဂါ၊ အသည်းရောဂါ၊ သိုင်းရွိုက်(Thyroid) စွမ်းရည်အားနည်းခြင်း စသည်တို့ဖြစ်ပါသည်။

  Carotene မှာ ဗီတာမင်-A၏ ဒြပ်ပေါင်းဖြစ်ပါသည်။ ဗီတာမင်-A အလွန်အကျွံစားသုံးမှုကြောင့် အသည်းအ ဆိပ်သင့်စေနိုင်သော်လည်း Carotene ဓာတ်မှာမူ ထိုကဲ့သို့သော အဆိပ်သင့်မှုလက္ခဏာ ဖြစ်ပေါ်စေမည်မဟုတ်ပါ။ ထို့ကြောင့် အသားအရေ ၀ါလာသော်လည်း အသည်းအဆိပ်သင့်ရန် စိုးရိမ်စရာမလိုအပ်ပါ။ ထိုအစားအစာများ စားသုံး မှုကို လျှော့ချလိုက်ပါက သို့မဟုတ် စားသုံးခြင်းမှရပ်ဆိုင်းလိုက်ပါက အသားအရေ၏ အရောင်မှာ အလိုအလျောက် သက်သာပျောက်ကင်းသွားကာ ပုံမှန်အတိုင်းဖြစ်သွားမည်ဖြစ်ကြောင်း သိရပါသည်။

  (ပီကင်းနေ့စဉ်သတင်းစာမှ ကောက်နုတ်ဖော်ပြသည်။)

新闻推荐