တရုတ်နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးဌာနမှ ထုတ်ပြန်ကြေညာခဲ့သော "၂၀၁၆ ခုနှစ် တရုတ်နိုင်ငံ အာကာသ" စက္ကူဖြူစာတမ်းအရ တရုတ်နိုင်ငံမှ ၂၀၂၀ ခုနှစ်၌် ပထမဆုံးသော အင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေးယာဉ်ကို လွှတ်တင်သွားမည်ဟု ဖော်ပြထားကြောင်း သိရပါသည်။

ထို့အပြင် တရုတ်နိုင်ငံမှ အကြီးစားဒုံးပျံသယ်ယာဉ်သစ်ကို တီထွင်လုပ်ဆောင်လျက်ရှိပြီဖြစ်ပြီး "Long March 9" ဟုအမည်ပေးရန်စီစဉ်ထားကာ ၂၀၃၀ ခုနှစ်၌ ပထဆုံးအကြိမ် ပျံသန်းသွားမည်ဖြစ်ကြောင်း သိရပါသည်။ နောင် (၁၀)နှစ်အတွင်း တရုတ်နိုင်ငံမှ ဂြိုဟ်တုပေါင်း(၁၀၀)ကျော်ခန့်လွှတ်တင်သွားမည်ဖြစ်ကာ အများပြည်သူအကျိုး စီးပွား အတွက် ၀န်ဆောင်မှုများပေးအပ်သွားမည်ဖြစ်ကြောင်း သိရပါသည်။
(ဆင်ဟွာသတင်းဌာနမှ ကောက်နုတ်ဖော်ပြသည်။)
德宏网(dohong.gov.cn) 孔雀之乡 大美德宏