Myanmar မှာ ဝက်ဆိုက်
နှလုံးသားအာဟာရများ

  ၁။ ဘဝသည် မှန်တစ်ချပ်ကဲ့သို့ပင်။ သင်က ပြုံးပြလျှင် သင့်အား ပြန်ပြုံးပြမည်၊ သင်က ငိုပြလျှင် အသင့်အား ပြန် လည်ငိုပြမည်။

  ၂။ အသက် တစ်ရက် ဆက်လက်ရှင်နေရခြင်းသည် သင့်အတွက် ကံကောင်းနေခြင်းပင်ဖြစ်သည်။ ထို့ကြောင့် သင် တန်ဖိုးထားသင့်သည်။ ကျွန်ုပ်တိှု့ ၀တ်စရာ ဖိနပ်မရှိသောကြောင့် ငိုနေစဉ်တွင် အချို့သောသူများမှာ ခြေထောက်ပင် အပြည့်အစုံပိုင်ဆိုင်နိုင်ခြင်းမရှိတော့ပါ။

  ၃။ လူ့ဘ၀သည် လုံးဝန်းသောစက်ဝိုင်းကြီးဖြစ်ပါသည်။ အချို့သောသူများမှာ တစ်သက်လုံး ကံကြမ္မာမှရေးဆွဲထားသော စက်ဝိုင်းအတွင်းမှ ထွက်သွားနိုင်ခြင်းမရှိပါ။ တကယ်တော့ စက်ပိုင်းပေါ်ရှိအမှတ်တိုင်းတွင် ကျော်လွှားပျံသန်းနိုင်သော စက်ဝိုင်းထိမျဉ်းများရှိပါသည်။

  ၄။ အင်တာနက်ဂိမ်းများကို စွဲလမ်းတပ်မက်မနေပါနှင့်၊ ကစားမည်ဆိုပါက သင်၏ဘ၀ဟူသောဂိမ်းကြီးကိုသာ ကောင်း မွန်လှပစွာ ကစားပေးပါ။

  ၅။ ကံကြမ္မာသည် ဖဲချပ်ဖန်ပေးရန် တာဝန်ယူပြီး အမှန်တကယ်ဖဲကစားသူမှာ ကျွန်ုပ်တို့ကိုယ်တိုင်ပင်ဖြစ်ပါသည်။

  ၆။ ကျွန်ုပ်တို့စိတ်အတွင်းရှိကြောက်လန့်မှုသည် အမြဲတမ်းလက်တွေ့ရင်ဆိုင်ရမည့်အန္တရာယ်ထက်များစွာပိုမိုကြီးမား သည်။

  ၇။ သင်၏ကံကြမ္မာသည် သင်၏လက်ထဲတွင်သာရှိသောကြောင့် သင့်ကံကြမ္မာကို ကိုယ်တိုင်ထိန်းချုပ်နိုင်ရမည် မဟုတ်လျှင် ကံကြမ္မာမှ သင့်ကို ပြန်လည်ထိန်းချုပ်သွားလိမ့်မည်။ သင်သည် ထိန်းချုပ်သူဖြစ်မည်လား သို့မဟုတ် ထိန်းချုပ်ခံရသူဖြစ်မည်လားကို သင်၏ စိတ်သဘောထားမှ ဆုံးဖြတ်သွားလိမ့်မည်။

  ၈။ ပြုလုပ်ပြီးမှ နောင်တရခြင်းထက် လက်လွတ်လိုက်ရ၍ နောင်တမရစေလိုပါ။

  ၉။ လူမသမာများ၏ မှားယွင်းမှုကြောင့် အသင် မိမိကိုယ်ကိုအပြစ်မတင်သင့်ပါ။ ဤကဲ့သို့သောအရေးမပါသည့် အသေးအဖွဲ ကိစ္စများကြောင့် သင်၏တန်ဖိုးရှိသောအချိန်များကို မဖြုန်းတီးသင့်ပါ။

  ၁၀။ သင်၏စွမ်းရည်ဖြင့်လုပ်ဆောင်နိုင်သောကိစ္စများကို ပြုလုပ်ကြည့်ပါက သင်ကိုယ်တိုင်ပင်လျှင်အံ့သြသွားနိုင်ပါ သည်။

新闻推荐