မကြာသေးမီရက်ပိုင်းက တက်ဟုန်းပြည်နယ်ခွဲ Overseas အဖွဲ့အစည်းများမှ တာဝန်ယူလုပ်ဆောင်သော ရင် ကျန်း ခရိုင် Overseas အဖွဲ့မှ ထောက်ပံ့ကူညီသည့် ၂၀၁၇ ခုနှစ် မြန်မာနိုင်ငံမြောက်ပိုင်းဒေသ တရုတ်စာသင်ကျောင်း တရုတ်ဘာသာ ဆရာ၊ ဆရာမ ထောက်ခံချက်လက်မှတ်ပေးအပ်သွားမည့် သင်တန်းဖွင့်ပွဲအခမ်းအနားကို ရင်ကျန်း ခရိုင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ မြန်မာနိုင်ငံမြောက်ပိုင်းဒေသမှ တရုတ်ဘာသာစကားသင်ကြားသည့် ဆရာ၊ ဆရာမ (၅၀)ဦးသည် အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် ရင်ကျန်းခရိုင်ပါတီကော်မတီ အမြဲတမ်းကော်မတီဝင်၊ ခရိုင်ပါတီကော်မတီ ညီညွှတ်ရေး တပ်ပေါင်းစုမှ တွမ့်ချီဟန်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်ယူမည့် ကျောင်းသားကျောင်းသူများအား ရင်ကျန်း ခရိုင်၏အခြေခံအချက်အလက်၊ သမိုင်းယဉ်ကျေးမှု၊ တိုင်းရင်းသားယဉ်ကျေးမှုစသည်တို့ကို ရှင်းလင်းပြောကြားခဲ့ပါ သည်။ ထို့အတူ ကျောင်းသားကျောင်းသူများအား ပညာကိုကောင်းမွန်စွာသင်ယူနိုင်ရန်နှင့် ဗဟုသုတပညာများ ရရှိ သွားနိုင်ရန် မျှော်လင့်ပါကြောင်း ပြောကြားသွားခဲ့ပါသည်။ အဆိုပါ သင်တန်းကျင်းပပြုလုပ်ခြင်းဖြင့် တရုတ် ဘာသာ သင်ကြားသည့် ဆရာ၊ ဆရာမများ၏ ပညာရေးအရည်အချင်းအဆင့်နှင့် လုပ်ငန်းစွမ်းဆောင်ရည်များကို မြှင့် တင်ပေး သွားနိုင်မည့်ဖြစ်သည့်အပြင် မြန်မာနိုင်ငံမြောက်ပိုင်းဒေသ တရုတ်ဘာသာ ပညာရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန် အ တွက်လည်း ကူညီထောက်ပံ့ပေးသွားနိုင်မည်ဖြစ်ကြောင်း သိရပါသည်။
ယခုအကြိမ် ပြုလုပ်သည့် တရုတ်ဘာသာဆရာ၊ ဆရာမ ထောက်ခံချက်လက်မှတ်ရရှိစေမည့် သင်တန်းသည် ဖိတ်ခေါ်သည့်ပုံစံဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး တရုတ်ယဉ်ကျေးမှုကို ပြန့်ပွားစေရန်၊ ရင်ကျန်းတွင် ပြည်ပဖလှယ်မှု လုပ်ငန်းများတိုးချဲ့သွားနိုင်ရန်၊ ရင်ကျန်း တရုတ်ဘာသာစကားပညာရေးလုပ်ငန်းဆက်လက်ဖွံ့ဖြိုးတိုးတက်သွားရန်၊ အ ကောင် အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ပြီးတရုတ်နိုင်ငံ၏ တစ်ခုတည်းသောရပ်ဝန်း၊ တစ်ခုတည်းသောလမ်းကြောင်း တည်ဆောက်မှုအတွက် ဝန်ဆောင် မှုပေးသွားမည်ဖြစ်ကြောင်း သိရပါသည်။
www.yn.chinanews.com မှ ကောက်နုတ်ဖော်ပြသည်။