Star Apple အသီးသည် ပြင်ပန်းသဏ္ဍာန်မှာ အဝိုင်းပုံဖြစ်ပြီး အသီးရင့်မှည့်လာလျှင် အခွံမှာ ခရမ်းရောင် ပြောင်း သွားသည်။ အသားမှာ အဖြူရောင်၊ အလင်းတစ်ဝက်ပေါက် ဂျယ်လီကျောက်ကျောကဲ့သို့ဖြစ်ကာ အရသာ ကောင်း မွန်၍ ချိုမွှေးသည်။ မူရင်းထွက်ရှိဇာတိမှာ အပူပိုင်းဒေသအမေရိကားတိုက်နှင့် အနောက်အိန္ဒိယကျွန်းစုဒေသများဖြစ်ပြီး အပူပိုင်းဒေသများတွင် အများဆုံးစိုက်ပျိုးကြသည်။ ၂၀ ရာစု ၁၉၆၀-၁၉၇၀ ခုနှစ်ပိုင်းများတွင် အရှေ့ တောင်အာရှ ဒေသမှ တရုတ်နိုင်ငံသို့ တင်သွင်းခဲ့ကာ ဟိုင်နန်၊ ကွမ်တုံး၊ဖူကျန်နှင့် ယူနန်စသည့် ပြည်နယ်အနှံ့အပြားတွင် စိုက်ပျိုးခဲ့ပါသည်။
၁။ Star Apple ၏စီးပွားရေးအကျိုးသက်ရောက်မှု
Star Apple သည် ထူးခြားသော အပူပိုင်းဒေသသစ်သီးတစ်မျိုးဖြစ်ပြီး အသားနူးညံ့ပြီး အရသာကောင်းမွန်သည်။ အသီးကို လတ်ဆတ်စွာ တိုက်ရိုက်စားသုံးနိုင်သည်သာမက သစ်သီးဖျော်ရည်အဖြစ် အချောကိုင်ထုတ်လုပ်ခြင်း သို့မဟုတ် သစ်သီးခြောက်အဖြစ်လည်း ထုတ်လုပ်စားသုံးနိုင်ပါသည်။ ၎င်းအသီးထုတ်လုပ်နိုင်စွမ်းမှာ ဒေသခံများ အတွက် များပြားသော စီးပွားရေးဝင်ငွေများ ရရှိစေခဲ့ပြီး စီးပွားရေးတန်ဖိုးအလွန်မြင့်မားသော အထူးသစ်သီးဝလံ တစ်မျိုး ဖြစ်ပါသည်။

၂။ Star Apple အာဟာရတန်ဖိုးမြှင့်မားခြင်း
Star Apple သည် အာဟာရတန်ဖိုးအလွန်မြှင့်မားသော အပူပိုင်းဒေသသစ်သီးဖြစ်ပါသည်။ ဤသစ်သီးတွင် သကြားဓာတ်နှင့် ကာဗိုဟိုက်ဒရိတ်ဓာတ်အများအပြားပါဝင်ပြီး ဗီတာမင်ဓာတ်နှင့် အေမီနိုအက်စစ် အများအပြား ပါဝင်သောကြောင့် ဆဲလ်များ၏ အဟောင်းအသစ်အစားထိုးခြင်းနှင့် ပြန်လည်ဖြစ်ပွားခြင်းတို့ကို လျင်မြန်စေကာ ကိုယ်ခန္ဓာကျန်းမာရေးအဆင့်မြင့်တင်ရန်အတွက် ကြီးမားသည့်အထောက်အကူပြုစေကြောင်း သိရပါသည်။
news.1nongjing.com မှကောက်နုတ်ဖော်ပြသည်။
德宏网(dohong.gov.cn) 孔雀之乡 大美德宏