ဆီးချိုရောဂါကို အဓိကအားဖြင့် ဆီးချိုရောဂါအမျိုးအစား(၁)၊ ဆီးချိုရောဂါအမျိုးအစား(၂)၊ အခြားအထူးအမျိုးအ စားပုံစံနှင့် ကိုယ်ဝန်ဆောင်ကာလဆီးချိုရောဂါ ဟူ၍ (၄)မျိုးခွဲခြားထားပါသည်။ မည်သို့သော အုပ်စုအမျိုးအစားသည် ဆီးချိုရောဂါဖြစ်ရန် လွယ်ကူပါသနည်း။
၁။ အသက်(၄၀)နှင့်အထက်။ အထူးသဖြင့် ခန္ဓာကိုယ်အနည်းငယ်ဝသောအုပ်စုများသည် ဆီးချိုရောဂါကို အထူး သတိပြုသင့်သည်။
၂။ မိသားစုဝင်များတွင် ဆီးချိုရောဂါမျိုးရိုးရှိသူများ၊ ဥပမာ- မိဘ၊ သားသမီး၊ ညီအစ်ကိုမောင်နှမ၊ အဒေါ်၊ ဦးလေး၊ ညီအစ်မဝမ်းကွဲ၊ ညီအစ်ကိုဝမ်းကွဲတို့ဖြစ်ပါသည်။
၃။ ညီအစ်မများတွင် ဆီးချိုရောဂါခံစားရသူရှိပါက အထူးသဖြင့် ဆီးချိုရောဂါသည်တစ်ဦးထက်မကရှိပါက ထို ကဲ့သို့သော အုပ်စုတွင် ဖြစ်ပွားရန် အမြင့်မားဆုံးဖြစ်ပြီး အချိန်မှန်ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပေးရန် လိုအပ်ပါ သည်။
၎။ (၄)ကီလိုဂရမ်အထက် ဧရာမကလေးမွေးဖွားဖူးသော အမျိုးသမီးများနှင့် ကိုယ်ဝန်ဆောင်စဉ်အတွင်း ဆီးချို ရောဂါရှိခဲ့ဖူးသော အမျိုးသမီးများသည်လည်း ဆီးချိုရောဂါဖြစ်ပွားမှုနှုန်းအလွန်မြင့်မားပါသည်။ အကယ်၍ မွေးဖွားပြီး နောက် အချိန် မီကြိုတင် ကာကွယ်ကုသခြင်းများမပြုလုပ်ပါက ဆီးချိုရောဂါ သုံးပုံတစ်ပုံခန့် တိုးလာမည်ဖြစ်သည်။
၅။ ခန္ဓာကိုယ်ဝဖြိုးသူအုပ်စုများသည်လည်း ဆီးချိုရောဂါဖြစ်ပွားမှုနှုန်းမြင့်မားပါသည်။ လက်ရှိတိုင်းတာသော စံနှုန်း မှာ ကိုယ်အလေးချိန်နှင့် ခါးပတ်လည်ဖြစ်ပါသည်။ အကယ်၍ စံပြကိုယ်အလေးချိန်ထက် ကျော်လွန်ပါက၊ အမျိုးသား ခါးပတ်လည်(၉၀)စင်တီမီတာအထက်၊ အမျိုးသမီးခါးပတ်လည် (၈၅)စင်တီမီတာအထက်ကျော်လွန်နေပါက အဝလွန် နေသူဟုခေါ်ဆိုနိုင်ပါသည်။ ထိုအမျိုးအစားအုပ်စု၏ ဆီးချိုရောဂါဖြစ်ပွားမှုအန္တရာယ်မှာလည်း သာမာန် ထက် ပိုမိုမြင့် မားပါသည်။
www.yunnan.cn မှကောက်နုတ်ဖော်ပြသည်။