တရုတ်-မြန်မာအမျိုးသမီး ချစ်ကြည်းရေးဖလှယ်ရေးအခမ်းအနားကို မကြာသေးမီရက်ပိုင်းက တက်ဟုန်းပြည်နယ် ခွဲ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါသည်။
တရုတ်-မြန်မာအမျိုးသမီးပေါက်ဖော်ချစ်ကြည်ရေး ခေါင်းစဉ်ဖြင့် အဆိုပါ ဖလှယ်ရေးအခမ်းအနားကို ယူနန ပြည် နယ်အမျိုးသမီးရေးရာအဖွဲ့ချုပ်မှ ကြီးမှူးကာ တက်ဟုန်းပြည်နယ်ခွဲ အမျိုးသမီးရေးရာအဖွဲ့ မှ တာဝန်ယူကျင်းပပြုလုပ် ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။ အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံ မူဆယ်ဒေသမှ အမျိုးသမီးကိုယ်စားလှယ်များ၊ ယူနန်ပြည်နယ်၊ တက်ဟုန်းပြည်နယ်ခွဲနှင့် မြို့ဒေသများရှိ ကဏ္ဍအသီးသီးမှ အမျိုးသမီးကိုယ်စားလှယ်၊ ချစ်ကြည်ရေး ဌာနမှ ကိုယ်စားလှယ် (၁၄၀)ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရပါသည်။ တရုတ်-မြန်မာအမျိုးသမီး ယဉ်ကျေးမှု ဖလှယ်ခြင်း၊ လုပ်ငန်းများနှီးနှောဖလှယ်ခြင်း၊ လေ့လာကြည့်ရှုခြင်းတို့ဖြင့် တရုတ်-မြန်မာအမျိုးသမီးများအကြား အပြန် အလှန်နားလည်မှု၊ ချစ်ကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်ပြီး တရုတ် မြန်မာ နှစ်နိုင်ငံမှ အမျိုးသမီးနှင့်ကလေးများ နေထိုင်မှုဘဝနှင့် ဖွံ့ဖြိုးတိုးတက်မှု ပတ်ဝန်းကျင်များ မြှင့်တင်သွားကာ ပိုးလမ်းမကြီး၏ စီးပွားရေးလမ်းကြောင်း၊ ၂၁ ရာစုပင်လယ်ပိုးလမ်းမကြီးနှင့် ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ မြန်မာစီးပွားရေးစင်္ကြံလမ်းတည်ဆောက်မှုများအတွက် ဝန်ဆောင်ပံ့ပိုးသွားကြမည် ဖြစ်ပါသည်။
တရုတ်-မြန်မာချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးသည် နှစ်နိုင်ငံအမျိုးသမီးများ၏ ဘုံဆန္ဒနှင့်ကြိုးစား အားထုတ် မှုဖြစ်ပြီး တက်ဟုန်းပြည်နယ်ခွဲနှင့် မြန်မာနိုင်ငံနယ်စပ်ဒေသရှိ အမျိုးသမီးများမှာ အပြန်အလှန် ဆက်သွယ်မှုများပြားပြီး စုပေါင်းစုံညီပွဲများပြုလုပ်လေ့ရှိကြပါသည်။ ဤသို့ဖြင့် နှစ်နိုင်ငံ ယဉ်ကျေးမှုနှင့် အခြားကဏ္ဍများ ဖလှယ်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှုကို ထပ်ဆင့်မြှင့်တင်ပေးသွားနိုင်ကြောင်း သိရပါသည်။
www.dhtjb.com မှ ကောက်နုတ်ဖော်ပြသည်။