Myanmar မှာ ဝက်ဆိုက်
လန်ချန်းမြစ်-မဲခေါင်မြစ်သက်မွေးဝမ်းကြောင်းပညာမဟာမိတ်အဖွဲ့ အစည်းအဝေး ရွှေလီမြို့၌ ကျင်းပပြုလုပ်

  လန်ချန်းမြစ်-မဲခေါင်မြစ် အသက်မွေးဝမ်းကြောင်းပညာမဟာမိတ်အဖွဲ့၏ ပထမဦးဆုံးသော အမှုဆောင်အဖွဲ့ အ စည်းအဝေးကို တက်ဟုန်းပြည်နယ် ရွှေလီမြို့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ မဟာမိတ်အဖွဲ့(၂၆)ခုမှ အစည်းအဝေးတွင် လန်ချန်းသက်မွေးဝမ်းကြောင်းပညာပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှုများ ရရှိခဲ့ကြောင်း သိရပါသည်။

  အစည်းအဝေး၌် လန်ချန်းမြစ်နှင့် မဲခေါင်မြစ်သက်မွေးဝမ်းကြောင်း ပညာမဟာမိတ်အဖွဲ့တို့၏ အမှုဆောင်အဖွဲ့ အစည်းများမှ လန်ချန်းသက်မွေးဝမ်းကြောင်းပညာပူးပေါင်းဆောင်ရွက်မှု၊ ထူထောင်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုစသည့် သက် ဆိုင်ရာ ပြဿနာများအပေါ် စစ်ဆေးမှုနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး သဘောတူညီမှုများ ရရှိခဲ့ပါသည်။ ထို့အပြင် လန်ချန်းသက်မွေးဝမ်းကြောင်း ပညာမဟာမိတ်အဖွဲ့အမှုဆောင်အဖွဲ့များသို့ ဆိုင်းဘုတ်ပေးအပ်မှုများ ပြု လုပ်ခဲ့ကြောင်း သိရပါသည်။

  တရုတ်-အာဆီယံပညာရေးသင်တန်းစင်တာ၏ လုပ်ဆောင်ချက်သည် ဘွဲ့ဒီဂရီမပါသော သင်တန်းကျောင်းတစ်ခု ဖြစ်ပါသည်။ အဓိကအားဖြင့် လန်ချန်းမြစ်နှင့် မဲခေါင်မြစ်တစ်လျှောက် ဒေသ(၅)နိုင်ငံမှ ပြည်ပလုပ်သားများအတွက် သက်မွေးနည်းပညာသင်တန်းထောက်ပံ့ပေးရန်ဖြစ်ပါသည်။ လန်ချန်းမြစ်-မဲခေါင်မြစ် သက်မွေးဝမ်းကျောင်းပညာ မဟာ မိတ်အဖွဲ့ ဖွဲ့စည်းခြင်းသည် အဆင့်မြင့်ပညာရေးဝန်ဆောင်မှု၊ နိုင်ငံတော်၏ ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု အဆိုပြု ချက်၊ လန်ချန်းမြစ်-မဲခေါင်မြစ်ပူးပေါင်းဆောင်ရွက်မှုယန္တရားနှင့် ယူနန်ပြည်နယ် တောင်အာရှ၊အရှေ့တောင်အာရှ ဖြန့် ကျက်မှုစင်တာ တည်နေရာဖော်ပြခြင်း၏ အရေးပါသော လုပ်ဆောင်ချက်ဖြစ်ပါကာ တက္ကသိုလ်ကောလိပ် အဆင့်မြင့် ပညာရေးမှ တာဝန်ယူထမ်းဆောင်သော နိုင်ငံတကာ အပြန်အလှန်ဆက်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တာဝန် များ အကောင်အထည်ဖော်ဆောင်ခြင်းနှင့် အဆင့်မြင့်ပညာရေးကို နိုင်ငံတကာဖွံ့ဖြိုးတိုးတက်မှုခေတ် ကာလမ်းကြောင်း သစ်ဖြင့် လျော်ညီစေရန် ဖြည့်ဆည်းပေးခြင်းဖြစ်ကြောင်း သိရပါသည်။ လန်ချန်းမြစ်-မဲခေါင်မြစ် သက်မွေးဝမ်းကျောင်း ပညာမဟာမိတ်အဖွဲ့မှ အစိုးရ၏ညွှန်ကြားချက်၊ လုပ်ငန်းတာဝန်နှင့် စာသင်ကျောင်းများကို အဓိကထား၍ လူမှုအဖွဲ့အစည်းတွင် ပါဝင်ခြင်း၊ ဈေးကွက်လိုအပ်ချက်များပြားသည့် အခြေခံမူ ဝါဒများကို မြင့်တင်ကာ တန်းတူညီမျှစွာ ဆက်ဆံမှု၊ မိမိဆန္ဒအလျောက်ပါဝင်မှုတို့ကို အခြေခံထားကာ ပူးပေါင်းဆောင် ရွက်မှုစီမံကိန်းအပေါ်မှီခို၍ အမျိုးအစား စုံလင်သော ပူးပေါင်းဖလှယ်မှုစင်မြင့်ကို တည်ဆောက်ပေးခဲ့ပါသည်။ အင်အား ကြီးနိုင်ငံအချင်းချင်းပူးပေါင်း ခြင်း၊ အားသာချက်များကို အချင်းချင်းဖြည့်တင်းခြင်း၊ အတူတိုင်ပင်၊အတူတည်ဆောက်၊ အတူဝေမျှခြင်းများမှ တစ်ဆင့် ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရပါသည်။

  www.yunnan.cn မှ ကောက်နုတ်ဖော်ပြသည်။

新闻推荐