Myanmar မှာ ဝက်ဆိုက်
CCTV သတင်းနေ့စဉ်စိုက်ပျိုးစီးပွားရေးအစီအစဉ် ရွှေလီသံပရာသီးအကြောင်း အထူးသတင်းခေါင်းစဉ်ဖြင့် ထုတ်ပြန်မည်ဖြစ်

  အောက်တိုဘာလ၊ ၂၆ ရက်နေ့မှ နိုဝင်ဘာလ၊ ၂ ရက်နေ့အထိ တရုတ်ဗဟိုရုပ်သံလွှင့်ဌာန CCTV Channel 7 မှ ထုတ်လွှင့်သော နေ့စဉ်စိုက်ပျိုးစီးပွားရေးအစီအစဉ် ရိုက်ကူးရေးအဖွဲ့သည် ရွှေလီမြို့သို့သွားရောက်ကာ သံပရာသီး ထုတ် လုပ်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုအခြေအနေကို လေ့လာကြည့်ရှုခဲ့ပြီး အချိန်(၁၇)မိနစ်ကြာ အထူးသတင်း ခေါင်းစဉ် ဖြင့် ထုတ်ပြန်ရန် ရိုက်ကူးခဲ့ရာ ရွှေလီသံပရာသီးမှ တောက်ပသော အနာဂတ်ပုံရိပ်ဖြင့် တစ်နိုင်ငံလုံးရှိ ပရိတ်သတ် များဖြင့် ဆုံတွေ့နိုင်တော့မည်ဖြစ်ပါသည်။

  CCTV ရုပ်သံရိုက်ကူးအဖွဲ့သည် ရက်သတ္တပတ်ကြာ တိကျစေ့စပ်သောစီစဉ်မှုနှင့် မေးမြန်းတွေ့ဆုံမှုများပြုလုပ်ပြီး နောက် ရွှေလီမြို့အစိုးရသက်ဆိုင်ရာ တာဝန်ရှိသူများ၊ သံပရာသီးစိုက်ပျိုးတောင်သူတစ်ချို့၊ ဝယ်ယူသူ၊ သံပရာသီး ကျွမ်းကျင်ပညာရှင်၊ စား သောက်ဆိုင်စသည်တို့ကိုလည်း သွားရောက်မေးမြန်းခဲ့ကြပါသည်။ ရွှေလီမြို့နေရာအနှံ့ သွားရောက်ခဲ့ပြီး ရွှေလီ သံပရာသီးဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်သမိုင်း၊ လက်ရှိအနေအထားနှင့် အလားအလာတို့ကို လည်း စူးစမ်းလေ့လာခဲ့ကြပါသည်။ အစီအစဉ်မှ ရွှေလီမြို့ ဂေဟပတ်ဝန်းကျင်အခြေအနေ၊ သံပရာသီးစံပြစိုက်ပျိုးရေး၊ သံပရာသီးအမျိုးအစား (၄) မျိုး၏ အချဉ်ဓာတ်စစ်ဆေးနှိုင်းယှဉ်မှု၊ ကြက်သံပရာထုတ်လုပ်မှုစသည့် ကြွယ်ဝ များပြား သောလက်တွေ့ရိုက်ကူးမှုများကို ရိုက်ကူးခဲ့ပါသည်။ ရွှေလီမြို့သံပရာသီးအမျိုးအစား၏အရည်အသွေးနှင့် ထူးခြားသော လက္ခဏာများ၊ ထုတ်ကုန် လုပ်ငန်း၏အကျိုးသက်ရောက်မှု၊ ဒေသန္တရ အစားအသောက် ယဉ်ကျေးမှုဖြင့် ဆက်နွယ် သော ဆွဲဆောင်မှုရှိသောအကြောင်းအရာများကို ဖော်ပြသွားမည်ဖြစ်ကာ တက်ဟုန်းပြည်နယ်ခွဲ ရွှေလီမြို့၏ သာယာ လှပသောပုံရိပ်ကို ဖော်ဆောင်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရပါသည်။

  m.ruili.gov.cn ကောက်နုတ်ဖော်ပြသည်။

新闻推荐