ရှားစောင်းလက်ပက်သည် ဆေးဝါးအဖြစ်၊ အစာအဖြစ်အသုံးပြုနိုင်သောအပင်ဖြစ်သည်။ ရှားစောင်း လက်ပက် သည် ဆေးဝါး၊ ကျန်းမာရေးထောက်ကူပြုပစ္စည်း၊ စားသောက်ကုန်၊ အလှကုန်၊ အလှကြည့်ရှုခံစားခြင်း စသည့်တို့ကို ပေးစွမ်းနိုင်ခြင်းကြောင့် လူအများကြိုက်နှစ်သက်ကြသည်။ ရှားစောင်းလက်ပက်တွင် အကျိုးအာနိသင်(၆)ခုရှိသည်။ (၁) ရောင်ရမ်းမှုသက်သာစေနိုင်ခြင်း၊ (၂) ဒဏ်ရာလျင်မြန်စွာကျက်စေခြင်း၊ (၃) ခုခံအားတိုးမြှင့်စေနိုင်ခြင်း၊ (၄) လေထု သန့်စင်စေနိုင်ခြင်း၊ (၅) ပတ်ဝန်းကျင်လှပစေနိုင်ခြင်း၊ (၆) အသေးအဖွဲ့ဒဏ်ရာများ၊ အသေးစားရောဂါများ ကုသပေး နိုင်ခြင်းစသည့် အစွမ်းသတ္တိများရှိသည်။
ဝမ်းချုပ်ခြင်းအတွက် ရှားစောင်းလက်ပက်(၁၀-၁၅)ဂရမ်ကိုယူပြီး သန့်ရှင်းအောင်ဆေးကြောပေးပါ။ ဆူးနှင့်အခွံကို ဖယ်လိုက်ပါ။ ထမင်းစားပြီးနောက် ဝါးစားပေးပါ။ တစ်နေ့လျှင် (၂-၃)ကြိမ်ခန့် စားသုံးပေးနိုင်သည်။
နှလုံးသွေးကြောဆိုင်ရာရောဂါများအတွက် ရှားစောင်းလက်ပက်၏ထူထပ်သောအရွက်ကို ယူကာ ဆူးနှင့် အပေါ် ယံအခွံကို ဖယ်လိုက်ပါ။ အရွက်၏အသားကို ပွက်ပွက်ဆူနေသောရေထဲတွင် (၂)မိနစ်ခန့်ထည့်ပြုတ်ပေးပါ။ ထို့နောက် ဆယ်ယူပြီး အတုံးလေးများအဖြစ် လှီးလိုက်ပြီး ပျားရည်ရောထည့်နှယ်ပါ။ တစ်ကြိမ်လျှင် (၄)ဇွန်း၊ တစ်ရက်လျှင် (၄)ကြိမ်ခန့် စားသုံးပေးနိုင်သည်။
သွားနာခြင်း၊ ခံတွင်းရောင်ရမ်းခြင်းများအတွက် ရှားစောင်းလက်ပက်၏လတ်ဆတ်သောအရွက်ကိုယူ၍ သန့်စင် အောင် ဆေးကြောပြီး ဆူးများဖယ်လိုက်ပါ။ တစ်ရက်လျှင် (၂-၃)ကြိမ်ခန့် တစ်ကြိမ်လျှင် အစိမ်းလိုက်(၁၅)ဂရမ်ခန့် စားသုံးပေးပါ။ ဖြေးညင်းစွာ ဝါးပေးပါ။ စားသုံးကာလကြာလေ အကျိုးအာနိသင်သက်ရောက်မှုကောင်းမွန်လေဖြစ်သည်။ ထို့အပြင် သွား ဖြင့် ရှားစောင်းလက်ပက်အရွက်ကိုကိုက်ထားနိုင်မည်ဖြစ်သည်။ နာကျင်သောသွားဖြင့် ဖြည်းညင်းစွာ ကိုက်ထားပေးပါ။ (၂-၃)ကြိမ်ခန့် လဲလှယ်ပေးပါက သက်သာနိုင်ပါသည်။
ခြေထောက်ကွဲအက်ယားနာဖြစ်ခြင်းများအတွက် - ရှားစောင်းလက်ပက်ကို ပါးပါးလှီးပြီး ဇလုံထဲထည့်ပါ။ ထိုဇလုံထဲတွင် ရေနွေးထည့်ကာ မိနစ်(၂၀)ခန့်ခြေထောက်စိမ်ထားပေးပါ။ ခြေထောက်တွင် သုတ်လိမ်းပေးခြင်း၊ စိမ်ခြင်းနှစ်မျိုးစလုံးပြုလုပ်ပေးပါက ပိုမိုကောင်းမွန်စေမည်ဖြစ်သည်။
ဓားဒဏ်ရာအတွက်- ရှားစောင်လက်ပက်သည် ပိုးသတ်ပေးနိုင်ခြင်း၊ ရောင်ရမ်းမှု၊ နာကျင်မှု သက်သာ စေနိုင်ခြင်း၊ သွေးတိတ်စေနိုင်ခြင်း၊ ဒဏ်ရာသက်သာပျောက်ကင်းနိုင်မှုမြန်ဆန်ခြင်းစသည့် အကျိုးအာနိသင်များရှိပါသည်။ ထို့ပြင် အမာရွတ်မကျန်စေပါ။ ရှားစောင်လက်ပက်၏လတ်ဆတ်သောအရည်ကို ဒဏ်ရာပေါ်တွင်လိမ်းပေးပါ က နာကျင်မှု ကိုချက်ချင်းသက်သာစေခြင်းနှင့် ချက်ချင်းသွေးတိတ်စေနိုင်ခြင်းစသည့် အကျိုးသက်ရောက်မှုများရှိကြောင်း သိရပါ သည်။
Fu Chan Zhi Hui မှ ကောက်နုတ်ဖော်ပြသည်။