Myanmar မှာ ဝက်ဆိုက်
ငွေကုန်ကြေးကျသက်သာစေမည့် အသုံးဝင်မည့် နည်းလမ်းလေးများ

  ၁။ ဝယ်ယူထားသော အာလူးများသည် ကြာမြင့်လာလျှင် အညှောက်လေးများထွက်လာတတ်သည်။ ထိုသို့ အညှောက်ထွက်မှုမရှိစေရန် အာလူးထဲသို့ ပန်းသီးများ ထည့်ထားပေးကြည့်ပါ။

  ၂။ ပလက်စတစ်အလွှာပါး(Cling Wrap)ဖြင့် ငှက်ပျောသီး၏အရင်းပိုင်းကို အုပ်ပေးပါက ငှက်ပျောသီး၏လတ်ဆတ်မှုကို ကြာရှည်စွာ ထိန်းသိမ်းပေးထားနိုင်မည်ဖြစ်သည်။

  ၃။ တံမြက်စည်းလှည်းသောအခါ တံမြက်စည်းပေါ်တွင် ပလက်စတစ်အိတ်စွပ်ထားပေးပါက မြေကြီးပေါ်ရှိ ဆံပင်များ ကို ဖယ်ရှားပေးနိုင်ပါမည်။

  ၄။ အိပ်ခန်းသစ်တွင် ရှာလကာရည်တစ်ခွက်ထားရှိပေးပါက (၂-၃)ရက်ကြာလျှင် အိမ်သစ်၏ သင်္ဘောဆေးနံ့များ လျင်မြန်စွာ ပျောက်ကင်းသွားစေနိုင်ပါမည်။

  ၅။ သိုးမွေးအင်္ကျီ၏ လက်အနားများ၊ လည်ပင်းအနားများ ဆန့်ကျုံ့နိုင်မှု မရှိတော့ပါက လက်အနား နှင့် လည်ပင်း အနားကို ရေနွေးထဲသို့ မိနစ်(၂၀)ခန့် စိမ်ထားပေးပြီး နေပူလှန်းလိုက်ပါက ဆန့်ကျုံ့နိုင်စွမ်း ပြန်လည် ရရှိလာပါမည်။

  ၆။ ငွေထည်လက်ဝတ်ရတနာများ မည်းညစ်လာပါက သွားတိုက်ဆေးအနည်းငယ်ဖြင့် ဖြည်းညင်းစွာ သုတ်ဆေးပေးခြင်း ဖြင့် အရောင်ပြန်လည်တောက်ပလာပါမည်။

  ၇။ ဆံပင်ပုံသွင်းခြင်းပြုလုပ်ထားပါက ခေါင်းအုံးပေါ်တွင် ချောမွေ့သော ပိုးပဝါတစ်ထည်ခင်းပြီး အိပ်ပေးပါက ဆံပင်ပုံသွင်းမှု ပျက်ပြားခြင်းမှ ကာကွယ်ပေးနိုင်ပါမည်။

  ၈။ ပန်းအိုးထဲသို့ ရှာလကာရည် သို့မဟုတ် အရောင်ချွတ်ဆေးအနည်းငယ်ထည့်ပေးပါက ထိုးထားသောပန်းများ ကြာရှည်ခံပြီး လတ်ဆတ်စေနိုင်ပါမည်။

  (www.sohu.com မှ ကောက်နုတ်ဖော်ပြသည်။)

新闻推荐