တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့သည် ရက်ပေါင်းများစွာ ဆက်တိုက်ရာသီဥတုအပူချိန်များ ကျဆင်းခဲ့ပြီး ပြည်သူပြည် သားများမှာ ဂွမ်းကပ်အင်္ကျီများကို မဖြစ်မနေဝတ်ဆင်ကြရပါသည်။ နိုဝင်ဘာလ၊ ၂၄ ရက်နေ့ ညနေ (၈) နာရီတွင် ကူမင်းအလှ စေတနာ့ဝန်ထမ်းများမှ ဆောင်းရာသီအအေးဒဏ်ကို အံတုကာ လေလွှင့်နေထိုင်သူများအတွက် ဂွမ်းကပ်အင်္ကျီ၊ အတွင်းခံအနွေး ထည်စသည်တို့ကို ပေးပို့ပေးခဲ့ပြီး နွေးထွေးမှု၊ ဂရုစိုက်စောင့်ရှောက်မှုများ ပို့ဆောင် ပေးနိုင်ခဲ့ပါသည်။ ပေးပို့သည်မှာ ကူမင်း ပြည်သူ ပြည်သားများ၏ လူထုအကျိုးပြုစွမ်းအားများနှင့် အပြုသဘော ဆောင် စွမ်းအင်များပေးဆောင်ခြင်းပင် ဖြစ်သည်။
ကူမင်းအလှမှ လေလွှင့်နေထိုင်သူများကို ဆွေမျိုးသားချင်းများကဲ့သို့ ဆက်ဆံသဘောထားပြီး ၂၀၁၀ ခုနှစ်မှ စတင်ကာ ဆောင်းရာသီတွင် လေလွှင့်သူများကို ဂွမ်းကပ်အင်္ကျီပေးပို့ခြင်းများပြုလုပ်လေ့ရှိပြီး ဂွမ်းကပ်အင်္ကျီ တစ်ထည် ဖြင့် ကူမင်းမြို့ကို နွေးထွေးစေမည်ဖြစ်သည်။ ထိုနေ့ညနေခင်းတွင် ကူမင်းအလှ စေတနာ့ဝန်ထမ်းမှ ဂွမ်းကပ်အင်္ကျီ(၁၀) ထည်နှင့် အတွင်းခံအ နွေးထည်(၁၀)ထည်ကို သီးသန့်သွားရောက်ဝယ်ယူခဲ့ပါသည်။ ကူမင်းအလှမှ လေလွှင့်သူများအား ဂွမ်းကပ်အင်္ကျီပေးပို့ သည့် လှုပ်ရှားမှု စေတနာ့ဝန်ထမ်းများ၏ တက်ကြွသောတုံ့ပြန်မှုများကို ရရှိခဲ့ပြီး အနယ်နယ်အရပ်ရပ်မှ လာသော စေတနာ့ ဝန်ထမ်း ပေါင်း(၈)ဦး လာရောက်ခဲ့ကြောင်း သိရပါသည်။ တရုတ်နိုင်ငံ စီချွမ်းမှလာသော လေလွှင့်သူတစ်ဦးမှာ ယခုနှစ်တွင် အသက်(၈၀) ရှိပြီဖြစ်ကာ ကူမင်းမြို့သို့ရောက်ရှိသည်မှာ နှစ်ပေါင်းများစွာကြာမြင့် ပြီဖြစ်သည်။ ဂွမ်းကပ် စောင်ပါးပါးလေးဖြင့် ဆောင်းရာသီတွင် အအေးဓာတ်ကို ခုခံနေရပါသည်။ ဂွမ်းကပ်အင်္ကျီ အနွေးထည်များကို ရရှိပြီးနောက် အကြိမ်ကြိမ်ကျေးဇူးတင်ခဲ့ပါသည်။ တရုတ် နိုင်ငံ ကွေ့ကျိုးမှလာသော လေလွှင့်သူ သည် အတွင်းခံအနွေးထည် များကို လက်ခံရယူပြီးနောက် ယနေ့ညအိပ်လျှင် မအေးချမ်း တော့ဘူးဟု စိတ်လှုပ်ရှားစွာ ပြောကြားခဲ့ကြောင်း သိရပါသည်။
www.kuming.cn မှ ကောက်နုတ်ဖော်ပြသည်။