နိုဝင်ဘာလ၊ ၂၀ ရက်နေ့ ညနေပိုင်းတွင် ယူနန်ပြည်နယ် တက်ဟုန်းပြည်နယ်ခွဲ လုံချွမ်းခရိုင် ဟုနုန့်ကျေးရွာအုပ်စု ကော်မတီ ယုလုံကျေးရွာထဲတွင် ကျွမ်းကျင်ပညာရှင်များမှ အဆိုပါခရိုင်အတွင်းရှိ ဆင်းရဲနွမ်းပါးသောမွေးရာပါနှလုံးရောဂါဝေဒနာရှင် (၁၀)ဦးကို နောက်ဆုံးစစ်ဆေးကုသမှုပြုလုပ်ပေးပြီး နှလုံးဝေဒနာရှင်များအား ဆေးရုံသို့ ခွဲစိတ်ကုသခံယူရာတွင် လမ်းခရီးဘေး ကင်းလုံခြုံစေရန်အတွက် လုပ်ဆောင်ပေးခဲ့ကြောင်း သိရှိရပါသည်။ ထိုကလေးများအနက် ဆူးရုန်သည်လည်း တစ်ဦးအပါအ ဝင်ဖြစ်ပါသည်။
အသက်(၃၂)အရွယ် ဆူးရုန်၏မိခင်မှာ မြန်မာလူမျိုးတစ်ဦးဖြစ်ပြီး သူမသည် ကျောင်းပင်မနေခဲ့ဖူးကြောင်း၊ ကလေး (၂)ဦး ရှိပြီး ခင်ပွန်း၏လစာငွေမှာ ကလေး၏ဆေးဖိုးဝါးခအတွက်ပင် မလုံလောက်ကြောင်း ပြောပြခဲ့ပါသည်။ လွန်ခဲ့သော နှစ်ဝက်ခန့်က ယူနန်ပြည်နယ် ဖူဝိုက်ဆေးရုံမှအဖွဲ့ဝင်(၂၈)ဦးပါဝင်သောအဖွဲ့သည် ကျောက်ထုံး၊တက်ဟုန်း၊ဟုန်ဟယ်၊ လင်ချွမ်းစသည့် ပြည် နယ်ခွဲ(၄)ခုတွင် မွေးရာပါနှလုံးရောဂါဝေဒနာရှင်များကို ရွေးချယ်စစ်ဆေးကုသမှုလုပ်ငန်းကို စတင်လုပ်ဆောင်ခဲ့ပါသည်။ ထို အနက် ရွေးချယ်ရေးအဖွဲ့မှ တက်ဟုန်းပြည်နယ်ခွဲတွင် ကလေးဝေဒနာရှင်ပေါင်း (၁၃၉၁၇၈)ဦးကို စစ်ဆေးပေးခဲ့ပြီး ဝေဒနာရှင် ပေါင်း(၃၃၃)ဦးကို ရှာဖွေစစ်ဆေးကာ ကုသပေးရန် အတည်ပြုဆုံးဖြတ် ပေးခဲ့ပါသည်။ လက်ရှိတွင် ကလေးဝေဒနာ ရှင်ပေါင်း (၁၇၁)ဦးကို အောင်မြင်စွာကုသပေးနိုင်ခဲ့ပြီး ထိုအနက် (၁၃၅)ဦးမှာ ပျောက်ကင်းပြီး ဆေးရုံမှဆင်းသွားပြီဖြစ်ကြောင်း သိရပါ သည်။
တစ်ကြိမ်ကူညီခြင်းဖြင့် ဘဝတစ်သက် အသက်ကယ်တင်နိုင်မည်ဖြစ်ပြီး အိမ်ထောင်စုတစ်ခုအတွက် နွေးထွေး မှုကို ပေးအပ်စေမည်ဖြစ်သည်။ မွေးရာပါနှလုံးရောဂါဝေဒနာရှင်များအား အချိန်မီကုသမှုပေးပြီးနောက် အခြားကလေးများအတိုင်း ကျန်းမာသန်စွမ်းစွာ သင်ယူ၊ နေထိုင်၊ ကြီးထွားလာစေနိုင်ရန် မျှော်လင့်ထားပါသည်။
www.yunnan.cn မှ ကောက်နုတ်ဖော်ပြသည်။