ဘီယာကို ကောက်ပဲသီးနှံများဖြင့် ထုတ်လုပ်ထားခြင်းဖြစ်သည်ဟု အများက သိသော်ငြားလည်း အားလုံးက ဘီယာသည် အပူဓာတ်နှင့်အဆီဓာတ်ပါဝင်မှုမြှင့်မားသည်ဟု မှတ်ယူကြသည်။ ပိုလို့ဆိုရလျှင် ဘီယာဗိုက်သည် ဘီယာသောက်သုံးခြင်းကြောင့်ဖြစ်သည်ဟုလည်း ယူဆကြသည်။ ဤသို့ဆိုလျှင် ဘီယာသည် ကမ္ဘာပေါ် တွင် နား လည်မှုလွှဲမှားခြင်းအခံရဆုံးသော ဖျော်ရည်တစ်မျိုးပင်ဖြစ်သည်။
စစ်တမ်းကောက်ချက်များအရ ၉၀%သော အင်္ဂလန်ပြည်သူပြည်သားများက ဘီယာပိုင့်ဝက်၏အပူဓာတ်ပါဝင်မှုမှာ စပျစ်ဝိုင်တစ်ခွက်ထက်မြင့်သည်ဟု ယူဆကြသည်။ သို့သော် လက်တွေ့မှာမူ ပြောင်းပြန်ဖြစ်နေသည်။ အရက် တစ် ပုလင်း၏ အပူဓာတ်မှာ (၁၈၂)ကယ်လိုရီရှိပြီး စပျစ်ဝိုင်တစ်ခွက်၏(၁၉၇)ကယ်လိုရီထက် နည်းပါးသည်။ အခြား သကြားပါသော ဖျော်ရည်များနှင့်နှိုင်းယှဉ်ပါက ဘီယာ၏အားသာချက် ပိုမိုသိသာထင်ရှားပါသည်။ ပမာဏ တူညီ သော သစ်သီးဖျော်ရည်၊ အချိုရည်များတွင် ပါဝင်သောအပူဓာတ်မှာ ဘီယာထက်မြှင့်ကြောင်း သိရပါသည်။
ဘီယာတစ်ပုလင်းလျှင် သကြား(၂.၅)ဂရမ်သာရှိပြီး ကိုကာကိုလာတစ်ပုလင်းပါဝင်သော သကြား(၃၄)ဂရမ် ထက်နည်းပါးသည်။ လက်တီးကော်ဖီတစ်ခွက်လျှင် သကြားပါဝင်မှု(၂၁)ဂရမ်ရှိသောကြောင့် ဘီယာသည် ပိုမို ကျန်းမာ သောဖျော်ရည်ဖြစ်သည်ဟု ဆိုနိုင်ပါသည်။
အမှန်တကယ်တော့ ဘီယာဗိုက်ဖြစ်လာရခြင်း၏ ရည်ရွယ်ချက်မှာ စားသုံးမှု အလေ့အထ မလျော်ညီသော ကြောင့်ဖြစ်ပြီး ဘီယာဖြင့် တိုက်ရိုက်ဆက်စပ်မှုမရှိပါ။ သုတေသနဖော်ပြချက်များအရ ဘီယာဗိုက်သည် အမျိုးသား၏ မျိုးရိုးဗီဇနှင့်ပတ်သက်နေပါသည်။ ဘီယာသောက်သုံးရန် နှစ်သက်သူများ၏ ဘီယာဗိုက်ဖြစ်ပေါ်ခြင်းနှင့် ဝဖြိုးခြင်းမှာ ဘီယာမသောက်သူထက် ပိုမိုမြှင့်မားခြင်းမရှိကြောင်း သိရပါသည်။ မည်သို့ပင်ဆိုစေ ကျန်းမာရေးနှင့်ညီညွှတ်စေရန် မည်သည့်ဖျော်ရည်ကိုမဆို အလွန့်အကျွံ့မသောက်သုံးသင့်ပါ။
www.1nongjing.com မှကောက်နုတ်ဖော်ပြထားသည်။