Myanmar မှာ ဝက်ဆိုက်
အစိမ်းရောင် ဂျင်စင်း ရုံးပတီသီး

  ရုံးပတီသီးသည် တစ်နှစ်ခံပင်အမျိုးအစားဖြစ်သည်။ ပူနွေးသောရာသီဥတုကို ကြိုက်နှစ်သက်သည်။ မူရင်း ဒေသ မှာ အိန္ဒိယနိုင်ငံမှဖြစ်သည်။ အပူပိုင်းဒေသနှင့် အပူသမပိုင်းဒေသတွင် ကျယ်ပြန့်စွာစိုက်ပျိုးနိုင်သည်။ တရုတ်နိုင်ငံ ဟူနန်၊ ဟူပေ၊ ကွမ်တုန်စသည့် ပြည်နယ်များတွင် စိုက်ပျိုးမှုဧက အလွန်ကြီးမားကျယ်ပြန့်သည်။ ဟင်းသီးဟင်းရွက် ဘုရင်ဟုပင် ခေါ်ဆိုသမုတ်ကြပြီး စီးပွားရေးလုပ်ငန်းအသုံးပြုမှုနှင့် စားသုံးမှုစသည့် တန်ဖိုး အလွန်မြင့်မားကြောင်း သိရ သည်။

  နှလုံးသွေးကြောစနစ်ကောင်းမွန်စေခြင်း

  ရုံးပတီသီး၏အစေ့တွင် မပြည့်ဝအဆီအက်စစ်ပါဝင်ပြီး အစေ့တွင်ပါဝင်သော DHA နှင့် EPA မှာ နှလုံးသွေးကြော စနစ်ကို ကောင်းမွန်စေသောအကျိုးရှိစေသည်။ သွေးကြောအတွင်းရှိ သိပ်သည်းဆနိမ့်သော ကိုလက်စထ ရောကို ဖယ် ရှင်းပေးနိုင်ရန် အထောက်အကူပြုခြင်း၊ သွေးကြောရုန်းကန်အား မြှင့်တင်ပေးနိုင်ခြင်း၊ ဦးနှောက်သွေး ကြော သွေးခဲ ဖတ်ဖြစ်တည်ခြင်း၊ သွေးလွှတ်ကြောမာကျစ်ခြင်း၊ သွေးအဆီဓာတ်မြင့်ခြင်းစသည့် ရောဂါလက္ခဏာများကို ကြိုတင် ကာ ကွယ်ပေးနိုင်ကြောင်း သိရသည်။

  အိုမင်းမှုခုခံကာကွယ်ပေးနိုင်ခြင်း

  ရုံးပတီသီး၏အစေ့တွင် ဗီတာမင်စီနှင့် ဗီတာမင်အေဓာတ်ပါဝင်မှုများပြားပြီး အသီးတောင့်အတွင်း ပါဝင်မှုမြင့်မားပါ သည်။ ဤဗီတာမင်ဓာတ်(၂)မျိုးမှာ Anti-Oxidant အားကောင်းပြီး ခန္ဓာကိုယ်တွင်းရှိ Free Radical ဖယ်ရှင်းပေး ရန်၊ ဆဲလ်အိုမင်းရင့်ရော်မှုလျော့ချပေးရန်၊ အရေပြားတုံ့ပြန်အားမြှင့်တင်ရန်၊ လှပစေရန်အတွက် အထောက်အကူပြုစေ ကြောင်း သိရသည်။

  www.agronet.com.cn/News မှ ကောက်နုတ်ဖော်ပြသည်။

新闻推荐