The Belt and The Road ဦးဆောင်မှုဖြင့် တရုတ်-မြန်မာပေါက်ဖော်ချစ်ကြည်ရေး ပိုမိုခိုင်မာစေရန်အတွက် ဇွန်လ၊ ၂၄ရက်နေ့မှစတင်က Southeast Eye Hospital မှမျက်စိဆေးရုံအုပ်ကြီး၊ တရုတ်နိုင်ငံ နာမည်ကျော် မျက်စိ အတွင်းတိမ်ခွဲစိတ်ကုသမှုကျွမ်းကျင်ပညာရှင် ကျောက်ခွမ်းယိ၊ တရုတ်နိုင်ငံနာမည်ကျော် မျက်စိပိုင်းဆိုင်ရာ ကျွမ်းကျင် ပညာရှင် ဒေါက်တာယောင်ရှောင်မင်၊ Southeast Eye Hospital မျက်စိဆေးရုံအမှတ်(၁)အတွင်းတိမ်ကုသရေးဌာန ဌာနမှူး ချိန်လျန်ကျယ်တို့ပါဝင်သော ကုသရေးအဖွဲ့သည် မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် The Belt and The Road မြန်မာနိုင်ငံ ရန်ကုန်မြို့အလင်းရောင်ခရီးစဉ် ပြည်ပကုသရေးလှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြောင်း သိရပါသည်။
၂၄ရက်နေ့နှင့် ၂၅ရက်နေ့တွင် မြန်မာနိုင်ငံ ရန်ကုန်မြို့ရတနာဆေးရုံတွင် တရုတ်နိုင်ငံ မျက်စိကုသရေးအဖွဲ့သည် မြန်မာနိုင်ငံရှိ ဆင်းရဲနွမ်းပါးသူ မျက်လုံးအတွင်းတိမ်ဝေဒနာရှင်ပေါင်း(၁၇၀)ဦးကို အခမဲ့ခွဲစိတ်ကုသမှုများပြုလုပ်ပေးခဲ့ပြီး ပကတိအလင်း ပြန်လည်ရရှိနိုင်ရန် ကူညီပေးခဲ့ပါသည်။
ဤသည်မှာ The Belt and The Road ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခုဗျူဟာ အကောင် အထည် ဖော်ခြင်းအဖြစ် ဖူကျိုး မြို့မှ နိုင်ငံတကာကူညီပံ့ပိုးရေးလှုပ်ရှားမှုဆိုင်ရာ မျက်စိဆေးကုသရေးအဖွဲ့ကို ပထမဆုံး ဖွဲ့စည်း ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ အများပြည်သူအကျိုးပြုလှုပ်ရှားမှု၊ ကုသရေးထောက်ပံ့မှုများသည် Southeast Eye Hospital မျက်စိဆေးရုံတွင် ပုံမှန်ပြုလုပ်လေ့ရှိပြီး ဆေးရုံမှ ပရဟိတလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ခဲ့သည်မှာ (၁၆)နှစ်တိုင်ရှိပြီ ဖြစ်ပါသည်။ ယခုလက်ရှိတွင် ဆေးရုံ၏ ဆေးကုသမှုပရဟိတအဖွဲ့မှ ကျေးလက်ဒေသ၊ ရပ်ကွက်၊ ကျေးရွာကျောင်းများတွင် အခမဲ့ပရဟိတဆေးကုသစစ်ဆေးမှုအကြိမ်ရေ(၃၇၀၀)ခန့်ပြုလုပ်ပေးခဲ့ပြီး ကျောင်းသား ကျောင်းသူနှင့် ပြည်သူလူထုပေါင်း(၆.၂)သိန်းဦးခန့်ကို အခမဲ့မျက်စိရောဂါစစ်ဆေးမှုများပြုလုပ်ပေးခဲ့ကာ ဦးရေ(၂၁၀၀၀) ခန့်သော မျက်စိအတွင်းတိမ်ဝေဒနာရှင်များကို ဆင်းရဲမွဲတေမှုလျော့ချရေးအထောက်အပံ့တစ်ခု အနေ ဖြင့် ပြန်လည် ပကတိအလင်းမြင်တွေ့စေရန် ခွဲစိတ်ကုသမှုများ ကူညီပြုလုပ်ပေးခဲ့ကြောင်း သိရပါသည်။
www.souhu.com မှ ကောက်နုတ်ဖော်ပြသည်။