Myanmar မှာ ဝက်ဆိုက်
လားရှိုးဒေသ စိုက်ပျိုးရေးနည်းပညာကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံ တက်ဟုန်းပြည်နယ်ခွဲသို့ သွားရောက် လေ့လာ

တရုတ်မြန်မာ အပြန်အလှန်ချစ်ကြည်ဖလှယ်ဆက်ဆံရေး ထပ်တစ်ဆင့် တိုးမြှင့်နိုင်စေရန်အတွက် လည်း ကောင်း၊ တရုတ်မြန်မာ စိုက် ပျိုးရေး ပူးပေါင်းဆောင်ရွက်မှုဖလှယ်ရေးမြှင့်တင်နိုင်စေရန်အတွက်လည်းကောင်း ရည် ရွယ်၍ တက်ဟုန်းပြည်နယ်ခွဲကုန်သည်ကြီးများအသင်း မြန်မာနိုင်ငံကိုယ်စားလှယ်ရုံး (လားရှိုးရုံးခွဲ)သည် ၂၀၁၇ ခုနှစ်၊ သြဂုတ်လ(၂၈)ရက်နေ့မှ စက်တင်ဘာလ(၁)ရက်နေ့အထိ လားရှိုးဒေသ တရုတ်-မြန်မာလယ်ယာစိုက်ပျိုးရေး ပူးပေါင်း ဆောင်ရွက်မှုစီမံကိန်းမှ စိုက်ပျိုးရေးနည်းပညာနှင့်စီးပွားရေးလုပ်ငန်းရှင်ကိုယ်စားလှယ်အဖွဲ့(၂၇)ဦးကို တက်ဟုန်းပြည် နယ်ခွဲ ခရိုင်နှင့်မြို့(၅)ခုသို့ လေ့လာရေးခရီးစဉ် သွားရောက်ရန် ဖိတ်ကြားခဲ့ပါသည်။

  လေ့လာရေးကိုယ်စားလှယ်အဖွဲ့သည် ကျယ်ဖန်မြို့နယ်ဆန်ကုမ္ပဏီလီမိတက်၊ မန်စီမြို့Tian Sheng ကုမ္ပဏီ မကာဒေးမီးယား သြစတြေးလျအခွံမာသီးအခြေစိုက်စခန်း၊ Yun Wu ဆန်မူရင်းထုတ်လုပ်သည့်နေရာ၊ ပြည်နယ်ခွဲ De You ရေစပါးမျိုးကောင်းမျိုးသန့်စိုက်ပျိုးမှုအခြေစိုက်စခန်း၊ ပြည်နယ်ခွဲအဆင့် ဘက်စုံလယ်ယာစိုက်ပျိုး မွေးမြူရေး စား နပ်ရိက္ခာဝင်ငွေတိုးသရုပ်ပြစီမံကိန်း၊ လုံချွမ်းခရိုင် Zheng Xin ပိုးမွေးမြူရေးနှင့် ပိုးစာပင်စိုက်ပျိုးရေးလုပ်ငန်းကုမ္ပဏီ လီမိတက် စသည့် သရုပ်ပြစီမံကိန်းဇုန်နေရာများသို့ သွားရောက် လေ့လာခဲ့ကြပါသည်။

  မြန်မာစိုက်ပျိုးရေးလေ့လာရေးအဖွဲ့ဝင်များ လေ့လာကြည့်ရှု့ကြစဉ် တက်ဟုန်းပြည်နယ်ခွဲ၏ စိုက်ပျိုးရေးလုပ် ငန်းအပေါ် မှတ်ချက်များပေးခဲ့ကြရာ (၁) တက်ဟုန်းပြည်နယ်ခွဲ၏ စိုက်ပျိုးရေးလုပ်ငန်းသည် လျင်မြန်စွာ ဖွံ့ဖြိုး တိုး တက်ကောင်းမွန်နေပြီး ခရိုင်၊မြို့အသီးသီး၏ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်း မတူညီကွဲပြားသည်ကို တွေ့မြင်ခဲ့ရကြောင်း၊ (၂)တက်ဟုန်းရေစပါးများခရိုင်၊မြို့အသီးသီး၌်စိုက်ပျိုးထားမှု၊ထုတ်လုပ်မှုစွမ်းရည်အဆင့်ဆင့်များကိုတွေ့မြင်ခဲ့ရကြောင်း၊ တရုတ်နိုင်ငံ၏ (၁)မိုသည် အခြားနိုင်ငံ၏ ၃-၄ မိုထုတ်လုပ်မှု တန်ဖိုးထက် သာလွန်နေကြောင်း (၃) အထူးသဖြင့် စပါးနှင့်ငါးစိုက်ပျိုးမွေးမြူရေးစီမံကိန်းဖြစ်သည့် ရေ တစ်ခု၊နှစ်မျိုး စိုက်ပျိုးမွေးမြူခြင်းဖြင့် ဝင်ငွေတိုးမြင့်စေသည့် သရုပ်ပြ စီမံကိန်းကို အထူးသဘောကျ အားကျမိပါကြောင်း (၄) တက်ဟုန်းပြည်နယ်၏ ပြည့်စုံကောင်းမွန်သော စိုက်ပျိုးရေး မျိုးစိတ်အခြစိုက်စခန်းကို လေ့လာခဲ့ရပြီး ရှမ်းပြည်နယ်၌ စိုက်ပျိုးသော ရေစပါး အမျိုးအစားသည် တက်ဟုန်း ခရိုင်အသီးသီးမှ ပြုစုပျိုးထောင်ထားသော အရည်အသွေးမြင့်စပါးအမျိုးအစားဖြစ်၍ အဆင့်မြင့်ဆန်များစားသုံးရသည့် အတွက်ယုံကြည်စိတ်ချခဲ့ရပါကြောင်း၊ အရည်အသွေးမြင့်ဆန်စပါးအသိအမှတ်ပြုမှုဆိုသည်ကိုလည်းသိရှိခဲ့ရပါကြောင်း (၅) တက်ဟုန်းပြည်နယ်ခွဲ၏ စီးပွားဖြစ် မကာဒေးမီးယား သြစတြေးလျအခွံမာသီးထုတ်လုပ်မှုလုပ်ငန်းသည် အကျိုး မည်မျှမြင့်မားခြင်းရှိသည်ကို လေ့လာခဲ့ရပြီး မြန်မာဘက်တွင် မြေဆီမြေလွှာကောင်းများစွာရှိပြီး ရာသီဥတုမှာ တက် ဟုန်းပြည်နယ်ခွဲနှင့် နီးစပ်သော်လည်း စီးပွားရေးအကျိုးသက်ရောက်မှုနည်းပါးသော သီးနှံများကိုသာ စိုက်ပျိုးထားခြင်း ကြောင့် တောင်သူများ ဝင်ငွေနည်းပါးလှပါကြောင်း (၆) တက်ဟုန်းပြည်နယ်ခွဲ ရေစပါး စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းကို တွေ့မြင်ခဲ့ရပြီး ကြဲပက်စိုက်ပျိုးခြင်းမှ စားနပ်ရိက္ခာအဖြစ်ရောင်းချသည်အထိ ထုတ်လုပ်မှုဖြစ်စဉ်အားလုံးသည် စက်မှု လယ်ယာစနစ်ဖြစ်ပြီး စက်မှုဖြင့် ကြဲပက်ခြင်း၊ ပျိုးထောင်စိုက်ခြင်း၊ စီမံခန့်ခွဲခြင်း၊ရိတ်သိမ်းခြင်းများ ဆောင်ရွက်လျက် ရှိပြီး စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုပုံစံကို တွေ့မြင်ခဲ့ရပါကြောင်း (၇) လုံချွမ်း Zheng Xin ကုမ္ပဏီလီမိတက်မှ ပိုးမွေးမြူ ရေးနှင့်ပိုးစာပင်စိုက်ပျိုးရေးလုပ်ငန်းသည် တရုတ်မြန်မာ စိုက်ပျိုးရေးလုပ်ငန်းပူးပေါင်းဆောင်ရွက်မှု၊ မြန်မာ့ကျေးလက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်မြှင့်တင်ပေးနိုင်ပြီး လုပ်သားများ၏အလုပ်အကိုင်အခွင့်အလမ်းကို ဖြေရှင်းပေးနိုင်ခြင်း ကြောင့် ကြီးမားလှသော စီးပွားရေးအကျိုးအမြတ်များ တွေ့မြင်ခဲ့ရပြီး အဆိုပါလုပ်ငန်းသည် မြန်မာနိုင်ငံအတွက် ပိုမို ကောင်းမွန်သော ဖွံ့ဖြိုးတိုးတက်မှု အလားအလာများ ပေးနိုင်ကြောင်း မှတ်ချက်ချခဲ့ကြပါသည်။

  မည်သို့ပင်ဆိုစေ ယခုအကြိမ်လေ့လာရေးခရီးသည် အားလုံးအတွက် အကျိုးရှိပြီး စိုက်ပျိုးရေးလုပ်ငန်း ဖွံ့ဖြိုး တိုးတက်မှုလားရာနှင့်လမ်းကြောင်းများကို တွေ့မြင်ရခြင်းကြောင့် နားလည်မှု၊ ဖလှယ်မှု နှင့် ပူးပေါင်းဆောင်ရွက်မှု စင်မြင့်ကို တိုးမြှင့်ပေးနိုင်ကာ အနာဂတ်ကာလ ရှမ်းပြည်နယ်နှင့် တက်ဟုန်းပြည်နယ်ခွဲအကြား တရုတ်၊မြန်မာစိုက်ပျိုး ရေးလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုအတွက် ခိုင်မာသောအခြေခံအုတ်မြစ်ကို ချမှတ်ပေးနိုင်ခဲ့ပါသည်

新闻推荐